အမ်မာဝပ်ဆန်၏ ဝတ်လစ်စားလစ် ဓာတ်ပုံများ ဖွင့်ချပစ်မည်ဟု Hacker များ ခြိမ်းခြောက်

ဟောလိဝုဒ် နာမည်ကျော် မင်းသမီး အမ်မာဝပ်ဆန်၏ အမျိုးသမီး အခွင့်အရေး လှုံ့ဆော် ဟောပြောမှုကို ဆန့်ကျင်သည့် အနေဖြင့် Hacker အချို့က ဝပ်ဆန်၏ ဝတ်လစ်စားလစ် ဓာတ်ပုံများကို လူသိရှင်ကြား ဖွင့်ချ ပြသသွားမည်ဟု ခြိမ်းခြောက်ခဲ့သည်။
Harry Potter ဇာတ်ကားများတွင် စုန်းမကလေး ဟာမွန်းဂရန်ဂျာအဖြစ် သရုပ်ဆောင်ရင်း လူသိများခဲ့သည့် ဗြိတိသျှ ရုပ်ရှင်မင်းသမီးလေးသည် ကုလသမဂ္ဂ၏ အမျိုးသမီး အခွင့်အရေး လှုပ်ရှားမှု တစ်ခုဖြစ်သည့် HeforShe အတွက် သံတမန် တစ်ဦးအဖြစ် တာဝန်ယူထားသူ ဖြစ်သည်။
အဆိုပါ လှုပ်ရှားမှု၏ ရည်ရွယ်ချက်မှာ အမျိုးသမီးများ၏ အခွင့်အရေးအပေါ် အမျိုးသားများက ပိုမို အသိအမှတ်ပြု ထုတ်ဖော်ပြောဆိုလာရန် ဖြစ်သည်။ စက်တင်ဘာ (၂၂)ရက်က ကုလသမဂ္ဂ ဌာနချုပ်တွင် ဝပ်ဆန်သည် အမျိုးသားများ အနေဖြင့် အမျိုးသမီး အခွင့်အရေးအပေါ် ပိုမိုလက်ခံ ကာကွယ်ပေးရန် မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့သည်။ အဆိုပါ မိန့်ခွန်းတွင် ဝပ်ဆန်က သူမ၏ ကိုယ်တွေ့ အဖြစ်အပျက်နှင့် အတွေးအမြင် အချို့ကိုပါ ထည့်သွင်း ဖော်ပြသွားသည်။
သူမ၏ မိန့်ခွန်းဗီဒီယိုသည် အင်တာနက်တွင် လျင်မြန်စွာ ပျံ့နှံ့သွားပြီး သူမကို ထောက်ခံသည့် အမျိုးသားများက HeforShe ဆိုသော စာတန်းများ ကိုင်ဆောင်ထားသည့် ဓာတ်ပုံများကို အင်တာနက်တွင် လွှင့်တင်ကြသည်။ သို့သော်လည်း သူမ၏ လုပ်ဆောင်မှုအပေါ် ဝေဖန်မှုများလည်း ရှိခဲ့ပြီး Hacker အဖွဲ့ တစ်ခုက ဝပ်ဆန်ကို အရှက်ခွဲပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။
ဝက်ဘ်ဆိုက် တစ်ခုပေါ်တွင် Countdown အချိန်သတ်မှတ်ချက် တစ်ခုကို လွှင့်တင်ထားပြီး အချိန်စေ့လျှင် ၎င်းတို့ ထိုးဖောက်ရယူထားသည့် ဝပ်ဆန်၏ ဝတ်လစ်စားလစ် ဓာတ်ပုံများကို လွှင့်တင်သွားမည်ဟု Hacker များက ကြေညာထားသည်။ နောက်ပိုင်းတွင် သတင်းအချို့က အဆိုပါ ခြိမ်းခြောက်မှုမှာ အမှန်တကယ် မဟုတ်ဘဲ လုပ်ကြံဖန်တီးမှု သက်သက်သာ ဖြစ်ကြောင်းလည်း ဖော်ပြခဲ့သည်။ ထို့အပြင် ဝပ်ဆန် ရုတ်တရက် သေဆုံးသွားကြောင်း သတင်းမှား အချို့လည်း ထွက်ပေါ်လာသည်။
ဝပ်ဆန် ကိုယ်တိုင်ကမူ လက်ရှိ အခြေအနေများအပေါ် တစ်စုံတစ်ရာ မှတ်ချက် မပေးဘဲ နှုတ်ဆိတ်နေဆဲ ဖြစ်သလို သူမ၏ HeforShe လှုပ်ရှားမှုကိုလည်း ဆက်လက် ဆောင်ရွက်နေဆဲ ဖြစ်သည်။ သူမ၏ လှုပ်ရှားမှုတွင် Harry Potter ဇာတ်လမ်းတွဲမှ တွဲဖက် ဇာတ်ဆောင် ဖြစ်သည့် (မက်သရူးလီဝစ်)နှင့် အော်စကာဆုရှင် ဖောရက်စ် ဝှစ်တိတ်ကာကဲ့သို့ နာမည်ကျော်များကလည်း ကူညီ ပါဝင် ထောက်ခံခဲ့ကြောင်း သိရသည်။
_Ref: Channelnewsasia
Source:7daydaily.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment