အလူမီနီယံနောက်ကျောနဲ့ ထုတ်လုပ်တဲ့ ဟန်းဆက်တွေ ခေတ်စားနေတဲ့အချိန်မှာ HTC ကလည်း အားကျမခံ အလူမီနီယံနောက်ကျော နဲ့ ပြုလုပ်ထားတဲ့ HTC One M8 ကို ထုတ်လုပ်လိုက်ပါတယ်။ စွမ်းအင်ပြည့်ဝတဲ့ Quad-Core Processor ရဲ့ လုပ်ဆောင်ချက်တွေကို ၅ လက်မ ကျယ်တဲ့ မျက်နှာပြင်မှာ ခံစားလို့ရတဲ့ ဟန်းဆက်တစ်လုံးဖြစ်ပါတယ်။
ဒီဟန်းဆက်ရဲ့ ဒီဇိုင်းကတော့ မူလ HTC One ကို အနောက်ဘက်မှာ အနည်းငယ်ကွေးလိုက် တဲ့ ပုံစံပါ။ အလူမီနီယံနောက်ကျောကို သုံးထားပေမဲ့လည်း သူ့ရဲ့ဒီဇိုင်းက သေသပ်၊ခိုင်မာ ပြီး လှပပါတယ်။ ၅ လက်မကျယ်တဲ့ မျက်နှာပြင်ပေါ်မှာ 1920 x 1080 Pixel ရှိတဲ့ HD ကြည်လင်ပြတ်သားမှုကို ရနိုင်ပါတယ်။
Google ရဲ့ Android 4.4.2 စနစ်ကိုသုံးပေးထားပြီး Gmail, Google Plus, Drive File, Chrome Browser တို့လို app တွေကိုလည်း ထည့်သွင်းပေးထားပါတယ်။ HTC ရဲ့ ထုံးစံအတိုင်း ကိုယ်ပိုင် Feature တစ်ခုဖြစ်တဲ့ Blinkfeed ဆိုတဲ့ မဂ္ဂဇင်းတစ်ခုလို အသုံးပြုနိုင်တဲ့ app လည်းပါဝင်ပါတယ်။ ဒီဟန်းဆက် ကို GSM ၊ WCDMA ကွန်ယက်တွေနဲ့ အသုံးပြုနိုင်ပါတယ်။ ကျယ်လောင်တဲ့ စပီကာနဲ့ အတူ HTC ရဲ့ Depth-sensing ကင်မရာလည်း ပါဝင်ပါတယ်။
ဒီဟန်းဆက်ရဲ့အားနည်းချက်တွေကတော့ ဘက်ထရီ ဖြုတ်လဲလို့ မရနိုင်တာပါပဲ။ ဘက်ထရီ ပျက်သွားခဲ့သည်ရှိသော် ဟန်းဆက်ပျက်သွားတယ်လို့ မှတ်ယူရပါလိမ့်မယ်။ Sony ရဲ့ အချို့နဲ့ တူညီပါတယ်။ နောက်တစ်ခုကတော့ ရေစိုခံစနစ် မပါဝင်ပါဘူး။ ဒီဟန်းဆက်ရဲ့ ဈေးနှုန်းကတော့ ပါဝင်ပစ္စည်းပေါ်မူတည်ပြီး ဒေါ်လာ ၁၅၀ ကနေ စပြီး တန်ဖိုးရှိတယ်လို့သိရပါတယ်။
Ref:cnet.com
Source:trend.com.mm

0 comments:
Post a Comment