ကျောင်းသားများကို သည်းခံခွင့်လွှတ်၍ အကောင်းဆုံးလိုက်လျောရန် အစိုးရသို့ သီတဂူဆရာတော်မေတ္တာရပ်ခံ

လက်ရှိနိုင်ငံတော်အစိုးရအနေဖြင့် ကျောင်းသား၊ကျောင်းသူများအပေါ် သည်းခံခွင့်လွှတ်၍ ၎င်းတို့၏ တောင်းဆိုချက်များကို အကောင်းဆုံးလိုက်လျောပေးနိုင်ပါရန် သီတဂူဆရာတော်ကြီးက အစိုးရအဖွဲ့သို့ မေတ္တာရပ်ခံစာတစ်စောင် ထုတ်ပြန်လိုက် သည်။
အဆိုပါမေတ္တာရပ်ခံစာကို ဖေဖော်ဝါရီ ၁၆ ရက်စွဲဖြင့် ထုတ် ပြန်ခဲ့ခြင်းဖြစ်ကာ ဖေဖော်ဝါရီ ၁၅ ရက်ကလည်းသပိတ်မှောက် ကျောင်းသားများသို့ပေးပို့သည့် မေတ္တာရပ်ခံစာတစ်စောင် ထုတ်ပြန်ခဲ့သည်။
နိုင်ငံ့ ရင်သွေးကျောင်းသား၊ ကျောင်းသူလေးများ၏ ခေတ်မီပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအစိုးရအနေဖြင့် အကောင်းဆုံး နှင့် အပြည့်စုံဆုံး ဖြစ်စေရန် အတတ်နိုင်ဆုံးဆောင်ရွက်ပေးစေလိုကြောင်း ဆရာတော်မေတ္တာရပ်ခံပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကျောင်းသား၊ ကျောင်းသူများသည် နိုင်ငံတော်၏ သားငယ် သမီးငယ်များဖြစ်သဖြင့် မိဘသဖွယ်ဖြစ်သော အစိုးရသည် သည်းခံခွင့်လွှတ်ခြင်းဖြင့် သားသမီးများ၏ဘ၀ကို ချီးမြှောက်ရိုးထုံးစံရှိရမည်ဖြစ်ကြောင်း ဆရာတော်ကြီး၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။
အဆိုပါထုတ်ပြန်ချက်ကို နိုင်ငံတော်အစိုးရထံသို့လည်း ပေးပို့ထားခြင်းဖြစ်ကာ ဆရာတော်ကြီးအနေဖြင့် တစ်ဖက်တည်းသို့ တိုက်တွန်းခြင်းမဟုတ်ဘဲ အစိုးရဘက်နှင့်ကျောင်းသားများဘက်သို့ပါ တိုက်တွန်းထားခြင်းဖြစ်ကြောင်း သီတဂူအဖွဲ့မှ ဥပသကာ တစ်ဦးကပြောသည်။
ဖေဖော်ဝါရီ ၁၅ ရက်တွင် ထုတ်ပြန်သော မေတ္တာရပ်ခံချက်တွင် သားတို့၊ သမီးတို့အနေဖြင့် မိမိတို့၏ အောင်မြင်မှုများကို ဂုဏ်ယူလျက် သက်ဆိုင်ရာအရပ်ဒေသအသီးသီးရှိ မိဘဆရာသမားတို့၏ ရင်ခွင့်သို့ အမြန်ဆုံးပြန်လည်ခိုဝင်ကာ အနာဂတ်တိုင်းပြည်အတွက် ပညာရပ်များဆက်လက် ဆည်းပူးသင်ကြားကြပါရန် သီတဂူဆရာတော်ကြီးက မေတ္တာ ရပ်ခံထားသည်။
အဆိုပါမေတ္တာရပ်ခံချက်ကို မိမိတို့အနေဖြင့် လေးစားသော်လည်း သပိတ်စစ်ကြောင်းများကို ရပ်နားမည်မဟုတ်ဘဲ ဆက်လက် ချီတက်သွားမည်ဖြစ်ကြောင်း ဒီမိုကရေစီပညာရေးလှုပ်ရှားမှုဦးဆောင်ကော်မတီမှ ကျောင်းသား ခေါင်းဆောင်အချို့က  ပြော သည်။
သို့သော် ဖေဖော်ဝါရီ ၁၆ ရက်တွင် ထားဝယ်၊ မြေလတ်၊ မုံရွာနှင့် ဧရာဝတီသပိတ်စစ်ကြောင်းတို့ ရပ်နားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
By
မင်းဟိန်းကျော်


Source..7daydaily.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment