ဒီနှစ် အကယ်ဒမီ ပေးပွဲ အကြောင်း ပြောပြတဲ့ နောက်ဆုံး အဆင့် အကယ်ဒမီ ရွေးချယ်ရေး အဖွဲ့ဝင် မို့မို့မြင့်အောင်

ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ရိုက်ကူးနေတဲ့ “နဂါးငွေ့ တန်း” ဇာတ်ကားကို မို့မို့မြင့်အောင်က ရန်အောင်၊ ပြေတီဦး၊ ချစ်သုဝေ တို့ နဲ့ အတူ ရိုက်ကူးနေပါတယ်။ ဒီဇာတ် ကားလေးက မိဘရဲ့ မေတ္တာကို ဖော်ကျူး ထားတဲ့ ဇာတ်ကားလေးဖြစ် ပါတယ်။ ဒီနှစ် အကယ်ဒမီပေးပွဲ မှာ မို့မို့မြင့်အောင် က နောက်ဆုံး အဆင့် အကယ်ဒမီ စိစစ် အကဲဖြတ်ရေး အဖွဲ့ ဝင်ထဲ ပါဝင်ပါတယ်။ ရွေးချယ် ထားတဲ့ အခါမှာ အသက် ငယ်တာ၊ ကြီးတာ ဆုများတာ၊ မများတာမျိုး မဟုတ်ဘဲ နဲ့ တကယ်တော်တဲ့ တတ်တဲ့ သူတွေကို ပဲ ရွေးချယ် ပေးစေချင် ပါတယ်လို့ မို့မို့မြင့်အောင်က ဆိုပါတယ်။ “မမို့က အမှန်တိုင်း ပြောရရင် ရွေးချယ်တဲ့ အထဲမှာ မပါချင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သရုပ်ဆောင် တွေကို ချစ်တဲ့ ပရိသတ်တွေ ကလည်း အများကြီး ရှိတယ်။ သူ့မင်း သား၊ ကိုယ့်မင်းသမီး ဆိုတာလေးတွေ ရှိကြ တဲ့ အတွက်ကြောင့် မပါချင်ဘူး။ သရုပ်ဆောင် ပညာရပ် အနေနဲ့ အမှတ်ပေးလို့ ကိုယ်ချစ်တဲ့ သူတွေ ပရိသတ်တွေ ကိုယ့်ကို မုန်းသွား မှာ လည်း ကြောက်တယ်။ ဒါပေမဲ့ သူတို့ ကလည်း ပညာရှင် တအားရှားပါး နေတယ်။ ကျွန်တော်တို့ အစည်း အရုံးကလည်း စပြီး လုပ်ရမှာမို့လို့ မမို့ရယ် ကူညီပါ လို့ ပြောတယ်။ ပြီးတော့ ဒီလို ရွေးချယ်ဆု ပေးတယ်ဆို တာ ကိုယ် တစ်ဦး တစ်ယောက်တည်း ရဲ့ ဆန္ဒနဲ့လည်း မဖြစ်ဘူး။ အများရဲ့ ဆုံးဖြတ်ချက် နဲ့ပဲ ယူမှာပါ။ ကိုယ်က လည်း အများရဲ့ ဆုံးဖြတ်ချက်နဲ့ဆို ရင်တော့ လုပ်ပေးပါမယ် ဆိုပြီး ပါဝင် ဖြစ်သွားတယ်။ ဒါပေမဲ့ မမို့က အစည်းအဝေး မှာ ပြောဖူးပါတယ်။ တော်နေ ပြီးတော့လည်း မ ရတာတို့ သူကတော့ များနေပြီ မပေးဘူးတို့ သူကတော့ ငယ်ပါသေးတယ်။ နောက်ရမှာမို့ မပေးဘူး ဆိုတာမျိုး တွေတော့ မရှိပါဘူး။ ငယ်ရင်ငယ် ပါစေ တော်ရင် လည်း ပေးရမှာပဲ။ ပညာရှင်ကို ပညာရှင် အလျောက်ပဲ ပေးစေချင်ပါတယ်” လို့ ပြောပါတယ်။ ဒီနှစ် အကယ်ဒမီ ပေးပွဲကို အစည်းအရုံး ကပဲ အားလုံး တာဝန်ယူ လုပ်ဆောင် သွားမှာဖြစ်တဲ့ အတွက် အခုချိန် ကတည်း ကစပြီးပွဲ အတွက် အစီအစဉ်တွေ ကို စတင်ပြင် ဆင်နေ တယ် လို့ မို့မို့မြင့်အောင်က ပြောပါတယ်။ “ကိုလူမင်း မှာတော့ ပိုပြီး တာဝန် ကြီးတယ်။ ပွဲအခင်း အကျင်း လေးတွေကို မမို့တို့ လက်ပြောင်းယူ တဲ့အခါ ကျတော့ ဘာပဲပြောပြော ပင်ပန်းပါတယ်။ ကိုလူမင်း ကိုဝိုင်း ပြီး ကူညီ လုပ်ပေး ရတယ်။ ကိုယ်ကလည်း တကယ် အကယ်ဒမီ ရွေးချယ်တဲ့အထဲမှ ပါတော့လည်း မနေသာ တော့ဘဲ ဝင်ပြီး လုပ်ရတယ်။ ကိုယ်တွေ လောက သားတွေ အတွက် ပဲလုပ်ရတယ်။ ဘာပဲ ပြောပြော အစည်းအရုံး ကလက်ပြောင်း ယူလိုက်ပြီ ဆိုတော့ လုပ်မယ့် သူက မရှိဘူးဖြစ် နေတယ်။ ကိုယ်ငြင်းဆန် ခွင့်မရှိ ဘူးဖြစ်သွား တယ်။ ဘာဖြစ်လို့လဲ ဆိုတော့မ ကျန်းမာ တဲ့ ဝါရင့် အနုပညာရှင်ကြီး တွေလည်း ရှိကြတယ်။ မလာနိုင်တဲ့ ဝါရင့်ကြီးတွေ လည်းရှိကြတယ် ။ပြီးတော့ ကိုယ့်ကား လည်း မပါ တော့ မလွဲသာ မရှောင်သာနဲ့ ဝင်ပြီး ရပ်တည်ပေးလိုက်တာပါ။ ဒီနှစ်ပဲ အကယ်ဒမီ ပေးပွဲကို နည်းနည်း ထူးဆန်းတဲ့ အစီအစဉ်လေးတွေ လုပ်ဖြစ် ဖို့တော့ကို လူမင်းနဲ့ တိုင်ပင် ထားတယ်။ သီချင်းတွေ ဘာတွေလည်း ကြိုသွင်းဖို့ စီစဉ်ထားတယ်။ အစည်း အရုံးက အကုန် လွှဲပြောင်းတဲ့အ တွက်ကြောင့်ဖို့ အပြောင်းအလဲတွေ လုပ်သွား မှာတော့ သေချာပါတယ်” လို့ အကယ်ဒမီ ပေးပွဲနဲ့ ပတ်သက်ပြီး မို့မို့မြင့် အောင်က ပြောပြပါတယ်။ လွင်လွင်ထွန်း Source : popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment