တရုတ်-မြန်မာနယ်စပ်တည်ငြိမ်ရေး တာဝန်နှင့် လုပ်နိုင်စွမ်းရှိဟု တရုတ်ဝန်ကြီးချုပ်ပြော

15 March 2015 20:01(+0630) (လွန်ခဲ့သော 11 နာရီ ခန့်က)


တရုတ်နဲ့ မြန်မာ နယ်စပ်မှာ တည်ငြိမ်မှုရှိအောင် ဆောင်ရွက်ဖို့ တာဝန်နဲ့ လုပ်ဆောင်နိုင်စွမ်း  တရုတ်အစိုးရမှာ ရှိတယ်လို့  ဝန်ကြီးချုပ်က ပြောဆိုလိုက်ပါတယ်။

တရုတ်နဲ့ မြန်မာ နယ်စပ် ကိုးကန့်ဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် မြန်မာဘက်က ပစ်လိုက်တဲ့ ကျည်ဆန်တွေကြောင့် တရုတ်ဘက်ကို ကျရောက်ပြီး နယ်စပ်ဒေသမှာ မတည်ငြိမ်မှုတွေ ဖြစ်ပေါ်နေတာပါ။

ဒါနဲ့ ပက်သက်လို့ မတ်လ ၁၅ ရက်နေ့က ဘေကျင်းမြို့မှာ ပြုလုပ်တဲ့ ပုံမှန် သတင်းစာရှင်းပွဲမှာ နယ်စပ်တည်ငြိမ်မှုရှိအောင် တာဝန်ရှိသလို၊ လုပ်ဆောင်နိုင်စွမ်းလည်းရှိကြောင်း တရုတ် ဝန်ကြီးချုပ်က ပြောပါတယ်။

“မြန်မာနယ်စပ်ဘက်မှာ တရုတ် စစ်တပ်ကော၊ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကော တင်းတင်းကြပ်ကြပ် စောင့်ကြည့် တာဝန်ယူနေပါတယ်။ တရုတ်-မြန်မာနယ်စပ် တည်ငြိမ်မှု ရှိအောင် ဆောင်ရွက်ဖို့ ကျနော်တို့မှာ တာဝန်နဲ့ လုပ်ဆောင်နိုင်စွမ်းတွေရှိတယ်။ ပြီးတော့ နယ်စပ်မှာ နေထိုင်တဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်လုံခြုံရေးတွေအတွက် ပြတ်ပြတ်သားသား ခုခံကာကွယ်သွားမယ်။”

ပြီးခဲ့တဲ့ လကတည်းက မြန်မာအစိုးရကို တိုက်ပွဲတွေ ထိန်းထိန်းသိမ်းသိမ်းရှိဖို့ တိုက်တွန်းခဲ့ကြောင်း၊ နယ်စပ်တလျှောက်က တရုတ်ပြည်သူတွေရဲ့ ဘဝ အိုးအိမ် စည်းစိမ်တွေလည်း ပျက်စီးဆုံးရှုံးခဲ့ရပြီး ခံစားနေရတဲ့ ပြည်သူတွေအတွက်လည်း ကိုယ်ချင်းစာနာမိကြောင်း၊ အခုလိုဖြစ်နေတာ အရမ်း စိတ်ပျက်နေရကြောင်းလည်း တရုတ်ဝန်ကြီးချုပ်က ပြောပါတယ်။

ဒါပေမယ့် တရုတ်နယ်မြေထဲကို ဗုံးကျရောက်ပေါက်ကွဲမှုအပေါ် မြန်မာအစိုးရက ငြင်းဆိုလိုက်ပြီး ဒါဟာ ကိုးကန့်လက်နက်ကိုင်တွေက နှစ်နိုင်ငံကြား နားလည်မှုလွဲမှားအောင် တရုတ်နိုင်ငံဘက်ထဲကို ပစ်လိုက်တာဖြစ်နို်င်ကြောင်း ပြောဆိုထားပါတယ်။

မြန်မာ့လေတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ကိုးကန့်တိုက်ပွဲတွေနဲ့ ထိစပ်နေတဲ့ ယူနန်ပြည်နယ်၊ လင်ချန်း နယ်စပ်မြို့က ကြံစိုက်ခင်းကို မတ် ၁၃ ရက် ဗုံးထိမှန်ခဲ့လို့ တရုတ်နိုင်ငံသား ၄ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရသွားတယ်လို့ ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။

အဲ့ဒီ အဖြစ်အပျက်ကြောင့် တရုတ်ဘက်က မြန်မာစစ်တပ်အကြီးအကဲကို သတိပေးတာတွေရှိသလို မြန်မာသံအအမတ်ကြီးကို ဆင့်ခေါ်ပြီး အသေးစိတ် စုံစမ်းစစ်ဆေးဖို့နဲ့ စုံစမ်းမှုတွေကို အသိပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment