ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်သော ရောဂါများ ထပ်မံတွေ့ရှိ

နယူးယောက်-ရင်သားကင်ဆာ၊ သုက်ရည်ဂလင်းကင်ဆာနှင့် အမြဲ ဖြစ်ပွားလေ့ရှိသော ရောဂါကူးမှုများ ၊ အခြားသော ရောဂါများနှင့် ဆေးလိပ်သောက်ခြင်းမှာ ဆက်နွှယ်နေပြီး အမေရိကန်နိုင်ငံတွင် သေဆုံးသူ ၆၀,၀၀၀ မှ ၁၂၀,၀၀၀ အထိမှာ ဆေးရွက်ကြီးသုံးစွဲခြင်းကြောင့် ဖြစ်နိုင်သည်ဟု သုတေသီများ၏ လေ့လာမှုအသစ်တစ်ခုက ဖော်ပြသည်။


အမေရိကန်ကင်ဆာ အသိုင်းအ၀ိုင်းဌာနနှင့် တက္ကသိုလ်များစွာ က ပြုလုပ်ခဲ့သည့် ယင်းလေ့လာမှုကို New England ဆေးပညာဂျာ နယ်တွင် ဖော်ပြထားသည်။ ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ် ကင်ဆာ၊ နှလုံးရောဂါနှင့် အခြားသောရောဂါများထက်ပို၍ ဆိုးကျိုး များပြီး အမေရိကန်နိုင်ငံတွင် တစ်နှစ်လျှင် လူပေါင်း ၄၈,၀၀၀ သည် ဆေးရွက်ကြီး အသုံးပြုမှုကြောင့် သေဆုံးခြင်းဖြစ်ကြောင်း ယခုလေ့ လာမှုက ဖော်ပြသည်။

သာမန်အားဖြင့် ဆေးလိပ်သောက်သူများမှာ ဆေးလိပ်မသောက်သူများထက် ဆယ်နှစ်စော၍ သေဆုံးကြပြီး အမေရိကန်နိုင်ငံတွင် သေဆုံးသူ ငါးဦးလျှင် တစ်ဦးမှာ ဆေးလိပ်သောက်သုံးခြင်း ကြောင့် သေဆုံးခြင်းဖြစ်ကြောင်း စိန့်လူးဝစ်မြို့ရှိ ၀ါရှင်တန်ဆေးတက္ကသိုလ်မှ ရောဂါဘယပညာရှင် ဒေါက်တာဂရာဟမ်ကိုးလ်ဒစ်က ပြောကြားသည်။

အမေရိကန်နိုင်ငံတွင် အရွယ်ရောက်ပြီးသူများ၏ ၁၈ ရာခိုင်နှုန်းခန့် ဆေးလိပ်သောက်သုံးကြကြောင်း သိရသည်။ သုတေသီများက လေ့လာမှုငါးခုအတွင်း အသက်(၅၅) နှစ်နှင့်အထက် အမေရိကန် နိုင်ငံသား တစ်သန်းခန့်ကို ၂၀၀၀ ပြည့်နှစ်ကတည်းက လေ့လာခဲ့ခြင်းဖြစ်သည်။

ဆေးလိပ်လုံးဝမသောက်သူများထက် လက်ရှိဆေးလိပ်သောက်နေသူများသည် သေဆုံးနိုင်မှုနှုန်း နှစ်ဆမှ သုံးဆအထိ မြင့်မားကြောင့် သိရသည်။

ဆေးလိပ်သောက်သူများ သေဆုံးမှုအများစုမှာ ယခင်က သိထားပြီးဖြစ်သော ကင်ဆာ ၁၂ မျိုး၊ နှလုံးရောဂါနှင့် လေဖြတ်ခြင်း တို့ အပါအ၀င်ရောဂါ ၂၁ မျိုးကြောင့် ဖြစ်သည်။ သို့သော် ဆေးလိပ် သောက်သူများ သေဆုံးနိုင်မှုနှုန်းမှာ ကျောက်ကပ်ပျက်စီးမှု၊ ရောဂါ ကူးစက်မှု၊ အသည်းရောဂါနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ တို့ကဲ့သို့ ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်သည်ဟု ယခင်က မသိခဲ့သော အခြားရောဂါများကြောင့် သေဆုံးနိုင်မှုနှုန်း နှစ်ဆမြင့်မား ကြောင်း သုတေသီများ လေ့လာတွေ့ရှိခဲ့သည်။

ဆေးလိပ်သောက်သည့် အမျိုးသမီးများမှာ ဆေးလိပ်မသောက် သူများထက် ရင်သားကင်ဆာဖြင့် သေဆုံးနိုင်မှု ၃၀ ရာခိုင်နှုန်း ပိုများသည်။ ဆေးလိပ်သောက်သည့် အမျိုးသားများမှာ ဆေးလိပ် မသောက်သူများထက် သုက်ရည်ဂလင်းကင်ဆာဖြင့် သေဆုံးနိုင်ခြေ ၄၀ ရာခိုင်နှုန်း ပိုများသည်ဟု သုတေသီများက ပြောသည်။ ဆေးလိပ်ဖြတ်လိုသူများတွင် ယင်းအခြားရောဂါများကြောင့် သေဆုံးနိုင်သည့် အန္တရာယ်လျော့နည်းကြောင်း သိရသည်။ ဆေးလိပ်ဖြတ်ထားချိန် ကြာမြင့်လေ အန္တရာယ်လျော့ပါးလေ ဖြစ်သည်ဟု သုတေသီများက ပြောသည်။

-The China Post
Source:7daydaily.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment