ဘလုတ်ညွန့်ရပ်ကွက် နေအိမ်(၁၆၇)လုံး မီးလောင်ဆုံးရှုံး



ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

၁၆.၂.၂၀၁၅ ရက်နေ့ ၁၉၃၀ အချိန်တွင် ကြည့်မြင်တိုင်မြို့နယ် တစ်ဘက်ကမ်း၊ ဘလုတ်ညွန့်ရပ်ကွက်၊ ကန်သာအေး(၁)လမ်းတွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

ဖြစ်စဉ်မှာ အဆိုပါလမ်းနေ ကိုသက်(ခ)ထွန်းထွန်း(ခ)ရန်နိုင်ထွန်း၊ (၂၇)နှစ်သည် နေအိမ်တွင် မီးသွေးမီးဖိုဖြင့် ထမင်းဟင်းချက်ပြုတ်ပြီး မီးကြွင်းမီးကျန်များအား မငြှိမ်းသတ်ဘဲ ထားရှိခဲ့ရာမှ နေအိမ်အားမီးကူးစက်ကာ ပတ်ဝန်းကျင်ရှိ နေအိမ် များအား ကူးစက်လောင်ကျွမ်းခဲ့ကြောင်း၊ ပတ်ဝန်းကျင်နေ ပြည်သူများနှင့် မီးသတ်ယာဉ်များ ရောက်ရှိ ငြှိမ်းသတ်ခဲ့သဖြင့် ၂၁၀၇ အချိန်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် နေအိမ်(၁၆၇)လုံး မီးလောင်ဆုံးရှုံး ခဲ့ကြောင်း သိရှိရပါသည်။

ယင်းသို့ မီးလောင်မှု ဖြစ်ပွား ခဲ့သည့် အတွက် မီးပေါ့ဆစွာ သုံးစွဲသူ ကိုသက်(ခ) ထွန်းထွန်း(ခ)ရန်နိုင်ထွန်းအား ကြည့်မြင်တိုင်မြို့နယ်၊ စက်ဆန်းနယ်မြေရဲစခန်း (ပ)၅၆/၂၀၁၅၊ ပြစ်မှုပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါမီးလောင်ဆုံးရှုံးခဲ့သည့် နေအိမ်(၁၆၇)လုံးမှ အိမ်ထောင်စု(၁၈၇)စုတို့အား ကြည့်မြင်တိုင်မြို့နယ်၊ ဘလုတ်ညွန့်ရပ်ကွက်ရှိ ကန်သာအေး ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံနှင့် ခါတော်မှီ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတို့တွင် မီးဘေး ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်၍နေရာ ချထားပေးလျက်ရှိပြီး တာဝန်ရှိသူများမှ လိုအပ်သည်များ ထောက်ပံ့ကူညီ ဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရရှိ ပါသည်။

Yangon Police
https://www.facebook.com/yangonpolice
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment