နေစကြဝဠာ အဖွဲ့ အစည်းကို ဖြစ်ပေါ် စေသော အမှုန်နှင့် အငွေ့ တိမ်တိုက် များတွင် ရေဓာတ်က အများဆုံး ပါဝင် ဖြစ်တည် နေခဲ့ဖွယ် ရှိကြောင်း၊ ကမ္ဘာမြေ ကြီး ပေါ် တွင်မှ သီးသန့်  ဖွဲ့တည်လာခြင်း မဟုတ်ကြောင်း ယခု တွေ့ ရှိမှုက ကောက်ချက် ချထားသည်။
ယင်းသို့ တွေ့ ရှိ ရခြင်းသည် နေ၏ ပြင်ပ အခြား ကြယ်တာရာ များကို လှည့်ပတ် နေသည့် ဂြိုလ်များတွင် သက်ရှိ ရှိနေနိုင်ခြင်း အတွက်လည်း အဓိက စဉ်းစား နိုင်စ ရာ အချက်တစ်ချက် ဖြစ်လာ ခဲ့သည်။
နေသည် လွန်ခဲ့သော နှစ်ပေါင်း ၄ဒသမ၅ ဘီလီယံက စတင် ဖြစ်ပေါ် ခဲ့နိုင်ကြောင်း၊ သို့ သော်လည်း နက်ရှိုင်းသည့် အာကာသ အတွင်း ရေခဲ အစိုင်အခဲ လေးများ လွင့်မျော နေလျက်ရှိရာ ကမ္ဘာ၏ ရေဖွဲ့တည်မှုသည် နေဖြစ်ပေါ် ချိန်ထက် ပိုစော လိမ့်မည် ဖြစ်ကြောင်း သုတေသနက ဖော်ပြသည်။ ကမ္ဘာ့ သမုဒ္ဒရာများ အတွင်း ရှိ ရေများသည်ပင် စကြာဝဠာ အတွင်းမှ လွင့်မြော ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်း ယင်းတို့က ဆိုခဲ့သည်။
“ကမ္ဘာ့ သက်ရှိ ဆင့်ကဲ ဖြစ်စဉ်မှာ ရေက အဓိက ကျပါတယ်။ အစောပိုင်း နေစကြဝဠာ အတွင်း အထူး ဖြစ်စဉ်တွေ ပြောင်းလဲ ဖြစ်တည်စဉ် အချိန်မှာ ရေဖွဲ့ တည် မှု ဖြစ်ခဲ့ တာပဲ ဖြစ်နိုင်တယ်”ဟု အီဇက်တာ တက္ကသိုလ်က ပါမောက္ခ တမ်ဟာရီက ပြောသည်။
“ဒါဟာ တခြားသော ဂြိုလ်တွေရဲ့ အနေအထားက ရေအရင်း အမြစ်တွေရှိပြီး သက်ရှိတွေ ဆင့်ကဲ ကြီးထွား နိုင်မယ် ဆိုတဲ့ ဖြစ်နိုင်ခြေ တိုးလာ စေတာပဲ ဖြစ်ပါ တယ်”ဟု ၎င်းကပြောသည်။
နေစကြဝဠာ၏ အစောပိုင်း ကာလများက ကြယ်တံခွန် ဂြိုလ်သိမ် ဂြိုလ်မွှားများ အတွင်း ခိုအောင်း ကျန်ရှိ နေသည့် သက်တမ်းရင့် ရေခဲများကို နိုင်ငံတကာ သိပ္ပံပညာရှင် အဖွဲ့ က ကွန်ပျုတာဖြင့် သုတေသန ပြုကာ ယခုကဲ့သို့  ထုတ်ပြန် ခဲ့ခြင်း ဖြစ်သည်။
Ref: Daily Mail
Source:mizzimzburmese.com

0 comments:
Post a Comment