မြန်မာနိုင်ငံတွင် ဖွင့်လှစ် ထားသော Brand New ကား အရောင်းပြခန်းများသည် ဒေါ်လာတန်ဖိုး တစ်ဒေါ်လာလျှင် ကျပ် ၁,၀၀၀ မကျော်စေလိုဘဲ ကျဆင်းစေလိုကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
ရန်ကုန်မြို့တွင် Brand New ကားအရောင်းပြခန်း (၁၄)ခုရှိပြီး အများစုမှာ ဈေးကွက်၌ အထိုင်မကျသေးခြင်း၊ တန်ဖိုးကြီးခြင်း၊ တစ်ပတ်ရစ် ဂျပန်ကားများနှင့် ဈေးကွက်တွင် ယှဉ်ပြိုင်နေရသော ကြောင့် ထင်သလောက် ခရီးမ ရောက်ခြင်း ချက်ဗလက်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
အမေရိကန်ဒေါ်လာ သောင်းချီပေးဝယ်ရသည့် Brand New ကားများ အနေဖြင့် ငွေလဲလှယ် နှုန်းကို ၉၀၀ ကျပ်အတွင်း၌သာ ဖြစ်စေပြီး ယခု ငွေလဲနှုန်း ၁၀၀၀ ကျပ် အထက်တွင် ရေရှည်ဖြစ်ပေါ်နေပါက Brand New ကားဈေးကွက်အတွက် အခက်အခဲရှိကြောင်း Capital Auto-motive ကားကုမ္ပဏီမှ အရောင်းမန်နေဂျာကသုံးသပ်သည်။
ပြီးခဲ့သည့် နှစ်မှစတင်၍ ရန်ကုန်မြို့တွင် အခြေစိုက်ဖွင့်လှစ်နေသည့် Brand New ကားအရောင်း ပြခန်းများမှာ တစ်စီးလျှင် မူလဈေးနှုန်းထက် ကျပ်ငါးသိန်းမှ ကျပ် ၁၀ သိန်းအထိမြင့်တက်ပြီး ရောင်းချနေရကြောင်း ၎င်းက ထပ်မံပြောကြားသည်။
ယခင်က တစ်စီးလျှင် ကျပ်သိန်း ၃၀၀ ဖြင့် ရောင်းချနေသည့် ကားများမှာမူ ပြီးခဲ့သည့်လက စတင်ပြီး ကျပ်ဆယ်သိန်းမှ ဆယ့်ငါးသိန်းအထိ ဈေးတင် ရောင်းချနေရကြောင်း သတင်း ရရှိသည်။
ဖေဖော်ဝါရီ ၁၆ ရက် ငွေလဲ နှုန်းမှာ တစ်ဒေါ်လာလျှင်၁,၀၃၅ ကျပ် ဖြစ်သည်။
ရန်ကုန်မြို့တွင် ဖွင့်လှစ်ထား သည့် Brand New ကားအရောင်း ပြခန်းများအနေဖြင့် တစ်လလျှင် အနည်းဆုံးအစီးရေ ၂၀ မှ ၃၀ ၀န်းကျင် ရောင်းချနေရပြီး တစ်နှစ် လျှင် အနည်းဆုံးအစီးရေ ၂၀၀ မှ ၃၀၀ အတွင်း ရောင်းချနေရကာဈေးကွက်လေ့လာနေကြသည်ဟု Brand New ကားအရောင်းပြ ခန်းများက အသီးသီးသတင်း ထုတ်ပြန်ထားသည်။
ဖွင့်လှစ်ထားသည့် Brand New ကားအရောင်းပြခန်းများ တွင် ဥရောပမှ တင်သွင်းသည့် တန်ဖိုးကြီးဇိမ်ခံကားများထက် ကိုရီးယား၊ ဂျပန်အစရှိသော ကေ အိုင်အေ၊ ဟွန်ဒိုင်း၊ မာဇဒါ ကား များက ဈေးကွက်တွင် ဦးဆောင် နေကြောင်း ကားဈေးကွက်လေ့ လာသူများက ခန့်မှန်းသည်။

Source...7daydaily.com
0 comments:
Post a Comment