အသက်ရွယ်အလိုက် သူ့ရဲ့ လိုအပ်တဲ့ အိပ်ချိန်ဆိုတာ ရှိကြပါတယ်။ အလုံအလောက်သာ အိပ်မယ်ဆိုရင် ပင်ပန်းနွမ်းနယ်မှု၊ မောပန်းမှုတွေ ကြုံရမှာ မဟုတ်ကြောင်း ကျွမ်းကျင်ပညာရှင်များရဲ့ ပြောဆိုချက်အရ သိရပါတယ်။
စိတ်ပြေလက်ပျောက်ဖြစ်ဖို့နဲ့ အားအင်အပြည့်အဝရှိနေဖို့ ကျွန်ုပ်တို့ အိပ်ချိန် အမျိုးမျိုး လိုအပ်ကြတယ်။ တချို့က အိပ်ချိန် (၈) နာရီ လိုအပ်ပြီး အချို့ကျတော့ တစ်နေ့ကို ၉ နာရီလိုအပ်တယ်။
သို့သော် ကျွန်ုပ်တို့ အသက်အရွယ်အလိုက် အိပ်ချိန်ဘယ်လောက်လိုအပ်လဲဆိုတာ ပညာရှင်တွေအတွက် ပြပေးထားပါတယ်။ သိပ္ပံပညာရှင်နဲ့ သုတေသီ အဖွဲ့တစ်ဖွဲ့က သူ့အရွယ်အလိုက် အကောင်းဆုံး အိပ်စက်ချိန်တွေကို အကြိမ်ကြိမ် တွက်ချက်ခဲ့ပြီး အောက်ပါအချက်အလက်အတိုင်း ရရှိလာခဲ့ပါတယ်။
- ၀-၃ လကလေး ၁၄-၁၇ နာရီ
- ၄-၁၁ လကလေး ၁၂-၁၅ နာရီ
- ၁-၂ နှစ်အရွယ်ကလေးများ ၁၁-၁၄ နာရီ
- ၃- ၅ နှစ် (မူလကလေးအရွယ်) ၁၀-၁၃ နာရီ
- ၆ - ၁၃ နှစ်ကလေး ၉-၁၁ နာရီ
- ၁၄ - ၁၇ နှစ် ဆယ်ကျော်သက် ၈-၁၀ နာရီ
- ၁၈-၂၅ နှစ် မြီးကောင်ပေါက်/လူငယ်အရွယ် ၇-၉ နာရီ
- ၂၆ - ၆၄ နှစ် အရွယ်ရောက်ပြီးသူများ ၇-၉ နာရီ
- ၆၅ နှစ်နဲ့ အထက်လူကြီးများ ၇-၈ နာရီ
Ref:naturalhealthcareforyou.com
ပေါ်ထွန်း
Source:trend.com.mm
0 comments:
Post a Comment