အရက်ကြောင့် စိတ်ဝေဒနာ ခံစားနေရသူများကို သုတေသန လုပ်မည်


မြတ်စုငြိမ်း
ရန်ကုန်၊ ဇန်နဝါရီ  ၂၃
စိတ်ကျန်းမာရေးပညာပေးခြင်း နှင့် သွေးလှူရှင်များအား အခမဲ့ဘီပိုးကာကွယ်ဆေးထိုးပေးခြင်းကို ယခုနှစ်အတွင်း စတင်လုပ်ဆောင် ရန်စီစဉ်နေကြောင်း ရောင်ခြည်သစ် ကုသိုလ်ဖြစ်ဆေးခန်းမှ သိရသည်။ စိတ်ကျန်းမာရေးနှင့် ပတ်သက်၍ ပညာပေးခြင်းအပြင် စိတ်ပိုင်းဆိုင်ရာအရလည်းကောင်း၊ အရက်ကြောင့်လည်းကောင်း၊ စိတ် ဝေဒနာ ခံစားနေရသူများကို သုတေသနတစ်ခု ပြုလုပ်သွားမည်ဟု အထက်ပါဆေးခန်းမှ ဒေါက်တာ ကျော်စွာဦးက ပြောသည်။
”သုတေသနကိုတော့ ဆရာတွေနဲ့ ပူးပေါင်းပြီး လုပ်သွားမှာ ဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ စီစဉ်နေတုန်းပါပဲ”ဟု ၎င်းက ပြောသည်။ ထို့အပြင် သားအိမ်ခေါင်း ကင်ဆာ စစ်ဆေးခြင်းနှင့်ပညာပေး ခြင်းကိုလည်း တစ်နှစ်လျှင်နှစ်ကြိမ် ဆောင်ရွက်ပေးရာမှ ယခုနှစ် အတွင်း ပိုမိုလုပ်ဆောင်ပေးနိုင်ရန် မျှော်လင့်ထားသည်ဟု ၎င်းက ဆို သည်။ ရောင်ခြည်သစ် ကုသိုလ်ဖြစ်ဆေးခန်းတွင် အထွေထွေရောဂါ နှင့် သွားရောဂါများကိုအပတ်စဉ် ကုသပေးလျက်ရှိပြီး မျက်စိ၊ အရေပြား၊ အရိုးအကြော၊ သားဖွားမီး ယပ်၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဓာတ်မှန်နှင့် ကလေးအထူးကု ဆရာဝန်များက တစ်လလျှင် နှစ်ရက်မှ လေးရက်အထိ အခမဲ့ကုသပေးမှုများ ပြုလုပ်ပေး လျက်ရှိသည်။
အဆိုပါ ဆေးခန်းတွင် ဓာတ်မှန်နှင့် အာထရာဆောင်းရိုက်၍ ရောဂါရှာဖွေခြင်းများကိုလည်း အခမဲ့ လုပ်ဆောင်ပေးပြီး လစဉ်လူနာပျမ်းမျှ ငါးဆယ်မှရှစ်ဆယ်ကြား ကု သပေး လျက်ရှိသည်ဟု သိရသည်။ ထို့အပြင် ၎င်းဆေးခန်း၏ နှစ်နှစ်ပြည့် အခမ်းအနားကို ဖေဖော်ဝါရီ ၁ ရက်တွင်ပြုလုပ်မည်ဖြစ်ပြီး ဆေးခန်းတွင် အလှည့်ကျလာရောက် ကု သပေးနေသည့် အထူးကုဆရာဝန်ကြီးများ အပါအဝင် ဆရာဝန် စုစုပေါင်း ခြောက်ဆယ်ဝန်းကျင်နှင့် စေတနာရှင်၊ အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာ များ ပေးအပ် သွား မည်ဟု သိရသည်။
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment