မြန်မာစီးပွားရေးမှာ ၈% ကျော် တိုးတက်မှုရှိ -ADB


အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ ​အဆိုအရ ​မြန်မာနိုင်ငံရဲ့ ​စီးပွားရေးဟာ ​လာမယ့် ​၂ ​နှစ်အတွင်း ​၈% ​တိုးတက်ဖို့ ​ရှိပြီး ​ပြုပြင်ပြောင်းလဲရေးတွေ ​ဆက်လုပ်ဖို့ ​တိုက်တွန်းထားပါတယ်။

၂၀၁၅ ​ခုနှစ်  ​ဘဏ္ဍာနှစ်အတွင်း ​မြန်မာ့ ​စီးပွားရေးက ​၈.၃ ​% ​တိုးတက်ဖို့ရှိပြီး ​၂၀၁၆ ​ခုနှစ်အတွက်လည်း ​အလားတူ ​အခြေအနေမှာ ​ရှိနေတယ်လို့ ​ပြောပါတယ်။

ရွေးကောက်ပွဲမတိုင်ခင် ​မြန်မာအစိုးရအနေနဲ့ ​ပြုပြင်ပြောင်းလဲရေးတွေ ​နှောင့်နှေးမသွားအောင် ​လုပ်ဆောင်ဖို့ ​မျှော်လင့်ပြီး ​ရွေးကောက်ပွဲက ​ငြိမ်းချမ်းစွာ ​ပြီးဆုံးသွားမယ်လို့ ​မျှော်လင့်ကြောင်း ​ပြောပါတယ်။

ရွေးကောက်ပွဲကို ​ငြိမ်းချမ်းစွာ ​မကျင်းပနိုင်ဘူးဆိုရင် ​မြန်မာနိုင်ငံမှာ ​မတည်ငြိမ်မှုတွေ၊ ​ဈေးကွက် ​မရေရာမှုတွေ ​ဖြစ်ပြီး ​စီးပွားရေးကို ​ထိခိုက်နိုင်တယ်လို့ ​အာရှဖွံ့ဖြိုးရေးဘဏ်က ​Peter ​Brimble ​က ​ပြောပါတယ်။

မြန်မာနိုင်ငံမှာ ​စီးပွားရေးလုပ်ဖို့ ​မှတ်ပုံတင်မှုက ​၁၀% ​တိုးတက်လာသလို ​တိုက်ရိုက် ​နိုင်ငံခြား ​ရင်းနှီးမြုပ်နှံမှုကလည်း ​၆.၆ ​ဘီလီယံ ​တိုးတက်လာတာကြောင့် ​မြန်မာအပေါ် ​စီးပွားရေး ​သမားတွေ ​အယုံအကြည် ​ရှိနေတာကို ​ပြသရာ ​ရောက်တယ်လို့ ​ပြောသွားခဲ့ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment