ဂျာမန်ခရီးသည်တင်လေယာဉ် ပြင်သစ်တောင်ပိုင်းမှာပျက်ကျ


ပြင်သစ်နိုင်ငံတောင်ပိုင်း Alps တောင်တန်းဒေသမှာ ခရီးသည် ၁၄၂ ဦးလိုက်ပါလာတဲ့ A320 လေယာဉ်တစင်းဟာ ဒီကနေ့ အင်္ဂါနေ့မှာ ပျက်ကျသွားခဲ့ပါတယ်။

လေယာဉ်ပေါ်မှာ လိုက်ပါသွားသူ လေယာဉ်ဝန်ထမ်း အပါအဝင် စုစုပေါင်း ၁၄၈ ဦး စလုံး သေဆုံးသွားတယ်လို့ ပြင်သစ်သမ္မတ Francois Hollande က အတည်ပြုပြောကြားကြောင်း AP သတင်းမှာ ဖော်ပြထားပါတယ်။

လေယာဉ်ဟာ ဂျာမဏီလေကြောင်း Lufthansa နဲ့ ဆက်ထားတဲ့ Germanwings ပိုင် လေယာဉ်ဖြစ်ကြောင်း ပြင်သစ်လေကြောင်းဆိုင်ရာ အရာရှိတွေက ပြောပါတယ်။ လေယာဉ်ဟာ စပိန်နိုင်ငံ Barcelona ကနေ ဂျာမဏီနိုင်ငံ Dusseldorf- ကို ပျံသန်းစဉ် ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်သတင်းစာ La Provence ထဲမှာလည်း  အဲဘတ်စ် A 320 ဟာ ခရီးသည် ၁၄၂ ဦး၊ လေယာဉ်မှုး ၂ ဦးနဲ့ လေယာဉ်မယ် ၄ ဦးတို့ လိုက်ပါသွားတယ်လို့ ဖော်ပြထားပါတယ်။ လေယာဉ်ပေါ်မှာ လိုက်ပါသွားတဲ့ ခရီးသည်တွေဟာ ဘယ်နိုင်ငံသားတွေလည်း ဆိုတာတော့ အခုချက်ချင်း မသိရသေးပါဘူး။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com




  • လက်ရှိရည်းစားနဲ့ ရည်းစားဟောင်း နှစ်ဦးစလုံး မြစ်ထဲခုန်ချခဲ့တာကြောင့် ဘယ်သူ့ကယ်ရမှန်းမသိ အကျပ်ရိုက်ခဲ့တဲ့ အမျိုးသား
  • ဖက်ရှင်ကို အလွန်အမင်း အရေးပေးလာတဲ့ နယူးရော့ခ်ကို သရော်တဲ့အနေနဲ့ ကိုယ်တုံးလုံးပုံတွေချည်း ရိုက်ကူးထားတဲ့ ဓာတ်ပုံစာအုပ်တစ်အုပ် ထွက်ရှိ
  • ခေတ်စားနေတဲ့ စုံတွဲများ စုပေါင်း ကာမဆက်ဆံခြင်း
  • အတင်းဓမ္မပြုကျင့်ဖို့ ကြိုးစားသူရဲ့ တန်ဆာကို ပါးစပ်နဲ့ ကိုက်ဖြတ်
  • လက်တင်အမေရိကမှာ လူမြင်ကွင်း ကလေးနို့ရည်တိုက်ကျွေးခြင်း တားမြစ်ပါက ဒဏ်ငွေရိုက်မယ့်ဥပဒေပြဌာန်း
  • မကျွမ်းကျင်သေးတဲ့ လက်သည်းအလှပြုပြင်သူကြောင့် လက်သည်းခွံတွေ ဖယ်ရှားလိုက်ရတဲ့ မော်ဒယ်လ် အမျိုးသမီး
  • Share on Google Plus

    About Editor

    This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
      Blogger Comment
      Facebook Comment

    0 comments:

    Post a Comment