အာဖဂန် သမ္မတနန်းတော်နားတွင် အသေခံဗုံးခွဲ


အာဖဂန်နစ္စတန်နိုင်ငံရဲ့ မြို့တော် ကဘူးလ်မြို့လယ်ခေါင် သမ္မတနန်းတော်အနားမှာ အသေခံဗုံးခွဲမှုတခု မတ် ၂၅ ရက်နေ့က ဖြစ်ခဲ့လို့ လူ ၆ ဦး သေဆုံးပြီး တခြားလူ အယောက် ၃၀ ကျော် ဒဏ်ရာရပါတယ်။

အသေခံဗုံးခွဲသမားက ဖောက်ခွဲရေးပစ္စည်းတွေ တပ်ဆင်ထားတဲ့ ကားကို မောင်းလာခဲ့တာ ဖြစ်ပြီး တိုက်ခိုက်မှုပစ်မှတ်က ဘာလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အရင်အပတ်ကလည်း အူရပ်ဇ်ဂံခရိုင်ကနေ ကဘူးလ်ကို အလည်လာတဲ့ သြဇာကြီးတဲ့ ခရိုင်ရဲချုပ် တယောက်ကို ပစ်မှတ်ထားပြီး ဗုံးနဲ့ တိုက်ခိုက်မှု ဖြစ်ခဲ့ပါသေးတယ်။

နှစ်စဉ်လုပ်နေကျ တာလီဘန်တွေရဲ့ နွေဦး ခုခံမှုတွေ စဖို့ မျှော်လင့်ထားလို့ မြို့တော်နဲ့ တကွ နိုင်ငံတလွှားက ဗျူဟာမြောက်ခရိုင်တွေကို အဆင့်မြင့် တပ်လှန့်ထားပါတယ်။

၂၀၀၁ ခုနှစ်က အမေရိကန်ဦးဆောင်တဲ့ ကျူးကျော်စစ်ကနေ နှင်ထုတ်တာ ခံထားရတဲ့ စစ်သွေးကြွအုပ်စုဟာ အာဖဂန်အစိုးရနဲ့ နိုင်ငံခြား ကျောထောက်နောက်ခံ ပေးထားသူတွေကို တိုက်ခိုက် သူပုန်ထနေခဲ့တာပါ။

မနှစ်က ဒီဇင်ဘာလမှာ တပ်တွေ တိုက်ခိုက်ရေးအခန်းကဏ္ဍ တရားဝင် ပြီးဆုံးလို့ နိုင်ငံခြားတပ်တွေ စတင်ဆုတ်ခွာခဲ့ပြီးနောက် တိုက်ပွဲတွေ တိုးလာခဲ့လို့ အရပ်သား အယောက် ၃၇၀၀ နီးပါး သေဆုံးပြီး လူအယောက် ၆၈၀၀ လောက် ဒဏ်ရာရခဲ့ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no



  • သုဘရာဇာကို တုန်လှုပ်သွားစေခဲ့တဲ့ သေရွာပြန် အမျိုးသမီး
  • လက်ရှိရည်းစားနဲ့ ရည်းစားဟောင်း နှစ်ဦးစလုံး မြစ်ထဲခုန်ချခဲ့တာကြောင့် ဘယ်သူ့ကယ်ရမှန်းမသိ အကျပ်ရိုက်ခဲ့တဲ့ အမျိုးသား
  • ဖက်ရှင်ကို အလွန်အမင်း အရေးပေးလာတဲ့ နယူးရော့ခ်ကို သရော်တဲ့အနေနဲ့ ကိုယ်တုံးလုံးပုံတွေချည်း ရိုက်ကူးထားတဲ့ ဓာတ်ပုံစာအုပ်တစ်အုပ် ထွက်ရှိ
  • ခေတ်စားနေတဲ့ စုံတွဲများ စုပေါင်း ကာမဆက်ဆံခြင်း
  • လက်တင်အမေရိကမှာ လူမြင်ကွင်း ကလေးနို့ရည်တိုက်ကျွေးခြင်း တားမြစ်ပါက ဒဏ်ငွေရိုက်မယ့်ဥပဒေပြဌာန်း
  • မကျွမ်းကျင်သေးတဲ့ လက်သည်းအလှပြုပြင်သူကြောင့် လက်သည်းခွံတွေ ဖယ်ရှားလိုက်ရတဲ့ မော်ဒယ်လ် အမျိုးသမီး
  • အတင်းဓမ္မပြုကျင့်ဖို့ ကြိုးစားသူရဲ့ တန်ဆာကို ပါးစပ်နဲ့ ကိုက်ဖြတ်
  • ထိုင်းနိုင်ငံမှာ “ရင်သားအောက်ပိုင်းတစ်ဝက်ပေါ် Selfie” ရိုက်တဲ့ အမျိုးသမီးတွေ ထောင်ဒဏ် (၅) နှစ်ကျခံရမယ်လို့ သိရ
  • ဈာပန အခမ်းအနားရောက်မှ အမေ မသေသေးတာ သိလိုက်ရတဲ့ သားသမီးများ
  • အိန္ဒိယနိုင်ငံမှာ နှလုံးက ခန္ဓာကိုယ်အပြင်ဘက် ငေါထွက်နေတဲ့ ကလေးမွေးဖွား
  • အမျိုးသားတွေကို စတာလင်ပေါင် ၃၅၀ ပေးပြီး သူမကို ကိုယ်ဝန်ရရှိအောင် ပြုလုပ်ပေးဖို့ ကမ်းလှမ်းခဲ့တဲ့ အမျိုးသမီး
  • အိမ်ဝယ်မယ်ဆိုရင်အိမ်ရှင်အမျို သမီးကသူ့ကိုအလကားရမယ်တဲ့
  • ချစ်တင်းနှီးနှောနေစဉ်လိင်အင်္ဂါကျိုးပျက်သွားတဲ့အမျိုးသား
  • ၁၁နှစ်သားနဲ့ ၁၅နှစ်သမီးကိုသတ်ပြီးရေခဲသေတ္တာထဲထည့်သိမ်းထားတဲ့မိခင်ဖမ်းခံရ
  • မိဘနှစ်ပါးကိုချက်ပြုတ်စားသောက်တဲ့သားမိုက်


  • Share on Google Plus

    About Editor

    This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
      Blogger Comment
      Facebook Comment

    0 comments:

    Post a Comment