သံတွဲတွင် ရခိုင်မင်္ဂလာစည်တော်၌ ကြံ့ခိုင်ရေးပါတီ တံဆိပ်ကပ်၍ ဝါဒဖြန့်မှု ဝေဖန်ခံရ


ရန်ကုန်၊ မတ် ၂၅

ရခိုင်ပြည်နယ်၊ သံတွဲမြို့ ကြိုဆိုပွဲ တစ်ခုတွင် ရခိုင်မင်္ဂလာစည်တော်၌ ကြံ့ခိုင်ရေးပါတီ တံဆိပ်ကပ်၍ ဝါဒဖြန့်မှုပြုလုပ်ခဲ့သဖြင့် ယင်းလုပ်ရပ်အပေါ် အများက ဝေဖန် ပြစ်တင်လိုက်သည်။

ယင်းသို့ အမျိုးသားရေး အရ အထွဋ်အမြတ် ထားသော ရခိုင်မင်္ဂလာစည်တော်တွင် ကြံ့ခိုင်ရေး ပါတီ တံဆိပ်ကပ်၍ ၀ါဒ ဖြန့်မှုမှာ အမျိုးသားရေး လက္ခဏာကို ဖျောက်ဖျက်ပစ်လို၍ ဖြစ်သည်ဟု သံတွဲမြို့ခံ စာရေးဆရာမ နွယ်သာကီ(သံတွဲ)က ဝေဖန် ပြောဆိုသည်။

“ရခိုင်မင်္ဂလာစည်ဆိုတာက  ရခိုင်အမျိုးသားရေးဝိသေသတစ်ခုလေ။ ဆရာတော်ဦးဝိရသူဟာ ဘယ်လောက်ပဲ အမျိုးသားရေးဝါဒီဘုန်းကြီးဖြစ်ပါစေ၊ ဒါက ရခိုင်လူမျိုးနဲ့ဆိုင်တဲ့ ဝိသေသ၊ မင်္ဂလာစည်။ ဥပမာ ရခိုင်ပါတီအနေနဲ့ ရခိုင်ပါတီဆိုလည်း ဒီလိုမလုပ်ရဘူး။ မြန်မာနိုင်ငံကိုအုပ်ချုပ်နေတဲ့ အင်အားကြီး ပါတီတစ်ခုအနေနဲ့ အမျိုးသားရေး လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုတာကိုတောင် သူတို့မသိဘူးလား။ ရခိုင် မင်္ဂလာစည်တော်မှာ ကြံ့ခိုင်ရေးတံဆိပ်ကိုသုံးလိုက်တာဟာ အမျိုးသားရေး လက္ခဏာတွေကို ဖျောက်ပစ်လိုတဲ့ လုပ်ရပ်ပါပဲ”ဟု ပြောသည်။

မတ်လ ၂ဝ ရက်နေ့နံနက်ပိုင်းက စစ်တွေမြို့မှ သံတွဲမြို့သို့ ကြွချီလာသည့် မန္တေလေး မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝိရသူကို သံတွဲလေဆိပ်တွင်ကြိုဆိုတီးခတ်ခဲ့သည့်ရခိုင်မင်္ဂလာစည်တော်၌ ယင်းသို့ ကြံ့ခိုင်ရေးပါတီ တံဆိပ်ကို ကပ်၍ ၀ါဒဖြန့်ချီမှု ပြုလုပ်ခဲ့သည်ဟု သိရသည်။

ယင်းသို့ ရခိုင်မင်္ဂလာစည်တော်တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးတံဆိပ်ပါ စည်ချုပ်ကို ဆင်ယင်လျက် အမျိုးသားရေး တက်ကြွလှုပ်ရှားနေသည့် ဆရာတော်တစ်ပါးကို ကြိုဆိုလိုက်ခြင်းမှာ အမျိုးသားယဉ်ကျေးမှုကို ချစ်မြတ်နိုးသူ သံတွဲမြို့ခံများကို အများအမြင်တွင် သိက္ခာချလိုက်သည်နှင့်တူကြောင်းလည်း မြို့ခံများက ပြောဆိုနေကြသည်။

သံတွဲမြို့ခံ ကိုစိန်ချစ်က“ရခိုင်ပါတီပဲဖြစ်ဖြစ်၊ ကြံ့ခိုင်ရေးပါတီပဲဖြစ်ဖြစ်၊ အခုလို ရိုးရာယဉ်ကျေးမှုအပေါ်မှာတော့ အခုလိုမျိုးမလုပ်သင့်လို့မြင်ပါတယ်။ ရခိုင့် image ကိုတော့ မဖျောက်သင့်ဘူးပေါ့လေ။ ပါတီတံဆိပ်ကိုတော့ တခြားနေရာတွေမှာ သုံးလို့ပါတယ်”ဟု မှတ်ချက်ပြုပြောသည်။

ရခိုင်စည်တွင် ကြံ့ခိုင်ရေးတံဆိပ်ပါအချုပ်ကိုဆင်ယင်စေခဲ့သူမှာ မြို့နယ်ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ၏စေခိုင်းမှုကြောင့်ဟု ဒေသခံများက ဆိုသည်။

ယင်းနှင့်ပတ်သက်ပြီး မြို့နယ်ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌအား နိရဉ္စရာက ဆက်သွယ်ရန်ကြိုးစားခဲ့သော်လည်း ဆက်သွယ်မရခဲ့ပါ။

ရခိုင့်ယဉ်ကျေးမှုတံဆိပ်များကိုအသုံးမပြုခဲ့ဘဲ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတံဆိပ်များကိုအသုံးပြုခဲ့သည့်အတွက် မကျေမနပ်မှုများနှင့် အတူ ယခုကဲ့သို့ ဝေဖန်မှုများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

မာန်ယုကျော် (ရွှေဝမြေ)
နိရဉ္စရာ
http://www.narinjara.com/burmese




  • လက်ရှိရည်းစားနဲ့ ရည်းစားဟောင်း နှစ်ဦးစလုံး မြစ်ထဲခုန်ချခဲ့တာကြောင့် ဘယ်သူ့ကယ်ရမှန်းမသိ အကျပ်ရိုက်ခဲ့တဲ့ အမျိုးသား
  • ဖက်ရှင်ကို အလွန်အမင်း အရေးပေးလာတဲ့ နယူးရော့ခ်ကို သရော်တဲ့အနေနဲ့ ကိုယ်တုံးလုံးပုံတွေချည်း ရိုက်ကူးထားတဲ့ ဓာတ်ပုံစာအုပ်တစ်အုပ် ထွက်ရှိ
  • ခေတ်စားနေတဲ့ စုံတွဲများ စုပေါင်း ကာမဆက်ဆံခြင်း
  • လက်တင်အမေရိကမှာ လူမြင်ကွင်း ကလေးနို့ရည်တိုက်ကျွေးခြင်း တားမြစ်ပါက ဒဏ်ငွေရိုက်မယ့်ဥပဒေပြဌာန်း
  • မကျွမ်းကျင်သေးတဲ့ လက်သည်းအလှပြုပြင်သူကြောင့် လက်သည်းခွံတွေ ဖယ်ရှားလိုက်ရတဲ့ မော်ဒယ်လ် အမျိုးသမီး
  • အတင်းဓမ္မပြုကျင့်ဖို့ ကြိုးစားသူရဲ့ တန်ဆာကို ပါးစပ်နဲ့ ကိုက်ဖြတ်
  • အိမ်ဝယ်မယ်ဆိုရင်အိမ်ရှင်အမျို သမီးကသူ့ကိုအလကားရမယ်တဲ့
  • ချစ်တင်းနှီးနှောနေစဉ်လိင်အင်္ဂါကျိုးပျက်သွားတဲ့အမျိုးသား
  • Share on Google Plus

    About Editor

    This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
      Blogger Comment
      Facebook Comment

    0 comments:

    Post a Comment