နေတိုးအနေနဲ့ အနုပညာသက်တမ်း ၁၆ နှစ်ရှိလာပြီဖြစ်တာကြောင့် ဇာတ်လမ်း၊ ဇာတ်ရုပ်အစုံကို ရိုက်ကူးပြီးစီးခဲ့ပြီလည်းဖြစ်ပါတယ်။ ဒါ့အပြင် ပရိသတ်ပေးတဲ့ ဇာတ် လမ်း များဆိုပြီး ဇာတ်ကားတွေ ရိုက်ကူးခဲ့ပြီးဖြစ်သလို ဆက်လက်ထွက်ရှိမယ့်ကားတွေလည်း ရှိနေပါသေးတယ်လို့ နေတိုးက ပြောပါတယ်။
” အဲဒါက ဘာလဲဆိုရင် ပရိသတ်ဆီကနေ ကျွန်တော်တို့အနု ပညာရှင်တွေက ဖန်တီးတဲ့အရာကိုပဲ ပရိသတ်က ကြည့်ခွင့်ရကြတယ်။ ဒီအတွက် ပရိသတ်က အနုပ ညာရှင်ကို ဖန်တီးခိုင်းတဲ့အရာပေါ့။ ပရိသတ်ဖန်တီးပေးခိုင်းတဲ့အရာကို အကောင်းဆုံးဖန်တီးပေးချင်ပါတယ်။ ဒီလိုဖန်တီးပေးလိုက်သောအားဖြင့် ပရိသတ်အတွက် ပိုပြီး အ မှတ်တရဖြစ်သွားသလို ကျွန်တော်တို့ကလည်း အနုပညာကိုပေးဆပ်တဲ့ အချိန်မှာ ပရိသတ်လိုချင်တဲ့ ကာရိုက်တာ၊ ဇာတ်လမ်းပုံစံတွေကို ရွေးချယ်စရာမလိုဘဲ ဒီကဏ္ဍလေး မှာ အလိုလိုဖြည့်ဆည်းရာရောက်တယ်လို့ ကျွန်တော်ယူဆတာကြောင့်ပါ” လို့ နေတိုးက ပြောပါတယ်။ ပရိသတ်ကပေးတဲ့ ဝတ္ထုတွေကို ၂ဝ၁၅ ခုနှစ် ထဲမှာပဲ ငါးကားရိုက်ဖို့ စီစဉ်ထားတယ်လို့လည်း ပြောပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးလည်း “အခုက လေးကားရိုက်ပြီးသွားပါပြီ။ နောက်ဆုံးတစ်ကားပဲကျန်တော့တယ်။ ဒါပေမဲ့ ပရိ သတ်တွေ က နောက်ထပ်ပေးချင်ရင်၊ ရိုက်စေချင်ရင် ထပ်ရိုက်မှာပါ။ ဒီအတွက် ကျွန် တော်က ဖိတ်ခေါ်ပါတယ်။ ကျွန်တော့်ဆီ ဝတ္ထုတွေပို့ပေးနိုင်သလို အိမ်ကိုလည်း လိပ် မူပြီး ပို့ပေးနိုင်ပါတယ်” လို့ နေတိုးကပြောပါတယ်။ ပြီးတော့ သူချစ်တဲ့ ပရိသတ်ကို ကံစမ်းမဲဖောက်ပြီး သူဝတ်ဆင်ထားတဲ့အင်္ကျီကို ကိုယ်တိုင်ဝတ်ဆင်ပေးခဲ့ပါသေး တယ်။ အဲဒီအတွက်လည်း ” ဒါကလည်း ထူးခြားတဲ့အမှတ် တရတစ်ခုပါ။ အင်္ကျီမှာကိုးဂဏန်းတွေချည်းပါပဲ။ ကျွန်တော့်အတွက် အဲဒီ အင်္ကျီကထူးခြားပါတယ်။ အမှတ်တရ လည်းရှိ ပါတယ်။ ရသွားတဲ့သူက သူ့အတွက် မမေ့နိုင်တဲ့အမှတ်တရ တစ်ခုဖြစ်သွားစေသလို ကျွန်တော့် အတွက်လည်း ပျော်ရွှင်စရာတွေနဲ့ အတူ ကြည်နူးပီတိဖြစ်ရပါတယ်” လို့ လည်း ပြောပါတယ်။
M ဘွယ်
ဓာတ်ပုံ-အောင်ဇော်မင်း
ဓာတ်ပုံ-အောင်ဇော်မင်း
Source:http://www.popularmyanmar.com/mpaper

0 comments:
Post a Comment