ရန်ကုန် ဖေဖော်ဝါရီ ၁၆
သရုပ်ဆောင်/ဒါရိုက်တာမင်းအုပ် စိုး၏အမှုကို ဖေဖော်ဝါရီ ၁၆ ရက်တွင် ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံး ၌ ရုံးထုတ်၍ တရားလိုရဲအရာရှိအား စတင်စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါအမှုအတွက် တရားလို ဖြစ်သူဗဟန်းမြို့မရဲစခန်းမှ ရဲအရာခံ လင်းထွဋ်အား အမှုနှင့်ပတ်သက်သော အချက်များကို စတင်စစ်ဆေးခဲ့ပြီး တရားရုံးက ဖေဖော်ဝါရီ ၂၅ ရက်တွင် ထပ်မံရုံးချိန်းပေး၍ အမှုအတွက် စစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုအမှုသည် ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလအတွင်း ဖြစ်ပွားခဲ့ပြီး မတေးနုယဉ်သေဆုံးသည့်အပေါ်သက်ဆိုင်ရာ ရဲစခန်းက အမှုဖွင့်ဆောင် ရွက်ခဲ့သည်။ ထိုမှအမှုနှင့်ပတ်သက်၍ တရားစွဲဆိုစစ်ဆေးနိုင်ရန် ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ၂၆ ရက်တွင် လည်းကောင်း၊ ၂ဝ၁၅ခုနှစ် ဇန်နဝါရီ ၈ ရက်တွင်လည်းကောင်း၊ ဇန်နဝါရီ ၂၂ ရက်တွင်လည်းကောင်း၊ ဖေဖော်ဝါရီ ၄ရက်တွင် လည်းကောင်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ရုံးထုတ်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၆ ရက်တွင် ပဉ္စမမြောက်ရုံးချိန်း၌ တရားလိုဖြစ်သူ ကို စတင်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
ထိုအမှုစစ်ဆေးရာတွင် သတင်း မီဒီယာများကို တရားခွင်အဝ၌ နားထောင်ခွင့် ပြုခဲ့သည့်အတွက် ပွင့်လင်းမြင်သာမှုရှိသော စစ်ဆေးမှုမျိုးဖြစ်ကြောင်း ယင်းအမှုကိုသတင်း ယူလာရောက်သည့် မီဒီယာတစ်ဦးက ပြောသည်။ သေဆုံးသူ၏ ညီအစ်မ ဝမ်းကွဲတော်စပ်သူဟု ဆိုသည့် ဒေါ်သင်းသင်းမူက ပြောကြားရာတွင် မူလကတည်းက ကျန်းမာရေး မကောင်းခဲ့သောသေဆုံးသူ၏မိခင်မှာ ယခုသမီးဇောကြောင့် စိတ်ထိခိုက်၍ ကျန်းမာရေးပိုမိုဆိုးရွားသည့်အခြေအနေမျိုး ဖြစ်နေကြောင်းကိုလည်း ပြောကြားသွားခဲ့သည်။
ထိုအမှုကို ဖေဖော်ဝါရီ ၂၅ ရက်တွင် ဆဋ္ဌမမြောက်ရုံးထုတ် စစ်ဆေးမှုပြုလုပ်ရန်ရှိကြောင်း သိရသည်။
ထက်ခိုင်(စမ်းချောင်း)
The Mirror Daily
https://www.facebook.com/TheMirrorDaily

0 comments:
Post a Comment