ပြည်ထောင်စုနေ့စဉ် သတင်းထောက်မောင်မျိုး ကိုယ်တွေ.လက်ပံတန်းဖြစ်ရပ်


လက်ပံတန်း၊မတ် ၁၀ရက်

နေရောင်က ပူပြင်းလှသည်။ နေရောင်အောက်တွင် အဖွဲ့အစည်းနှစ်ခု တွန်းထိုးနေကြသည်။ ထိုသူ များကား မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သပိတ်မှောက် ကျောင်းသားများပင်။ သပိတ်မှောက် ကျောင်းသားများမှာ လက်ပံတန်းမြို့ပေါ်ရှိ ကျွန်းကလေးလမ်းတွင် တစ်ဖက်တစ်ချက်ပိတ်ဆို့ထား သော ရဲတပ်ဖွဲ့များကြား ထိုနေရာမှ ထိုးဖောက် ရန်ကြိုးစားနေခြင်းပင်။

ရဲတပ်ဖွဲ့ဝင်အင်အား ၅ဝဝ ထက်မနည်း ပိတ်ဆို့ထားမှုများကြား လူခြင်းတိုက်ကာအပြင် ရောက်အောင် တိုးထွက်နေကြခြင်းပင်။ ကျောင်းသားက ၁၅ဝခန့် သာ။ နောက်ဆုံးကျောင်းသားများ ရာဇသံပေးခဲ့ သောအချိန်ဖြစ်သည့် ၁ဝနာရီ ၁ဝမိနစ်သို့ ရောက်ရှိသည့် တိုင် ပဲခူးတိုင်းဒေသကြီး နယ်လုံ ဝန်ကြီးနှင့် ညှိနှိုင်းရာ အဆင်မပြေ သဖြင့် နံနက် ၁၁နာရီ ၄၅မိနစ်က စတင်ပြီး တွန်းထိုးနေကြခြင်းဖြစ် သည်။

နယ်လုံဝန်ကြီးက ကျောင်းသားများကို သွားခွင့်ပြုသည်။ သို့သော် အလံကိုင်ခြင်း၊ စတေကာ ကပ်ခြင်း မပြုလုပ်ဘဲ သူတို့စီစဉ်သော ကားများဖြင့် ရန်ကုန်ကို ပြန်ရန်ဖြစ်သည်။ ကျောင်းသားများက လက်မခံ သောကြောင့် အခြေအနေက တင်းမာလာခြင်းဖြစ်သည်။

တွန်းထိုးလိုက်၊ နားလိုက် ထပ်မံတွန်းထိုးလိုက်။ သို့နှင့် အချိန်ကား တစ်နာရီကျော်လာပြီ ဖြစ်သည်။ တစ်နာရီကျော်လာ သောအခါတွင် ရဲတပ်ဖွဲ့များနှင့် ကျောင်းသားများကြား ရေဘူးများ ဝဲလာသည်။ မည်သူဘက်က ထွက်လာသော ရေဘူးများမှန်းမသိ။ ထို့နောက် ရေဘူးများနောက်တွင် ခဲများ၊ဖိနပ်များအပြန် အလှန်ပေါက်ကြသည်။

အပြန်အလှန်ပေါက်ပြီးနောက် ရဲတပ်ဖွဲ့ဝင်များကြားမှ မည်သူက အော်လိုက်သည်မသိ 'အဲဒီ ကောင်တွေ ချကွာချချ'ဆိုသော အသံ ထွက်ပေါ်လာပြီးနောက် တပ်ဖွဲ့ဝင်များ နံပါတ်တုတ် ကိုယ်စီဖြင့် ရိုက်နှက်ကြတော့သည်။ တွေ့သမျှ ကျောင်းသားများကို အကုန်ရိုက်ခြင်းပင်။

ရိုက်သည်ဆိုရာတွင် အနည်း ငယ်ရှင်းပြလိုသည်။ ရဲတပ်ဖွဲ့ဝင် နှစ်ဦးက ကျောင်းသား တစ်ဦးကို မိလျှင်မိခြင်း ချုပ်နှောင်ထားသည်။ ကျန်ပြေးထွက်လာသော ရဲဘော်များက နံပါတ် တုတ်များဖြင့် ဝိုင်း ပြီးရိုက်ကြခြင်းပင်။ လူတစ်ဦးမှာမူ ရဲများဝိုင်းရံနေသည့်ကြားတွင် လက်နှစ်ဖက်ကို ခေါင်းပေါ်တွင် အုပ်ထားသည့်ကြားမှ ရိုက်နှက်ခြင်းခံရသည်။ ထိုရဲဘော်များ အနောက်တွင်ရှိသော အရာရှိများကတားသည်။ မလုပ်ရန်ပြောသည်။ မရ၊ တားမြစ်နေသည့်ကြားကဝင်ရောက်ရိုက် နှက်ကြသည်။

အိမ်ထဲတွင်ရှိသော ကျောင်း သားများကို ဆွဲထုတ်ကြသည်။ ထို့နောက် ရိုက်နှက်ကြသည်။ ပုန်း အောင်းနေသူများကို ဆွဲထုတ်ကြသည်။ ရိုက်နှက်ကြသည်။ တချို့ဆိုလျှင် ရိုက်နှက်မှုကြောင့် လဲကျသွားသည်။ လဲကျနေသည်ကိုပင် အမှုမထား။ ခြေဖြင့်ကန်ကျောက်ကြသည်။ အချက်နှစ်ဆယ် ထက်မနည်း ရိုက်နှက်ကြသည်။

ထိုသို့မြောက်မြားစွာသော ရဲများအကြားလေးစားစရာကောင်းသူများလည်းရှိနေသည်ကို ချန် လှပ်ထား၍ မဖြစ်ပါချေ။ ကျောင်းသားတစ်ဦးကို အဆိုပါရဲက တွေ့သောခဏ၌ သူ့ဆီပြေးသွားသည်။ ထို့နောက် အုပ်မိုး ထားသည်။ ကျောင်းသားကို ဒိုင်း ဖြင့်ကာထားသည်။ ထိုသူက ဆက်ပြောသည်။ 'ရိုက်ရဲတဲ့ကောင် ရိုက်၊ ငါ့ကိုရိုက်ပြီးမှ ဒီကောင့်ကို ရိုက်'ဟုဆိုကာ ကာကွယ်ပေးပြီး ကားပေါ်တင် ဆောင်သွားသည်။ ထိုကဲ့သို့သူမျိုး ဆယ်ယောက် ထက်မပို။

အဖြစ်အပျက်များက မြန်ဆန် လွန်းသည်။ ဖြတ်ကနဲဖြတ်ကနဲ။ ရဲများက ပြေးလွှားပြီး မဲမဲမြင်ရာ အကုန် ရိုက်ပစ်သည်။ ကျောင်း သားများ၏ သပိတ်ကားတစ်စီး ရပ်ထားသည်ကို ရဲ ၁ဝယောက်ထက် မနည်း ကားပေါ်တက်ကာ ရိုက်သည်။ ကားမှန်ကိုရိုက်ခွဲ သည်။ အပေါ်ရှိပစ္စည်းများကို ထုခွဲသည်။ ကန်ကျောက်သည်။ ကားမှာ ရစရာမရှိ တစ်စစီဖြစ်သွား သည်။ လမ်းပေါ်တွင်ရှိသောခုံများ၊ ဖျာများ၊ ကျောပိုးအိပ်များ၊ အလံများ အစရှိသည့် ပစ္စည်းများ ကိုထုခွဲသည်။ ကန်ကျောက်သည်။

ထို့နောက် ခဏပြန်ငြိမ်သွားသည်။ ပြီးလျှင်သပိတ်မှောက် ကျောင်းသားများကို ကူညီသည့် သပိတ်စခန်း အနောက်ဘက်ရှိ ဘုန်းကြီးကျောင်းဆီသို့ ပြေးသွား ကြပြန်သည်။ အင်အား ၅ဝကျော် ခန့်ကဖြစ်သည်။ ထို့နောက် ပတ်လည်ဝိုင်းထားသည်။ အထဲတွင်ရှိသော ကျောင်းသားများကိုဆွဲထုတ် ရိုက်နှက် ကြိုးတုတ်ထား ကြပြန်သည်။ အနောက်ကအရာ ရှိများက တားမြစ်တုန်း။ သို့သော် မရ။

ထိုအဖြစ်အပျက်များကို မှတ်တမ်းယူနေသူ ကျွန်တော် မောင်မျိုးမှာ သပိတ်စခန်းနှင့် ရဲတပ်ဖွဲ့ ဝင်များတွေ့ဆုံသောနေရာ ထောင့်တွင်ရှိနေခြင်းပင်။ ရုတ်ရုတ်သဲသဲဖြစ်နေစဉ် ထောင့်ကပ်ပြီး ရပ်နေ မိသည်။ ဟိုဘက်သည်ဘက်သွား၍ အဆင်မပြေ။ သွားလဲမသွားရဲ ဖြစ်နေသည်။ ထို့ကြောင့်ပင် အခြားသော သတင်းထောက် လေးယောက်လောက်နှင့်ရပ်နေသည်။ ကျွန်တော့်ရင်ဘတ်တွင်မူ PRESS ဟူသော စာတန်းပါ အရှည်ခြောက်လက်မ၊ အနံသုံး လက်မခန့်ရှိသော ကတ်ပြားကို ချိတ်ဆွဲ ထားသည့်အပြင် လက်ထဲတွင် ကင်မရာတစ်လုံးကိုင်ထားသည်။

ထိုသို့ ရပ်နေစဉ်တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးက လက်ညိုးထိုးကာ 'ဟိုမှာမီဒီယာ အဲဒီကောင်ကို ရိုက်ရိုက်'ဟုပြောဆိုလေသည်။ ထိုသူ၏ အသံကိုကြားပြီး ရဲတပ်ဖွဲ့ဝင် ဆယ်ဦးထက်မနည်း ကျွန်တော့် နောက်ကို လိုက်ကြသည်။ ထိုသို့သော အခြေအနေမျိုးတွင် ကျွန်တော် ပြေးလေတော့သည်။ အတား အဆီးများ ဆူးကြိုးများကို ခုန်ကျော်ပြေးသည်။ အနောက်က လည်း ညာသံပေးပြီးလိုက်သည်။

ခပ်လှမ်းလှမ်းသို့အရောက်တွင် ကျွန်တော် ပြေးရသည်မှာ မောလာပြီဖြစ်သည်။ မောသည် ထက် ညောင်းလာသည်က ပိုမည်ထင်သည်။ ထို့ကြောင့် ပထမအတား အဆီးအကျော်တွင် ချော်လဲ သည်။ ချော်လဲပြီး မကြာတွင် ပုဆိုးက ခြေထောက်နှင့် တုတ်နေသည်။ ထို့ကြောင့် ပုဆိုးချွတ်ကာ ပြေး သည်။ လက်ကိုင်ဖုန်းကျသွား သည် ပြန်မကောက်နိုင်တော့။

ထို့နောက် ပြန်ထသည်။ ပြန်ပြေးသည်။ အနောက်ကညာသံ ပေးပြီးလိုက်သည်။ ထို့နောက် တွင် ကျွန်တော့်ရှေ့တွင် မြင်လိုက်ရ သည်က ကျွန်တော့်ရှေ့မှ ကျွန်တော့်ထံ ပြေးလာသောရဲသား ငါး ဦးထက်မနည်းကိုပင်။ နောက်ကလည်း ၁ဝယောက်ထက် မနည်းလိုက် ရှေ့ကလည်း ငါးဦးထက် မနည်းပြေးလာ။ ခြေမခိုင်တော့ဘဲ ဟန်ချက်ပျက်ကာ နောက် တစ်ကြိမ်လဲကျပြန်သည်။ ကျွန်တော် လဲကျချိန်နှင့် တစ်ပြိုင်နက် ရှေ့က ရဲဘော်တစ်ဦးက ပြေးကန်ချိန်နှင့်ကြုံသဖြင့် ခပ်ရှပ်ရှပ်ကလေး သာထိသွားသည်။ ကံကောင်းသည်ဟ ဆိုရမည်ပင်။

နောက်ကလိုက်လာသော ရဲဘော်တစ်ဦးက နံပါတ်တုတ်ဖြင့် လှမ်းပစ်သည်။ လဲကျသွားသော ကြောင့်မထိလိုက်။ ထို့နောက် လဲကျမှုကြောင့် မီလာပြီဖြစ်သော ရဲဘော်တစ်ဦးက နံပါတ်တုတ်နှင့် နှစ်ချက်ခန့်ဆင့်ရိုက်သည်။ ချက်ကောင်းမထိသောကြောင့် ဘာမှမဖြစ်လိုက်။ ထိုနေရာတွင် ဘေးအိမ် များမှ လူများကလည်း ဝိုင်းအော်ကြသည်။ ရဲများကိုဆဲဆိုကြသည်။ တုတ်ကိုင်ကာ ထွက်လာဖို့ တာဆူသူများလည်း ရှိနေသည်။ ထိုအချိန်မှာပင် အသက် ၃ဝ ကျော်ကျော် အရွယ်ရှိ အမျိုး သမီးကြီးတစ်ဦးက ကျွန်တော့် ကိုယ်ပေါ်မိုးကာ 'ရိုက်ရဲရိုက်ကြည့်' ဟု ကျွန်တော့်ကို ရိုက်ရန်ရွယ်ထား သူများကို ပြောသည်။

ဒေသခံလည်းဖြစ် အမျိုးသမီးလည်းဖြစ်သူ တစ်ဦး၏ ရုတ်တရက်လုပ်ရပ်ကြောင့်ထင်။ ရဲတပ်ဖွဲ့ ဝင်များ မည်သည့်စကားမျှမပြောဘဲ ပြန်လှည့်ထွက်သွားသည်။ အဆုံးဆုံလှည့်ထွက်သွားသည်တော့ မဟုတ်။ ကွက်ကြည့်ကွက် ကြည့်လုပ်နေကြတုန်း။ လက်ထဲတွင် ကင်မရာက ဘယ်ရောက်မှန်းလည်း မသိ။ ပုဆိုးလည်း မရှိတော့။ ကျွန်တော့်ကိုကူညီ ကယ်ဆယ်သော အစ်မကြီးကသူ့တို့ အိမ်ကို ခေါ်ကာ အိမ်ထဲတွင် ရေတိုက်ဆေးလိမ်းစသည်တို့ကို ပြုလုပ်ပေးသည်။ စိတ်ထဲမလုံခြုံ၊ ရှေ့မှာလည်း ရဲများကဖြတ်သွား ဖြတ်လာလုပ်နေသေးသည်။ ဘယ် အချိန်ဝင်ရိုက်မလဲဟု စိတ်ထဲက တစ်ထင့်ထင့်။ ထိုအစ်မကြီးက ပြောသည် 'ဘာမှမပူနဲ့ မောင်လေး တစ်ခုခုဖြစ်ရင် အစ်မတို့ကိုဖြတ် ပြီးမှဝင်ရမှာ။ အစ်မတို့စောင့်ရှောက်မယ် ဘာမှမဖြစ်စေရ ဘူး'ဟူ၍။ ပြီးလျှင် အိမ်ပေါ်တွင် ရောက်သူများကို ကြည့် လိုက်မိသည်။ ကျွန်တော်တစ်ဦးတည်း မဟုတ်၊ NLD ကတစ်ယောက်၊ လိုင်ဇာလမ်းလျှောက်အဖွဲ့က တစ်ယောက်၊ နိုင်ငံရေးအကျဉ်းသားတစ်ယောက် စုစုပေါင်းလေးယောက်။ ကျွန်တော်တို့လေး ယောက် တိုင်ပင်ပြီး ကျွန်တော်တို့ နားနေသော အိမ်အနောက်ဘက်သို့ ခိုးကြောင်ခိုးဝှက်ဖြင့်သွားပြီး ပုန်းနေမိသည်။

ကျွန်တော်တို့ လေးယောက်လုံး စိုးရိမ်မိသည်က ညဘက် ပိုက်စိတ်တိုက်ရှာဖွေမှုကိုနှင့် ၁၄၄ ထုတ်ပါက ရန်ကုန်သို့ပြန်မ ရောက်နိုင်မည်ကိုပင်။ အိမ်ရှင် အစ်မကြီးကသတင်းများ လာပေးရှာသည်။ လမ်းပေါ်မှာအခြေအနေ ရဲများသွားလာမှု စသည်ဖြင့်။

ထို့နောက်တွင် ရန်ကုန်ရှိ သတင်းထောက်တစ်ဦးကို အကူအညီတောင်းကာ ရုံးနှင့်အဆက် အသွယ်ရအောင်ကြိုးစားသည်။ ပြီးလျှင်ရုံးနှင့် အဆက်အသွယ်ရပြီး ရန်ကုန်ပြန်နိုင်အောင် စီစဉ်နေ သည်။ ကျန်သူများမှာ လည်းပြန်နိုင်ရန် ချိတ်ဆက်နေသည်။

စကားတိုးတိုးပဲပြောနိုင်သည်။ အသံတစ်ချွတ်ချွတ်ကြားလျှင် နားစွင့်မိသည်။ အစောကကူ ညီခဲ့သော အစ်မကြီးက မကြာမကြာ လာမေးရှာသည်။ ဘာလုပ်ပေးရမလဲ၊ ဘာကူညီပေးရမလဲ ဟူ၍။ အချိန်က တဖြေးဖြေးသုံးနာရီ ကျော်လာပြီ။ ကျွန်တော်တို့လေးယောက် နည်းနည်းစိတ် သက်သာရာ ရခဲ့ပြီဖြစ်သည်။ သို့သော် အခန်းထဲတွင် ပုန်းအောင်းနေတုန်း။ ထို့နောက် ပြည်ထောင်စုနေ့စဉ် သတင်းစာတိုက်က သတင်းဓာတ်ပုံဆရာ ကိုသက်ထွန်းနိုင်နှင့် ကားဆရာ ဦးမိုးဒီက ဖုန်းဖြင့် ဆက်သွယ်ပြီး လာရောက်ခေါ်ဆောင်သည်။ ထို့ကြောင့် ထိုသူတို့နှင့် လိုက်ပါပြီး လက်ပံတန်းမြို့က တစ်ဆင့်ရုံးကားဖြင့် ရန်ကုန်သို့ ရင်တထိပ်ထိပ်ဖြင့် ပြန်လာခဲ့လေသည်။

မောင်မျိုး
The Union Daily
https://www.facebook.com/pages/The-Union-Daily
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment