စာရေးသားပြီး ပရိသတ်ကို ကျေးဇူးတင်စကားပြောတဲ့ A Pink အဖွဲ့


တရားဝင် ပရိသတ် ကလပ်တွင် အဖွဲ့ဝင်တစ်သိန်းကျော်လွန်သွားခဲ့ခြင်းအတွက် တောင်ကိုရီးယားမိန်းကလေးအ ဆိုရှင် A Pink အဖွဲ့က ကိုယ် တိုင်လက်ရေးဖြင့် ရေးထားသော စာများဖြင့် ပရိသတ်ကို ကျေးဇူးတင်ကြောင်း ပြောကြား လိုက်သည်။
စက်တင်ဘာ ၂၂ ရက်က ၎င်းတို့၏ တရားဝင် Daum ဖန် ကဖီးတွင် အဖွဲ့ဝင်တစ်သိန်း ကျော်လွန်သွားမည်ကို သိရှိပြီး နောက် A Pink အဖွဲ့ဝင်များက လက်ရေးဖြင့် ရေးထားသော စာများကို မိခင် ကုမ္ပဏီ A Cube အန်တာတိန်းမန့်မှတစ်ဆင့် ထုတ်ပြန်ခြင်းဖြစ်သည်။
‘‘ကျွန်မတို့မှာ အဖွဲ့ဝင်တစ် သိန်းရှိတာ မယုံနိုင်ပါဘူး’’ဟု ဘိုမီကရေးသားသည်။ အွန်ဂျီက လည်း ‘‘ကိုယ့်ကိုယ်ကိုယ် အဆို တော်တွေလို့ ပြောရမှာ စိတ်အ နှောင့်အယှက်မဖြစ်တဲ့ A Pink အဖွဲ့ ဖြစ်လာပါမယ်’’ ဟု ရေး သားသည်။ ပရိသတ်တိုးလာခြင်းမှာ No No No နှင့် Mr.Chu သီချင်းများ အောင်မြင်မှုကြောင့် ဖြစ် သည်ဟု ကိုယ်စားလှယ်တစ်ဦးက ပြောသည်။     
Source:7daydaily.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment