လက်သည်း ဘာကြောင့်ကိုက်

ကိုယ့်မိသားစုထဲမှာပဲဖြစ်ဖြစ် မိတ်ဆွေအပေါင်းအသင်းထဲမှာပဲ ဖြစ်ဖြစ်လက်သည်းကိုက်နေတဲ့သူကို မြင်ဖူးကြမှာပါ။ ဒါရောဂါတစ်ခုတော့ မဟုတ်ပါဘူး။ စိတ်ခံစားမှု အရဖြစ်ပေါ်လာတဲ့ အမူအကျင့်တစ်ခု ဖြစ်ပါတယ်။ ငယ်စဉ်အခါက စပြီးရလာတဲ့အမူအကျင့်ဆိုလည်း မမှားပါဘူး။ ဘယ်လိုပဲပြောပြော လက်သည်းကိုက် တဲ့သူတွေ၊ ဒါမှမဟုတ် ကိုယ့်မိသားစုထဲမှာ လက်သည်းကိုက်တတ်သူ ရှိခဲ့မယ်ဆိုရင် သတိထားသင့်တဲ့အကြောင်းအရာလေးတွေကို ဗဟုသုတရစေဖို့ အထွေထွေ ရောဂါ ကု ဆ ရာ ဝန် ဒေါက်တာကျော်စွာဦးနဲ့ တွေ့ဆုံမေးမြန်းဖော်ပြ ပေးလိုက်ပါတယ်။
တချို့လူတွေ ဘာကြောင့် လက်သည်း ကိုက်ပါသလဲ။
လက်သည်း ကိုက်တာက အလေ့အကျင့်တစ်ခုပဲ။ လူတစ်ယောက်ရဲ့အလေ့အကျင့်က ပြင်ရခက်တယ်လေ။ တချို့ဆိုလည်း တစ်ခုခုစဉ်းစားရင် နှာခေါင်းပွတ်တာတို့ ဘာတို့ လုပ်တာရှိ တယ်။ အဲဒီလိုပဲ လက်သည်းကိုက် တာက အမူအကျင့်တစ်ခုပဲ။ စိတ်ပြေ လက်ပျောက်ဖြစ်အောင် လက်သည်း ကိုက်တာမျိုးပေါ့။ တချို့ကို စိတ်ပြေ လက်ေ ပျာက်ဖြစ်အောင် ကွမ်းစားတယ်။ ဆေးလိပ်သောက်တယ်။ အဲဒီလိုမျိုးပေါ့။ လက်သည်းကိုက်တာကလည်း အမူအကျင့်တစ်ခုပါပဲ။
လက်သည်းကိုက်ခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေက ဘာတွေပါလဲ။
လက်သည်းမှာ ကြေးတွေရှိတယ်။ အဲဒီကြေးတွေပါးစပ်ထဲဝင်ရင် သန်ကောင်ရောဂါတွေရမယ်။ သန်ထိုးမယ်။ လက်သည်းမှာ ဘက်တီးရီးယားတွေ ရှိတယ်။ ဘက်တီးရီး ယားတွေ ပါးစပ် ထဲဝင်ပြီး ဝမ်းနဲ့ပတ်သက်တဲ့ရောဂါ တွေဖြစ်နိုင်တယ်။ ဗိုက်နာမယ်၊နောက်ပြီး လက်သည်းမှာ မှိုနာတွေဘာတွေ ရှိရင် အဲဒီမှိုနာတွေက ပါးစပ်ကိုကူးပြီး ပါးစပ်မှာလည်း မှိုနာတွေ ကူးစက်ဖြစ် ပွားနိုင်တယ်။ လက်သည်းကို ကိုက် ပါများရင် လက်သည်းပျက်စီးတယ်။ ကိုက်ရင်းနဲ့ပါးစပ်ထဲမှာ ပိုးပါတာမျိုး ကိုက်ရင်းနဲ့ လက် သည်း ပွန်းပဲ့တာမျိုး ကနေ မသန့်ရှင်းရင် အခြားရောဂါပိုး တွေဝင်လာပြီး ရောင်ကိုင်းလာတာ၊ နာတာတွေဖြစ်လာနိုင်တယ်။ အသက် အန္တရာယ်အထိတော့ ဒုက္ခပေးနိုင်တာ ကြီးကြီးမားမား မရှိပါဘူး။
လက်သည်းကိုက်တာကို ဆေးကုသလို့ ပျောက်နိုင်ပါလား။
လက်သည်း ကိုက်တာက အလေ့ အကျင့်တစ်ခုပဲဆိုတော့ အလေ့အကျင့် တစ်ခုကိုဖျောက်ဖို့ကတော့ ခက်တယ်။ ဆေးကုသတာနဲ့တော့ မဆိုင်ဘူး။ ဒါပေမဲ့ အကျိုး အပြစ်ေ တွကို ဆွေးနွေး နှစ်သိမ့်ပြောပေးတာမျိုးတွေလုပ်ပြီး အမူအကျင့်ပြောင်းလဲအောင် လုပ်လို့ တော့ရမယ်။ ဒီမှာကလည်း နှစ်သိမ့် ဆွေးနွေးပညာပေးတာက အားနည်း တယ်။ ဒီလက်သည်းကိုက်တာက ကြီး တဲ့အထိပါသွားရင်တော့ ဖျောက်ဖို့က ခက်သွားပြီ။
လက်သည်းကိုက်တဲ့လူက ဘယ်လို အချိန်မှာ ကိုက်တတ်လဲ။
များသောအားဖြင့် သူက လူမမြင်တဲ့အချိန်မှာ ကိုက်တတ်တယ်။ ဒါပေမဲ့တစ်ခါတလေကျ သူတောင် မသိလိုက်ဘဲ လူကြားထဲမှာကိုက်ချင် ကိုက်နေတတ်တယ်။ ဒါက စိတ်ပြေ လက်ပျောက်ပေါ့။ ဒေါသထွက်တဲ့အခါ၊ စိတ်လှုပ်ရှားတဲ့အခါ၊ အပျော်လိုပေါ့။ လက်သည်းကိုက်တာက သူ့အတွက် သာယာမှုတစ်ခုလိုပဲပေါ့။ စိတ်ညစ်တဲ့ အခါ ကိုက်တယ်။ ရုပ်ရှင်ကြည့်ရင်း အားမရတဲ့အခါမှာလည်း လက်သည်း ကိုက်တတ်တယ်။ အဓိကကတော့ အီမိုးရှင်း (စိတ်ခံစားမှု)တွေပါလာတဲ့ အခါမှာ ကိုက်တတ်ကြတယ်။
ဘယ်လိုလူမျိုးတွေက လက်သည်း ကိုက်တတ်ကြလဲ။
စိတ်ပိုင်းဆိုင်ရာ ခံစားမှုလွယ်တဲ့ လူတွေကကိုက်တတ်တယ်လို့ပဲ ပြောရမှာပဲ။
လက်သည်း ကိုက်တဲ့လူတွေအတွက် လူမှုရေးအရ ဘယ်လိုအကျိုးသက် ရောက်မှုတွေရှိလဲ။
လူမှုရေးအရတော့ သူများကရွံတာ ပေါ့။ ထုတ်တော့ပြောမှာတော့ မဟုတ် ဘူး။ ဒီအရွယ်ကြီးရောက်မှ ကိုက်ရ လား ဆိုပြီးတော့ပေါ့။ သိပ်ပြီးတော့ မပေါင်းတာ ဆိုးရွား တာ မျိုး မရှိပေမယ့် ရွံတာတော့ရှိမယ်။ ပေါင်းသင်း ဆက် ဆံရေးမှာ နည်းနည်းတော့ ထိခိုက်နိုင် တယ်။
ကလေးတွေ လက်သည်းကိုက်ပြီဆိုရင် ဘယ်လိုပုံစံမျိုးနဲ့ ပြုပြင်ပေးသင့်ပါသလဲ။
ကလေးတွေ လက်သည်းကိုက် တာကို ငယ်ငယ်လေးကတည်းက ပါးစပ်ထဲလက်ထည့်ရင် ဖယ်ထုတ် ပေးလိုက်ပေါ့။ လက်သည်းကိုက်တာ မကောင်းဘူးဆိုတာကို ကလေးတွေ နားလည်အောင် ပြောပြပေးရမယ်။ သုံးလေးငါးနှစ်အရွယ်ဆိုရင် နား လည်အောင် အကျိုးအကြောင်းနဲ့ ပြောပြပေးလို့ရတယ်။ ဆူတာဆဲတာ မျိုးမဟုတ်ဘူး။ ရိုက်တာ နှက်တာမျိုး မဟုတ်ဘူး။တချို့က ရှိတယ်။ ကလေးက လက်ကိုပါးစပ်ထဲထည့်ရင် ရိုက်ချ၊ ပုတ်ချ လိုက်တာတို့။ အဲဒါမျိုး မလုပ်ရဘူး။ ငယ်ငယ်လေးတည်းက ပါး စပ်ထဲ လက်မထည့်အောင်လေ့ကျင့်ပေးပေါ့။ အဓိကကတော့ လက်ဦးဆရာမိဘပဲလေ။
မြတ်စုငြိမ်း
Source:Popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment