ဒီ Headphone ဟာ ပေါ့ပါးပြီး သက်တောင့်သက်သာဖြစ်စေပါတယ်။ နားနှစ်ဖက်မှာ အလွယ်တကူ နဲ့ သာသာယာယာ ညှပ်ထားနိုင်ပြီး ရုံးလုပ်ငန်းတွေနဲ့လည်း သင့်တော်ပါတယ်။ အသံ အတိုးအကျယ် ခလုပ်၊ သီချင်း အရှေ့အနောက် ရွှေ့ပြောင်းခလုတ်နဲ့ ပါဝါ အဖွင့်အပိတ်ခလုတ်တို့ ကို အသုံးပြုရလွယ်ကူစေဖို့ အမည်တပ်ထားပြီး ဘယ်ဘက်နားကြပ်ပေါ်မှာ ထင်ရှားစွာ ထည့်သွင်းပေးထားပါတယ်။
Sony ရဲ့ MDR-XB950BT ကြိုးမဲ့ Headphone ဟာ အဆင့်မြင့် ဒီဇိုင်းဖြစ်ပြီး သက်တောင့်သက်သာရှိကာ သင့်တော်တဲ့ ဈေးနှုန်းနဲ့ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ MDR-XB950BT ဟာ Beats Studio Wireless ထက် ၇၅ ရာခိုင်နှုန်းတိတိ ဈေးသက်သာတယ်လို့ သိရပါတယ်။ ဘက်ထရီသက်တမ်း ဟာ ၁၇ နာရီ အထိ အသုံးခံပြီး သယ်ယူဖို့ အိတ်တစ်ခု လည်း ပါဝင်တယ်လို့သိရပါတယ်။
တစ်ခုတည်းသော အားနည်းချက်ကတော့ ဘယ်ဘက်နားကြပ်ပေါ်မှာ ထင်ရှားစွာ ပါဝင်တဲ့ ထိန်းချုပ်ခလုပ်တွေဟာ နှိပ်တဲ့အခါမှာ မထင်မှတ်ပဲ ပျက်စီးနိုင်ပါတယ်။
Ref:cnet.com
Source: Trend Myanmar
0 comments:
Post a Comment