ဆိုင်ခန်းများဖယ်ရှားခိုင်းခြင်းကိစ္စအား မေတ္တာရပ်ခံတင်ပြခြင်း

Credit: myemail.constantcontact.com
သို့ ညွှန်ကြားရေးမှူးချုပ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးအမှတ်(၇) နေပြည်တော် ရက်စွဲ ။၂၀၁၅ ခုနှစ်၊ မတ်လ(၂၄)ရက်
အကြောင်းအရာ ။ ။ ဆိုင်ခန်းများဖယ်ရှားခိုင်းခြင်းကိစ္စအား မေတ္တာရပ်ခံတင်ပြခြင်း ။ ရည်ညွှန်းချက် ။ ။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးချုပ်၏ ၂၀၁၅ခုနှစ် ဇန်နဝါရီလ (၂၂) ရက်စွဲပါ စာအမှတ်၊ ၃-၁၅(၂၀၁၅)/၀၃၆၈ အထက်ပါအကြောင်းအရာပါကိစ္စနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်၊ မြို့သစ်အနောက်ရပ်ကွက်နှင့် ကြံခိုင်းရေးလမ်းထောင့်ရှိ လူနေဆိုင်ခန်းများ၏ ပိုင်ရှင်များဖြစ် ကြသော ကျွန်တော်/ကျွန်မတို့မှ လေးစားစွာ အစီအရင်ခံတင်ပြအပ်ပါသည်။ ကျွန်တော်/ကျွန်မတို့၏ လူနေဆိုင်ခန်းများမှ ၁၉၉၆ခုနှစ်မှ စ၍ ကန်ထရိုက်ထံမှ တိုက်ရိုက်သော် လည်းကောင်း၊တဆင့်ခံသော်လည်းကောင်း တရားဝင်စာချုပ်စာတမ်းများဖြင့် ဝယ်ယူပိုင်ဆိုင်ထားသူများဖြစ် ကြပါသည်။ ထိုအချိန်အချိန်က ကာလပေါက်ဈေးအရ ဝယ်ယူခဲ့ကြပါသည်။ ထိုအချိန်ကာလက ဝယ်ယူခဲ့ သော်လည်း ပြည်ပ အိမ်ခြံမြေပေါက်ဈေးနှင့်အညီ ကန်ထရိုက်ဆိုင်ခန်းများ အပျောက်ဝယ်ယူခြင်းစနစ်ကဲ့သို့ ဝယ်ယူခဲ့ခြင်းဖြစ်ပါသည်။ ဆိုင်ခန်းပိုင်ရှင်များအနေဖြင့် ထိုကာလတွင် ပြင်ပ၌ အိမ်ဝယ်ယူနိုင်သော အခြေ အနေတွင်ရှိသော်လည်း ဘဝအနာဂတ်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနအပေါ်တွင် ယုံကြည်စိတ်ချစွာဖြင့် သံသယကင်းစွာဝယ်ယူခဲ့ခြင်းသာဖြစ်ပါသည်။ ထိုသို့ ဝယ်ယူနေထိုင်ရာတွင် ကန်ထရိုက်၏ မပြည့်စုံသော ဝန်ဆောင်မှုများကိုလည်း ဆိုင်ခန်းပိုင် ရှင်များကိုယ်တိုင် ဖြည့်ဆည်းမွမ်းမံ ပြင်ဆင်ခြင်းများ ပြုလုပ်ကြရပါသည်။ (ဥပမာ လျှပ်စစ်မီတာမရှိ၍ တစ်ခန်းလျှင် မီတာတစ်လုံးကျ မိမိငွေများဆိုက်ထုတ်တပ်ဆင်ခြင်း၊ရေမရှိ၍ ပတ်ဝန်းကျင်အနီးရှိ အိမ်တွင် ရေခတ်ခြင်းများကို မိမိတို့အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့ကြပါသည်။) ဤဆိုင်ခန်းများတွင် နေထိုင်၍ လုပ်ငန်းတစ်ခုကောင်းမွန်စွာလည်ပတ်နိုင်ရေးအတွက် နှစ်ပေါင်းများစွာ မိမိတို့တတ်စွမ်းသည့် ပညာရပ်များဖြင့် အခက်အခဲမျိုးစုံကြားမှ မိမိတို့၏ မိသားစု စားဝတ်နေရေး၊ ကျန်းမာရေး၊ သားသမီးများ၏ ပညာရေးအတွက် ရုန်းကန်ခဲ့ကြရာ ယခုအခါ သင့်တင့်လျှောက်ပတ်သော အခြေအနေသို့ ရောက်ရှိခါစသာရှိပြီး အခြေကျရန် ကြိုးစားနေဆဲဖြစ်ပါသည်။ သို့သော် မမျှော်လင့်ဘဲ ကျွန်တော်/ကျွန်မတို့၏ ပိုင်ဆိုင်သော ဆိုင်ခန်းများမှ (၃၁.၃.၂၀၁၅) ရက် နေ့တွင် နောက်ဆုံးထား ဖယ်ရှားပေးရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ရည်ညွှန်းချက်ပါစာဖြင့် အကြောင်းကြားမှုကြောင့် ဆိုင်ခန်းပိုင်များမှာ အိုးပျောက်၊ အိမ်ပျောက်ဘဝပျက်မည့်အနေအထားဖြင့် သောကမီးများ တောက်လောင်နေကြပါသည်။ ဆိုင်ခန်းတွင် နေထိုင်ကြသော မိသားစု(၅)စု၏ အခြေအနေမှာ ပျက်စီးဖို့သာရှိပါတော့သည်။ လုပ်ငန်းများကို အသစ်တစ်ဖန် ပြန်လည်စတင် ထူထောင်ရန်လည်း မတတ်နိုင်ကြပါ။ ထိုအချိန်က မိမိတို့၏ အနာဂတ်ဘဝရှေ့ရေးသည် အိုမဲ့၊အိမ်မဲ့မဖြစ်ရေးနှင့် စီးပွားရေးကို အေးချမ်းစွာ လုပ်ကိုင်နိုင်ရန်အတွက် မိမိတို့ တတ်နိုင်သည့် ငွေကြေးများဖြင့် ဝယ်ယူ၍ နေထိုင်ကာ လုပ်ကိုင်စားသောက်ခဲ့ ကြပါသည်။ သို့သော် ယခုကဲ့သို့ ဖယ်ရှားခိုင်းခြင်းသည် မိမိတို့လုံးဝမမျှော်လင့်ထားသော အခြား ကျူးကျော် နေထိုင်သူများကဲ့သို့ အိမ်ခြေရာမဲ့သည့်ဘဝကို ရောက်ရှိတော့မည် အနေအထားဖြစ်နေပါသည်။ ကျွန်တော်/ကျွန်မတို့သည် ဥပဒေဘောင်အတွင်းမှ မိသားစုတဝမ်းတခါးအတွက် လုပ်ကိုင်ရှာဖွေ စားသောက်နေကြပြီး နိုင်ငံတော်မှ သတ်မှတ်ထားသည့် မြေငှါးရမ်းခကို ပေးဆောင်သကဲ့သို့ အခြားအခြားသော သတ်မှတ်ထားသည့် အခွန်အခများကို နိုင်ငံသားများပီသစွာ ထမ်းဆောင်နေကြသူများဖြစ်ပါသည်။ ဆိုင်ခန်းများ၏ အနေအထားမှာလည်း ရုံး၏ ဥပစာနှင့်လုံးဝကင်းရှင်းပြီး ရုံး၏ ဘေးခြံစည်းရိုးနေရာတွင် သာ တည်ရှိနေခြင်းဖြစ်ပါသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ မည်သည့် စီမံကိန်းအတွက် ကိုမျှ တစ်စုံတစ်ရာ ထိခိုက်မှု မရှိနိုင်သော အနေအထားတွင် တည်ဆောက်ထားသော ဆိုင်ခန်းများ ဖြစ်ပါသည်။ ယခုအချိန်အခါသည် ဆင်းရဲသားပပျောက်ရေးမူဖြင့် “ပြည်သူ့အသံ လွှတ်တော်အသံ”ဟု ကြွေးကြော်ကာ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ ချီတက်နေသော အချိန်လည်း ဖြစ်ပါသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူတို့၏ လူမှုဒုက္ခ အဝဝတို့ကို ဖြည့်ဆည်း ကူညီပေးလျှက်ရှိသော ဌာနဟုလည်း ယုံကြည်ထားမိပါသည်။ သို့ဖြစ်ပါ၍ ကျွန်တော်/ကျွန်မတို့၏ မိသားစုဘဝမပြိုကွဲ မပျက်စီးစေရန်နှင့် လူမှုဒုက္ခများမှ ကင်းဝေး နိုင်ရေးအတွက် ဆိုင်ခန်းများတွင် ဆက်လက်နေထိုင်လုပ်ကိုင်ခွင့်ပြုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ကျွန်တော်/ကျွန်မတို့ဆိုခန်းများမှလည်း သတ်မှတ်ထားသော စည်းမျဉ်း စည်းကမ်းအတိုင်း တသွေမတိမ်း လိုက်နာနေထိုင်သွားမည်ဖြစ်ကြောင်း ဝန်ခံကတိပြုလျှက် ပူးတွဲစာတွင် လက်မှတ်ရေး အထူးမေတ္တာရပ်ခံ တင်ပြအပ်ပါသည်။ မိတ္တူကို- ဒုတိယညွှန်ကြားရေးမှူး၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ရန်ကုန်တောင်ပိုင်းခရိုင်ရုံး၊သန်လျင်မြို့နယ် ခရိုင်အုပ်ချုပ်ရေးမှူး၊ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ရန်ကုန်တောင်ပိုင်းခရိုင်သန်လျင်မြို့နယ်။ မြို့နယ်အုပ်ချုပ်ရေးမှူး၊မြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၊သန်လျင်မြို့နယ်။ အမှုဆောင်အရာရှိ၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊သန်လျင်မြို့နယ်။ ကျွန်တော်/ကျွန်မတို့အား ဆိုင်ခန်းတွင် ဆက်လက်လုပ်ကိုင်ခွင့်ပြုပါရန် အောက်တွင်လက်မှတ်ရေးထိုး မေတ္တာရပ်ခံ တင်ပြအပ်ပါသည်။ စဉ်။ အမည် မှတ်ပုံတင်အမှတ် လက်မှတ် ၁။ ဦးအောင်နိုင်ဖြိုး ၁၂/သလန(နိုင်) ၀၀၄၂၉၄ ၂။ ဒေါ်အေးအေးနွဲ့ ၁၂/သလန(နိုင်) ၀၄၁၄၅၇ ၃။ ဒေါ်အမာဂျန် ၁၂/ပဇတ(ပြု) ၀၀၀၃၄၄
မြင့်မြတ်အောင်မြင်
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment