အကြမ်းဖက်အဖွဲ့နဲ့ ဆက်စပ်သူလို့ ထင်ရသူ ၇ ဦးကို အင်ဒိုဖမ်းဆီး

(Credit: AFP)

IS ​အစ္စလာမ်မစ် ​အဖွဲ့နဲ့ ​အဆက်အသွယ် ​ရှိတယ်လို့ ​ယူဆရသူ ​လူ ​နှစ်ယောက်ကို ​အင်ဒိုနီးရှား ​အစိုးရက ​မနေ့က ​ဖမ်းဆီးလိုက်ပြီး ​ဒါဟာ ​တစ်ပါတ်အတွင်း ​၇ ​ယောက်မြောက် ​ဖမ်းဆီးခံရခြင်း ​ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံက ​အကြမ်းဖက် ​ကွန်ယက်အဖွဲ့တွေနဲ့ ​IS ​အဖွဲ့တွေအကြား ​ဆက်ဆံရေး ​တိုးလာတာတွေ ​ရှိတယ်လို့ ​ပြောဆိုပြီးတဲ့နောက် ​လူနှစ်ယောက်ကို ​မနေ့က ​ဖမ်းဆီးလိုက်တာ ​ဖြစ်ပါတယ်။

ဒါ့အပြင် ​အရင်ရက်တွေတုန်းကလည်း ​အင်ဒိုနီးရှား ​နိုင်ငံသား ​၁၆ ​ယောက်ကို ​ဆီးရီးယား ​နိုင်ငံက ​IS ​အဖွဲ့နဲ့ ​သွားရောက်ပူးပေါင်းဖို့ ​စီစဉ်ကူညီခဲ့သူ ​လူ ​၅ ​ယောက်ကိုလည်း ​ဖမ်းဆီးခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံသား ​၁၅၉ ​ယောက်က ​IS ​အဖွဲ့နဲ့ ​ပူးပေါင်းခဲ့ပြီး ​အဲဒီအထဲက ​၁၁ ​ယောက် ​သေဆုံးခဲ့ရပြီ ​ဖြစ်တယ်လို့ ​ဆိုပါတယ်။

ဒါ့အပြင် ​၁၁ ​ယောက်က ​အင်ဒိုနီးရှားနိုင်ငံကို ​ပြန်လာပြီး ​သုံးယောက်ကိုတော့ ​ဖမ်းမိထားပြီလို့ ​အင်ဒိုနီးရှား ​ရဲအရာရှိက ​ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံကို ​ပြန်ရောက်လာတဲ့ ​လူတွေက ​အင်ဒိုနီးရှားနိုင်ငံမှာ ​အကြမ်းဖက်မှုတွေ ​ပြန်လုပ်ဖို့ ​အခြေအနေ ​ရှိနေတယ်လို့ ​ပြောလိုက်သလို ​အရင်လတုန်းက ​ရှော့ပင်းစင်တာ ​တစ်ခုမှာ ​ကလိုရင်းဗုံးတွေနဲ့ ​တိုက်ခိုက်ခဲ့တာကလည်း ​အဲဒီလို ​IS ​အဖွဲ့နဲ့ ​ပူးပေါင်းရာက ​ပြန်ရောက်လာသူတွေ ​ဖြစ်နိုင်တယ်လို့ ​ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ ​ကလိုရင်း ​ဗုံးတွေကို ​တခါမှ ​အသုံးမပြုဖူးပဲ ​အဲဒီဗုံးတွေကို ​IS ​အဖွဲ့ကသာ ​သုံးလေ့ရှိတာကြောင့် ​အဲဒီလို ​စွပ်စွဲရတာ ​ဖြစ်ကြောင်းလည်း ​ပြောပါတယ်။

ဘာလီမြို့မှာ ​ဖြစ်ခဲ့တဲ့ ​ဗုံးပေါက်ကွဲမှုတုန်းက ​ဆိုရင်လည်း ​အကြမ်းဖက်သမားတွေက ​အာဖဂန်နစ္စတန်ကို ​သွားပြီး ​သင်တန်းတွေ ​တက်ခဲ့ကြတယ်လို့ ​ဆိုပါတယ်။

အကြမ်းဖက်သမားတွေဆီ ​သင်တန်းတက်ခဲ့သူ ​၁၉၇ ​ယောက် ​အင်ဒိုနီးရှားကို ​ပြန်လာပြီး ​ဗုံးခွဲခဲ့တာလို့ ​ဆိုပါတယ်။

အဲဒီတုန်းက ​အချိန်မှီ ​မဖမ်းဆီးနိုင်ခဲ့ပေမယ့် ​ဒီတချီမှာတော့ ​အတတ်နိုင်ဆုံး ​လုပ်ဆောင်နေတယ်လို့ ​ရဲအရာရှိက ​ပြောပါတယ်။

ဘာလီမြို့မှာ ​ဖြစ်ခဲ့တဲ့ ​ဗုံးပေါက်ကွဲမှု ​အတွင်း ​နိုင်ငံခြားသားတွေ ​အများအပြား ​သေဆုံးခဲ့ရပြီး ​အဲဒီအထဲမှာ ​သြစတြေးလျနိုင်ငံသား ​အယောက် ​၈၀ ​ကျော် ​ပါဝင်ခဲ့ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment