ကျွန်မနဲ့ ဘန်ကောက်


တကယ်တော့ ကျွန်မနဲ့ ဘန်ကောက်က သူစိမ်းပြင်ပြင်ပါပဲ။ ဘန်ကောက်မှာ အသိအကျွမ်းကလည်းမရှိ၊ ဟိုဟိုသည်သည် လိုက်ပို့ပေးမယ့် သူကလည်း မရှိဆိုတော့ ကျွန်မမှာ တကယ်ပဲ စိတ်အားငယ်မိရပါတယ်။ လေယာဉ်ကွင်းပေါ်က အဆင်း၊ ဘန်ကောက်မြေကို ခြေချမိတာနဲ့ ကျွန်မရဲ့ စိတ်အားငယ်မှုတွေဟာ တစ်ဝက်လောက် ကို လျော့ကျသွားပါတော့တယ်။ ဘာဖြစ်လို့လဲဆိုတော့ မြင်တွေ့ရတဲ့ မျက်နှာတွေ၊ သစ်ပင်တွေ၊ ရာသီဥတုနဲ့ ရှူရှိုက်ရတဲ့ လေတွေဟာ ကျွန်မတို့နိုင်ငံနဲ့ သိပ်မကွာလှ ဘူးလေ။
ထိုင်းနိုင်ငံသားတွေဟာ ကျွန်မတို့ မြန်မာတွေနဲ့ တော်တော်ဆင်ပါတယ်။ အသားအရေ၊ မျက်နှာပေါက်၊ ကိုယ်လုံးကိုယ်ထည်နဲ့ ဆံပင်တွေက မြန်မာနဲ့ သိပ်မကွာပါဘူး။ တချို့ သိပ်အသားဖြူ လွန်းတဲ့သူတွေက လွဲရင်ပေါ့လေ။ ထူးခြားတာကတော့ သူတို့တွေရဲ့ မျက်နှာပေါ်က အပြုံးတွေ။ ဘယ်သူကြည့်လိုက် ကြည့်လိုက် အပြုံး မျက်နှာေ တွနဲ့။ လွတ်လပ်ပေါ့ပါးစွာ ဘဝကို ဖြတ်သန်းနိုင်ကြသူတွေလို သက်သောင့်သက်သာ ရှိနေကြတာ။ အပူသောကတွေ၊ ကျပ်တည်းခက်ခဲမှုတွေနဲ့ လားလားမှ သက်ဆိုင်မှု မရှိကြသလိုပါပဲ။ အပူရုပ်မဟုတ်တဲ့ သူတို့တွေကိုကြည့်ပြီး ကျွန်မတို့ နိုင်ငံသားတွေရဲ့မျက်နှာတွေကို ပြေးမြင်မိပါတော့တယ်။
ရာသီဥတုကလည်း နည်းနည်းလေး ပိုပူတာကလွဲလို့ သိပ်တော့ မကွာလှပါဘူး။ သစ်ပင်တွေဆိုရင်လည်း ကျွန်မတို့ဆီက အတိုင်းပါပဲ။ ကုက္ကို၊ သရက်၊ ဗာဒံပင်တွေက အစ မြန်မာ့ရှုခင်းပါပဲ။ စက္ကူပန်းပင် ရောင်စုံတွေကိုတော့ ရုံးရှေ့၊ အိမ်ရှေ့နေရာအတော်များများမှာ အလှစိုက်ထားကြတာ စနစ်ကျလှပါတယ်။မြန်မာနဲ့ ကွာခြားသွားတာ ကတော့ အဆောက်အအုံ၊ လမ်းနဲ့ကားတွေပါ။ မြင့်မားလွန်းလှတဲ့ အဆောက်အအုံတွေက မရေမတွက်နိုင်အောင် များပြားလို့။ ကားလမ်းတွေက ခုံးတံတားတွေ အသွယ် သွယ်နဲ့ နှစ်ထပ်၊ သုံးထပ် ခွေခေါက်လို့။ ကျွန်မအနေနဲ့ကတော့ တောသားမြို့ရောက်သလိုပါပဲ။ ကားတွေကလည်း သစ်လွင်တောက်ပလို့၊ TAXI  တွေဆိုလည်း အဲကွန်းနဲ့ ကားသစ်တွေပဲ။ ကားဟောင်းကားစုတ်ဆိုတာ ဘယ်မှာမှမရှိ။ ကားအရောင်းဆိုင်တွေကလည်း ပေါများချက်က ကျွန်မတို့ဆီက ကွမ်းယာဆိုင်တွေ ပေါသ လိုကို ပေါကြ တာအားကျစရာပါ။ လူသွားလမ်းတွေကလည်း ကွန်ကရစ်လမ်းတွေ။ လမ်းပေါ်မှာ အမှိုက်တွေမရှိ၊ လမ်းထိပ်တိုင်းမှာ အမှိုက်ပုံးကြီးတွေ ရှိကြတယ်။
စိတ်အချမ်းသာဆုံးကတော့ ဘတ်စ်ကားစီးရတဲ့အချိန်ပဲ။ ဘတ်စ်ကားတစ်စီးမှာ လူ ၂ဝ၊ ၃ဝ လောက်ပဲပါတယ်။ ကားသေးတွေဆိုရင် (ကျွန်မတို့ဆီက ဘီ အမ် အရွယ် အစား) လူဆယ်ယောက် လောက်ပဲရှိတယ်။ မနက်ပိုင်း သင်တန်းသွားဖို့ ကားပေါ်တက်လိုက်တယ်ဆိုရင်ပဲ ထိုင်ခုံလွတ်တွေက ကျွန်မ ကို လှောင်ပြော င်နေကြ သ လိုပါပဲ။ ကျွန်မတို့ဆီမှာက ရုံးတက်၊ ရုံးဆင်းချိန်မှာ နေရာရဖို့ မပြောနဲ့၊ ခြေနှစ်ချောင်း မတ်မတ်ရပ်နိုင်ရေးကိုပဲ အားထုတ်နေရတာလေ။ အိမ်ကနေပြင် ဆင်ပြီး ကြော့ေ ကြာ့ေ လးထွက်ပေမယ့် ကားပေါ်မှာ နင်လား ငါလားတိုးဝှေ့စီးပြီးမှ အလုပ်ကိုရောက် ကြရတာ။
ဘန်ကောက်မှာတော့ ရုံးချိန်တွေမှာ ကားခမပေးဘဲစီးခွင့်ရတဲ့ Free Line တွေ ရှိတယ်။ အဲဒီကားတွေက စပါယ်ယာမပါဘူး။ ကိုယ်က အေးအေးဆေးဆေး တက်ထိုင်ပြီး စီးသွားရုံပဲ။ သူများတွေလိုပဲ ခပ်တည်တည်နဲ့ ကြော့ကြော့လေး ထိုင်နေရင်းက ကိုယ့်ပြည်သူ၊ ပြည်သားတွေ ဘတ်စ်ကားတိုးစီးရတဲ့ဘဝ၊ စပါယ်ယာအငေါက်ခံရတဲ့ ဘ ဝတွေကိုတွေးမိပြီး မျက်ရည်ဝဲသွားတော့တယ်။
ဘတ်စ်ကားတွေက ချောင်ပေမယ့် မိုးပျံရထား Sky Train မှာတော့ အမြဲပဲ လူပြည့်နေတတ်တယ်။ ရထားက ငါးမိနစ်တစ်စီးရှိပြီး မြန်လည်းမြန်၊ အချိန်လည်း မှန်တယ်။ ကားစီးရင်း ကားလမ်းပိတ်တာနဲ့ ကြုံရသေးတော့ ရထားပဲအစီးများကြတယ်။ ကျွန်မလည်း မိုးပျံရထား စီးရတာကို တော်တော် သဘောကျတယ်။ ရထားတွေက ဂျုန်းဂျုန်း ဂျက်ဂျက် လှုပ်လှီလှုပ်လှဲ့ မဟုတ်ဘဲ ငြိမ်ငြိမ်ကလေးနဲ့ ငြိမ့်ငြိမ့်ကလေးစီးရတာ။ ရထားထဲမှာလည်း အဲကွန်းနဲ့ မွှေးမြနေသေး။ တီဗီတွေကလည်း မရေ တွက်နိုင်အောင် တပ် ထားသေး၊ အခု ရပ်မယ့်ဘူတာအမည်၊ နောက်ရပ်မယ့် ဘူတာအမည်တွေကို ကြေညာပေးတယ်။ ဘန်ကောက်နဲ့ စိမ်းတဲ့ ကျွန်မတို့လိုလူတွေအတွက် အဆင်ပြေတာပေါ့။
ကားလမ်းတွေက ကျဉ်းတော့ ကားလမ်းပိတ်နေရင် ဆိုင်ကယ်တွေက လူသွားလမ်းပေါ်ကိုတက်ပြီး မောင်းကြတယ်။ လမ်းလျှောက်တဲ့သူက ဆိုင်ကယ် သံနား စွင့်ပြီး ရှောင်ပေတော့ပဲ။ ပြီးတော့ လမ်းဘေးဈေးသည် အတော်များများက အင်္ဂလိပ်စာ အခြေခံအားနည်းလွန်းကြတာ တွေ့ရတယ်။ အင်္ဂလိပ်လို How much ကို မသိ သူတွေ၊ One hundred, Two hundred ကို မသိကြသူတွေ တော်တော်များတယ်။
ထူးခြားတာက ဘန်ကောက်မှာ လက်ဖက်ရည်ဆိုင်မရှိဘူး။ ကော်ဖီဆိုင်ပဲ ရှိတယ်။ ရာသီဥတုက နည်းနည်းပူတော့ သူတို့တွေ ရေခဲသိပ်စားကြတယ်။ မိုးလင်း သူ တို့ေ သာက်တဲ့ ကော်ဖီက ကော်ဖီအေးတွေပဲ။ စားသောက်ဆိုင်တွေမှာလည်း ရေခဲခွက်တွေ ဖောဖောသီသီ ပေးတယ်။ ရေခဲမုန့်၊ ရေခဲသုပ်ဆိုတာလည်း တွန်းလှည်း ကေ လးေ တြ နဲ့ နေရာအနှံ့ရှိတယ်။ အရသာလည်းရှိ၊ ဈေးလည်းချိုတယ်။ တစ်ဆယ်ဘတ်တန် ရေခဲမုန့်ကို ဝယ်စားမိတော့ တစ်ရာတန်၊ နှစ်ရာတန် ခွက်ကလေးတွေနဲ့ အရ သာ မရှိ တဲ့ ရေခဲမုန့်ကိုပဲ စားနေကြရတဲ့ကျွန်မတို့ဆီက ကလေးတွေကို ပြေးပြီး သတိရမိပြန်ရော။
ကျွန်မအတွက်တော့ ဘန်ကောက် ခရီးစဉ်ဟာ ပျော်စရာပါ။ အစစအရာရာ ဈေးချိုပြီး နေပျော်တဲ့နေရာပါပဲ။ လှပတဲ့ ဘန်ကောက်မြို့ရဲ့ တိုးတက်ခေတ်မီမှုတွေ မြင်ရတော့ ကိုယ့်နိုင်ငံအတွက် စိတ်အားငယ်မိရပါတယ်။ တကယ်တော့ ၁၉၇ဝ ခုနှစ်အထိ မြန်မာနဲ့ ထိုင်းဟာ စီးပွားရေးမှာ အတူတူပဲလို့ သိရပါတယ်။ ၁၉၇ဝ နောက်ပိုင်း ကျမှ ထိုင်း က စီးပွားရေးထိုးတက်သွားတာဆိုတော့ အခုဆိုရင် ကျွန်မတို့က နှစ်လေးဆယ်လောက် နောက်ကျကျန် ရစ်ခဲ့တာပေါ့။
တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ကျွန်မတို့ နိုင်ငံလည်း ထိုင်းလိုလှပတဲ့၊ ခေတ်မီတိုးတက်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာရ ဦးမှာပါ။ အဲဒီကျရင် ထိုင်းပြည်သူပြည် သားတွေလိုပဲ ကျွန်မ တို့ မြန်မာပြည်သူ ပြည်သားတွေရဲ့ မျက်နှာတွေမှာ အပြုံးပန်းတွေဝေလို့၊ ဘဝကိုကြောင့်ကြမှု ကင်းစွာ၊ လွတ်လပ်ပေါ့ပါးစွာ ဖြတ်သန်း နိုင်ကြလို့ အပူရုပ်ကို ဟန် လုပ်နေကြသူမျိုး မဟုတ်တော့မှာ အသေအချာပါ။
ခွန်းဆင့်သူသူ  
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment