အင်ဒိုနီးရှား အစွန်းရောက်များက နိုင်ငံခြားသားများကို ပစ်မှတ်ထား တိုက်ခိုက်လာနိုင်


အင်ဒိုနီးရှားတွင် ရှိသော အစွန်းရောက်စစ်သွေးကြွများက အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ ISကို သစ္စာခံကြောင်း  ကတိပြုထား သဖြင့် အင်ဒိုနီးရှား တွင် နိုင်ငံခြား သားများသည် ယင်းစစ်သွေးကြွများ၏ ပစ်မှတ်ဖြစ်လာနိုင်ကြောင်း ပညာရှင် အဖွဲ့တစ်ခုက  ပြောကြားလိုက်သည်ဟု စက်တင်ဘာ ၂၅ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဂျကာတာ အခြေစိုက် ပဋိပက္ခဆိုင်ရာ မူဝါဒများဆန်းစစ်လေ့လာရေး  အင်စတီကျူ ၏ အစီအရင်ခံစာတွင် ဆီးရီးယားရှိ အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ကို ဆက် သွယ် ထားသော အင်ဒိုနီးရှားနှင့် မလေးရှားတို့မှ စစ်သွေးကြွတိုက်ခိုက်ရေး သမားများသည် အင်ဒိုနီးရှားတွင် စစ်ဘက်တပ်ဖွဲ့တစ်ခု ဖွဲ့စည်းထားပုံ ရပြီး အရှေ့တောင် အာရှရှိ စစ်သွေးကြွ ကွန်ရက်များကို အင်အား တောင့်တင်းအောင် လုပ်ဆောင်နေဖွယ် ရှိကြောင်း ဖော်ပြ သတိပေးထားသည်။
လွန်ခဲ့သော ဆယ်စုနှစ်အတွင်း အင်ဒိုနီးရှားတွင် နိုင်ငံခြားသားများအား ဆက်တိုက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြပြီးနောက် အင်ဒိုနီးရှားမှ အစွန်းရောက်များသည် မကြာသေးမီ နှစ်များ အတွင်းက ပြည်တွင်းမှ ' အစ္စလာမ်ဝါဒ ရန်သူများအား (အများစုက ရဲများဖြစ်သည်) အကြမ်းဖက်တိုက်ခိုက်ရန် ရည်မှန်းချက် ထားလာခဲ့သည်။ ဂျကာတာတွင် လူခုနှစ်ဦး သေဆုံးခဲ့သည့် ဟိုတယ် ညီနောင် ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွားခဲ့သော ၂၀၀၉ ခုနှစ် နောက်ပိုင်းတွင် နိုင်ငံခြားသားများ တိုက်ခိုက်မှုများ မပြုခဲ့ကြပေ။
သို့ရာတွင် သြဇာရှိသော ဘာသာရေး ဆရာများနှင့် အစ္စလာမ်မစ် အဖွဲ့အစည်းများက အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ ကို အားပေး ထောက်ခံလာခြင်းနှင့် အင်ဒိုနီးရှား စစ်သွေးကြွများက အနောက်နိုင်ငံသားများအား တိုက်ခိုက်ရန်  တောင်းဆိုလာမှုများက သတိထားစရာများ ဖြစ်လာကြောင်း ထိုအစီအရင်ခံစာတွင် ဆိုထားသည်။
အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ ၏ ပြောရေးဆိုခွင့်ရှိ အဘူမိုဟာမက်က ဗီရိုရုပ်သံဖိုင် တစ်ခုတွင် ၎င်းတို့၏ နောက်လိုက် များအား အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ ကို တိုက်ခိုက်နေသည့် ညွှန့်ပေါင်း အဖွဲ့တွင် ပါဝင်သည့် နိုင်ငံများမှအနောက်နိုင်ငံသားများအား သတ်ဖြတ်ရန်တိုက်တွန်းထားသည်။
အင်ဒိုနီးရှား ရှိ အစွန်းရောက်များ၏ စွမ်းရည်က နိမ့်ကျဆဲပင်ဖြစ်သော်လည်း အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ ကို သစ္စာခံသွားမည် လို့ ပြောထားခြင်း က သေလောက်ဖွယ် အန္တရာယ်မျိုးပြုလာနိုင်ကြောင်းလည်း ပဋိပက္ခဆိုင်ရာ မူဝါဒများဆန်းစစ်လေ့လာရေး  အင်စတီကျူ့မှ ဒါရိုက်တာ ဆစ်ဒနီ ဂျူနီက ပြောသည်။
Source:mizzimaburmese.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment