ရှော်လ်ကေးနှင့်ပွဲတွင် အကောင်းဆုံး ခြေစွမ်းပြန်ရရန် ရီးရဲလ်မျှော်လင့်


ချန်ပီယံလိဂ် နောက်ဆုံး (၁၆) သင်းအဆင့်တွင် ပထမအ ကျော့ သွားရောက်ယှဉ်ပြိုင်ရမည့် ရှော်လ်ကေးအသင်းကို လက်ရှိ ချန်ပီယံရီးရဲလ်က ပြီးခဲ့သည့် ရာ သီအတွင်း (၆-၁) ဂိုးဖြင့် နိုင်ခဲ့ သကဲ့သို့ ယခုတစ်ကြိမ်တွင် ဂိုး ပြတ်နိုင်ရန် မျှော်လင့်မထားပေ။
ဂျာမန်များကို လျှော့မတွက် ရန် ကွင်းလယ်လူ တိုနီခရုဇ်က သတိပေးထားစဉ် ရီးရဲလ်နည်းပြ အန်ဆယ်လော့တီက ဂျာမနီသို့ မထွက်ခွာမီ တိုက်စစ်အင်အားစု အဓိကသုံးယောက်တွဲ ရော်နယ် ဒို၊ ဂါရတ်ဘေးလ်နှင့် ဘန်ဇီမား တို့ ထိပ်တန်းပုံစံပြန်ရရန် မျှော် လင့်နေသည်။
၎င်းတို့သုံးဦးသည် ပြီးခဲ့ သည့် ဘောလုံးရာသီက ရှော်လ် ကေးဘက်သို့ တစ်ဦးလျှင် နှစ်ဂိုး စီ သွင်းယူခဲ့ကြသော်လည်း ပေါ် တူဂီအသင်းခေါင်းဆောင် ရော် နယ်ဒိုမှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုရပြီးကတည်း က ပုံမှန် ခြေစွမ်းမရဖြစ်နေကာ ယခုနှစ်အတွင်း လေးဂိုးသာ သွင်း ယူနိုင်သေးသည်။
ရီးရဲလ်သည် ဘုရင့်ဖလားမှ ထွက်ခဲ့ရသော လာလီဂါ မြို့ခံ ပြိုင်ဘက် အက်သလက်တီကို ကို လေးဂိုးပြတ်ရှုံးခဲ့ပြီး ဒုတိယ နေရာမှ ဘာကာကို တစ်မှတ်သာ ဖြတ်ထားနိုင်သည်။
ယခုနှစ်အတွင်း မိမိတို့အ ကောင်းဆုံး ခြေစွမ်းမျိုး မရှိသည် မှာ မှန်ကန်သော်လည်း ချန်ပီယံ လိဂ်တွင် အကောင်းဆုံးခြေစွမ်း ပြန်ရမည်ဟု မျှော်လင့်ထား ကြောင်း အန်ဆယ်လော့တီက ပြောသည်။
တစ်နေ့တည်း ယှဉ်ပြိုင်မည့် ဘေဆယ်လ်နှင့် ပေါ်တိုအသင်း တို့သည် ကွာတားဖိုင်နယ်သို့ ရှား ရှားပါးပါး တက်ခွင့်ရရန် နှစ်သင်း လုံး ရည်ရွယ်ထားသည်။
ဥရောပချန်ပီယံ နှစ်ကြိမ်ဖြစ် ဖူးသည့် ပေါ်တိုသည် ၂၀၀၄ က ချန်ပီယံဖြစ်ခဲ့ပြီး ဘေဆယ်လ်မှာ လွန်ခဲ့သော (၄၁) နှစ်က ချန်ပီ ယံလိဂ် ကွာတားဖိုင်နယ်သို့ တစ် ကြိမ်တက်ရောက်ခဲ့ဖူးသည်။
—Ref: Reuters
Source:7daydaily.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment