ပြည်ပခရီးစဉ် ဆောင်ရွက်မည့် ခရီးသွားကုမ္ပဏီများအား လိုင်စင်ကြေး သတ်မှတ်

 ပြည်ပခရီးစဉ် (Out Bound) ဆောင်ရွက်မည့် ကုမ္ပဏီ များအတွက် လုပ်ငန်းလိုင်စင် ကြေး သတ်မှတ်ရာတွင် နိုင်ငံသားပိုင်ကုမ္ပဏီအတွက် ကျပ်လေးသိန်းဖြစ်ပြီး နိုင်ငံခြားသားပိုင်ကုမ္ပဏီအတွက် အမေရိကန်ဒေါ်လာ ၂,၅၀၀ (ကျပ် ၂၅  သိန်းခန့်) ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဦးစီးဌာနမှ သတင်းရရှိသည်။
ပြည်ပခရီးစဉ် ဆောင်ရွက် ခြင်းကို ဖေဖော်ဝါရီက စတင်ခွင့်ပြုပေးခဲ့ပြီး လုပ်ငန်းလိုင်စင်ကြေးကို ဖေဖော်ဝါရီ ၁၀ ရက်တွင် သတ်မှတ် ထုတ်ပြန်ခဲ့သည်။
လိုင်စင်ကြေးသတ်မှတ်ရာ တွင် ပြည်တွင်းနှင့် ပြည်ပဖက်စပ် လုပ်ကိုင်သော ကုမ္ပဏီများအ တွက် ပြည်ပရင်းနှီးမြှုပ်နှံသူကအမေရိကန်ဒေါ်လာ ၂,၀၀၀ (ကျပ်သိန်း ၂၀ ခန့်)နှင့် မြန်မာရင်းနှီးမြှုပ်နှံသူက ကျပ်နှစ်သိန်းခွဲသတ် မှတ်ထားကြောင်းလည်း သတင်း ရရှိသည်။
‘‘ဒီလိုင်စင်ကြေး နှုန်းက တော့ ပြည်ဝင်ခရီးစဉ်ကြေးနဲ့ သိပ်မကွာပါဘူး။ အသေးစား၊ အလတ်စား ကုမ္ပဏီတွေအတွက် လည်း မများဘူးလို့ ဆိုရမယ်။ ဒါပေမဲ့ သူတို့အတွက် ပြဿနာ ဖြစ်နေတာက ပြည်ပခရီးစဉ်လုပ် မယ်ဆိုရင် အရန်ငွေသိန်း ၁၀၀ ထားရမယ့်ကိစ္စဖြစ်နေတယ်’’ဟု Nature Dream ခရီးသွားလုပ်ငန်း  မန်နေဂျင်းဒါရိုက်တာ ဒေါ်စံပယ် အောင်က သုံးသပ်သည်။
ပြည်ပ ခရီးသွားလုပ်ငန်းဆောင်ရွက်မည့်သူများအတွက် အရန်ငွေကျပ်သိန်း ၁၀၀ ဘဏ်တွင် ထားရမည်ဟု ၀န်ကြီးဌာနက သတ်မှတ်ထားပြီး ယင်းပမာဏသည် ကုမ္ပဏီကြီးများအတွက် ပြဿနာ မရှိနိုင်သော်လည်း အသေးစား၊ အလတ်စား ကုမ္ပဏီများအတွက် အနည်းငယ် ရှိနိုင်သည်ဟု ၎င်းကဆက်လက်ပြော ကြားသည်။
ပြည်ပ လုပ်ငန်းရှင်များအ တွက် လုပ်ငန်းလိုင်စင်ကြေးမှာ ပုံမှန်အတိုင်း သတ်မှတ်ထားခြင်းဖြစ်ကြောင်း ၎င်းက ပြော ကြားသည်။
လက်ရှိတွင် ပြည်ပခရီးစဉ် ဆောင်ရွက်ရန် လုပ်ငန်းလိုင်စင် လျှောက်ထားနေသော ကုမ္ပဏီ များပင်ရှိနေပြီဖြစ်ကြောင်း မြန်မာ နိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်း အထွေထွေအတွင်းရေး မှူး ဦးနှောင်းနှောင်းဟန်ကပြော သည်။
၂၀၁၄ နှစ်ကုန်တွင် ဟိုတယ်/ခရီးဝန်ကြီးဌာနက လုပ်ငန်းလိုင် စင်ချထားပေးသော နိုင်ငံသားပိုင် ခရီးသွားကုမ္ပဏီ ၁,၅၈၉ ခု၊ နိုင်ငံ ခြားသားနှင့် ဖက်စပ်ကုမ္ပဏီ ၃၃ ခု၊ နိုင်ငံခြားသားပိုင်ကုမ္ပဏီတစ်ခု စုစုပေါင်း လိုင်စင်ရကုမ္ပဏီပေါင်း ၁,၆၂၃ ခုရှိနေသည်။ ၂၀၁၃ တွင် ကုမ္ပဏီပေါင်း ၁,၃၅၀ သာရှိခဲ့သောကြောင့် တစ်နှစ် အတွင်း ၂၇၃ ခုတိုးတက်လာခဲ့ သည်။
Source:7daydaily.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment