ရေထွက်ကုန်ပစ္စည်းစက်ရုံတစ်ရုံ ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
ဥရောပသမဂ္ဂနိုင်ငံများ (အီးယူ) သို့ ရေထွက်ကုန်တင်ပို့ခွင့် ရသည့် အအေးခန်းစက်ရုံ ၁၉ ရုံ ရှိသော်လည်း ဈေးကွက်မရသ ဖြင့် စက်ရုံငါးရုံသာ တင်ပို့နိုင်သေး ကြောင်း သတင်းရရှိသည်။
အဆိုပါ အအေးခန်းစက်ရုံ များသည် အီးယူသို့ ရေထွက်ကုန် များ တင်ပို့ခွင့်ရရန် သင်တန်း တက်ခဲ့ရပြီး စက်ရုံအခြေအနေကို စစ်ဆေးခံခဲ့ကြရသည်။ သို့ရာ တွင် ၀ယ်ယူမည့် ဈေးကွက်မရ သည့် အခက်အခဲကြောင့် အအေး ခန်းစက်ရုံများမှ ရေထွက်ကုန်များ အီးယူသို့ မတင်ပို့နိုင်ခဲ့ခြင်းဖြစ် ကြောင်း မြန်မာနိုင်ငံ ရေထွက် ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန် လုပ်ငန်းရှင်များအသင်း အတွင်း ရေးမှူး ဦးမျိုးညွန့်က ဖေဖော်ဝါရီ ၁၄ ရက်တွင် ပြောသည်။
‘‘အီးယူကို ရေထွက်ကုန် တွေ တင်ပို့ခွင့်ကို ၁၉ ရုံထဲကမှ ငါးရုံပဲ ပို့နိုင်သေးတယ်။ အဲဒီမှာ အခက်အခဲတွေ အများကြီးရှိနေ တယ်။ ဒါကြောင့် ဝေါ့ရှော့တို့၊ ဆယ်မီနာတို့လုပ်ရင် အစည်းအ ဝေးမှာ တက်မယ့်လူ မရှိတာပဲ။ သူတို့က အီးယူထောက်ခံချက် လိုချင်လို့သာ ယူထားကြတာ။ ၀ယ်လက်မရှိတော့ ဘယ်သူ့ကို ရောင်းရမှန်းမသိ ဖြစ်နေပြီး မပို့ ဖြစ်ဘူးပေါ့’’ ဟု ဦးမျိုးညွန့်က ပြောသည်။
ထို့အပြင် အီးယူနိုင်ငံများသို့ ရေထွက်ကုန်များ ရောင်းချမည် ဆိုပါက ရောင်းသူနှင့် ၀ယ်သူအကြား၌ ငွေချေမည့်စနစ် အ ခက်အခဲရှိနေသည်။ တစ်ဦးနှင့် တစ်ဦး အခြေအနေမှန်ကို မသိရှိ ကြသဖြင့် ယုံကြည်မှုမရကာ အ ခက်အခဲများ ကြုံတွေ့နိုင်၍ စွန့်စားပြီး မတင်ပို့ခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
‘‘ကျွန်တော်တို့ ဌာနအနေနဲ့ ကတော့ ကူညီပေးနေတာပဲ။ အဲဒီ ကိစ္စမှာ ဈေးကွက်မရတာက ဈေး ရောင်းနဲ့ ဈေးဝယ်တဲ့ကြားက ကိစ္စပါ။ အီးယူက လက်ခံဖို့ဆိုတာ ကလည်း တင်ပို့ဖို့ လိုအပ်ချက် တွေကို နားလည်ဖို့ လိုသေးတယ်။ ဥပမာ ပြင်သစ်လို နိုင်ငံမျိုးကို ပို့ မယ်ဆို အခွန်အကောက်ဆိုင်ရာ ထူးခြားမှုတွေ သိနေရမှာ။ တ ကယ် ထဲထဲဝင်ဝင် သိနေမှရမယ်။ အခုက အီးယူကို ပို့ချင်လို့မဟုတ် ဘူး။ ဂုဏ်ဒြပ်လိုချင်လို့ပဲ။ အီးယူ က လက်ခံလို့ ပို့ခွင့်ရတယ်ဆိုတဲ့ ဂုဏ်ဒြပ်နဲ့ ကျန်တဲ့နိုင်ငံတွေကို ပို့ နေကြတာ’’ ဟု ငါးလုပ်ငန်းဦးစီး ဌာန ဒုညွှန်မှူး ဦးညွန့်ဝင်းက ပြော သည်။ မြန်မာနိုင်ငံမှ ရေထွက်ကုန် များကို အီးယူနိုင်ငံများသို့ တင်ပို့ ရာ၌ အအေးခန်း စက်ရုံများမှ ကောင်းမွန်စွာ ထုတ်လုပ်နိုင်ပြီး ကျန်းမာရေးနှင့် သန့်ရှင်းရေးဆိုင် ရာ လုပ်ငန်းစဉ်များ ညီညွတ်စေ ရန် စစ်ဆေးခံကြသည်။ ထို့အပြင် သံ၊ ခဲ၊ ဓာတုဆိုးဆေးနှင့် ပိုးမွှားများ ကင်းစင်စေရန် အဓိကထားစစ်ဆေးနေကြောင်း သိရသည်။
ယခင်က အီးယူသို့ တင်ပို့ ခွင့်ရခဲ့သော အအေးခန်းစက်ရုံ ၂၀ ရှိခဲ့သော်လည်း စက်ရုံတစ်ရုံ မှာ အီးယူသို့ တင်ပို့သည့် ရေ ထွက်ကုန်များတွင် တားမြစ်ထား သော ဗာလချောင်ကြော်များ ရောနှောတင်ပို့ခဲ့ပြီး ကလိုရိုဖီနီကော ဓာတုဓာတ်ကြွင်းများ တွေ့ရှိခဲ့သဖြင့် ဒဏ်ငွေ ကျပ် ၁၀ သိန်းနှင့် တင်ပို့ခွင့် ခြောက်လပိတ်ခြင်း ခံခဲ့ရသည်။
By
Source:7daydaily.com
0 comments:
Post a Comment