အရင်းနှီးဆုံး မိတ်ဆွေတွေနဲ့သာ ကျင်းပပြုလုပ်ခဲ့တဲ့ Brad Pitt နဲ့ Angelina Jolie တို့ရဲ့မင်္ဂလာဆောင် အခမ်းအနား


အမှန်အတိုင်းပြောရမယ်ဆိုရင်တော့ ဒါဟာတကယ်ဖြစ်လာမယ်လို့ကျွန်ုပ် မထင်ခဲ့မိဘူး။ ဒါပေမယ့်လည်း Brad Pitt နဲ့ Angelina Jolie တို့စုံတွဲက ကျွန်ုပ်တို့ မှားနေတယ်လို့ သက်သေ ပြသွားပါတယ်။ AssociatedPress သတင်းဋ္ဌာနရဲ့ အတည်ပြုပေးချက်အရတော့ Brad Pitt နဲ့ Angelina Jolie တို့နှစ်ယောက်ရဲ့ Brangelina စုံတွဲဟာ စေ့စပ်ပြီး၂နှစ်အကြာ ကလေး ၆ ယောက်နဲ့ ချစ်သူသက်တမ်း ၉ နှစ်တို့ကို အတူဖြတ်သန်းပြီးတဲ့နောက်မှာ ပြီးခဲ့တဲ့ စနေနေ့ကပဲ ပြင်သစ်မှာ လက်ထပ်ခဲ့ကြပါတယ်။ မင်္ဂလာဆောင် အခမ်းအနားနဲ့ ပတ်သတ်တာတွေကို အကျဉ်းချုံးသာ လုပ်ထားပေမယ့် အားလုံးသိတဲ့အတိုင်း သူတို့စုံတွဲရဲ့ ကလေးတွေဖြစ်တဲ့ ၁၃နှစ်အရွယ် Maddox ၊ ၁၁ နှစ်အရွယ် Pax ၊ ၉ နှစ်အရွယ် Zahara ၊ ၈ နှစ်အရွယ် Shiloh နဲ့ ၆နှစ်အရွယ် အမြွှာတွေဖြစ်တဲ့ Knoxeနဲ့ Vivienne တို့အားလုံး စုံစုံလင်လင်ပါဝင်ခဲ့တဲ့အတွက် မိသားစုစုံညီပွဲလေး တစ်ခုတော့ ဖြစ်ခဲ့ပါတယ်။
New York Daily သတင်းဌာနရဲ့ဖော်ပြချက်အရတော့ Jolie နဲ့ ဝေးနေတဲ့ Jolie ရဲ့ဖခင် အော်စကာဆုရှင် မင်းသားကြီး Jon Voight ဟာ အခမ်းအနားကို မတက်ရောက်ခဲ့ပေမယ့် Brad Pitt ရဲ့ မိဘတွေဖြစ်ကြတဲ့ Jane နဲ့ William ကတော့ မင်္ဂလာဆောင် အခမ်းအနားမှာ ရှိနေခဲ့ပါတယ်။ သူတို့ရဲ့ မင်္ဂလာဆောင်ကို ဆွေမျိုးနဲ့ အရင်းနှီးဆုံး မိတ်ဆွေ ၂၂ ယောက်ခန့်သာ ပါဝင်တက်ရောက် ခဲ့တာတွေ့ရပါတယ်။
Ref:luckymag.com
Mario

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment