OLED မျက်နှာပြင်နဲ့ ထုတ်လုပ်တဲ့ LG ရဲ့ စမတ်တီဗွီ LG 55EC9300


တီဗွီတွေကို LED တို့ Plasma တို့နဲ့ထုတ်လုပ်တဲ့ ခေတ်ကို LG ကို တော်လှန်လိုက်ပါပြီ။ အခု LG က တီဗွီထုတ်ကုန်အသစ်အဖြစ် LG 55EC9300 OLED တီဗွီကို ထုတ်လုပ်လိုက်ပါပြီ။
ထို OLED တီဗွီ ရဲ့ဒီဇိုင်းဟာ အခြားတီဗီတွေနဲ့မတူပဲ တစ်မျိုးဆန်းသစ်ပါတယ်။ ကွေးနေတဲ့ သဏ္ဍာန်နဲ့ထုတ်လုပ်ထားတဲ့ ဒီ LG တီဗွီရဲ့ OLED မျက်နှာပြင်ဟာ ၅၅ လက်မကျယ်ဝန်းပါတယ်။ သို့သော်လည်း အထူကတော့ ၀.၂၅ လက်မသာ ရှိပါတယ်။
ဒီတီဗီရဲ့ထိန်းချုပ်ကိရိယာ (remote) ကတော့ ၂၀၁၃ ခုနှစ်က ထုတ်လုပ်ထားတဲ့ LA8600 ရဲ့ motion clicker ကိုသေးငယ်ထားတာပါ။ စမတ် တီဗွီ အမျိုးအစားလည်းဖြစ်ပါတယ်။ IR Blaster ကတော့ built-in ပါဝင်မှာဖြစ်ပြီး ကြည်လင်ပြတ်သားမှု ကတော့ 1080 p ရရှိမှာဖြစ်ပါတယ်။ HDMI Port တွေလည်းပါဝင်တဲ့အတွက် အကြည်လင်ဆုံး ရုပ်ထွက်ကိုခံစားနိုင်ပြီး refresh rate ကတော့ 240 Hz ဖြစ်ပါတယ်။ app ကနေတဆင့်လည်း ထိန်းချုပ်နိုင်မှာဖြစ်တဲ့အတွက် LG ဟန်းဆက် တစ်ခုခု ကို remote အဖြစ်အသုံးပြုနိုင်ပါတယ်။
ဒီတီဗွီဟာ LG ရဲ့ WebOS Suite လို့အမည်ရတဲ့ အင်တာနက်စနစ်နဲ့လည်း ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ နောက်ခံ အလင်းရောင် ကတော့ LCD Backlight ဖြစ်ပါတယ်။ ဓါတ်ပုံတွေကြည့်ရှုဖို့အတွက်လည်း Soap Opera Effect ပါဝင်ပြီးသားဖြစ်သလို 20-point GreyScales ပါဝင်တဲ့ အတွက် ရုပ်ပုံတွေရဲ့ အရောင်မျိုးစုံ ကို စီမံခန့်ခွဲပေးနိုင်ပါလိမ့်မယ်။
တစ်ခုတည်းသော အားနည်းချက်ကတော့ သူ့ရဲ့ဈေးနှုန်းပါပဲ။၅၅ လက်မ စမတ် တီဗွီတစ်လုံးဟာ ဒေါ်လာ ၂၇၀၀ ပေးဖို့အတွက် များတယ်လို့ဆိုနိုင်ပါတယ်။ ဒါပေမယ့်လည်း စမတ်တီဗွီလောက ရဲ့နောက်ဆုံးပေါ်နဘ်းပညာတွေပါဝင်တဲ့ စမတ်တီဗွီတစ်လုံးကို တော့ပိုင်ဆိုင်နိုင်မှာပါ။
Rf:cnet.com
Mario
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment