ရခိုင်ပြည်နယ်က ဒုက္ခသည်များ နေအိမ်ဆောက်ရန် သမ္မတ ရန်ပုံငွေချပေး


သမ္မတရဲ့ သီးသန့်ရန်ပုံငွေကနေ ရခိုင်ပြည်နယ်ထဲရှိ ဒုက္ခသည်  အိမ်ထောင်စုတွေ နေရာချထားပေးဖို့ ကျပ်သိန်းပေါင်း ၂ ထောင်ကျော် ချထားပေး လိုက်တယ်လို့ ရခိုင်ပြည်နယ် မြေပုံမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

“သမ္မတသီးသန့်ရန်ပုံငွေကနေ ဒုက္ခသည်တွေကိုပေးတာ ကျပ်သိန်းပေါင်း ၂ ထောင်ကျော်ပေါ့။ ဒုက္ခသည်တွေကို ပြန်ပြီး အထိုင်ချဖို့ပေါ့၊ အိမ်တွေ ဆောက်ပေးဖို့ ပထမခြေလှမ်းစပြီ၊ ဒုက္ခသည်တွေက စခန်းတွေထဲပဲ ထားသေးတာ။”

ရခိုင်ပြည်နယ်ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး ၃ နှစ်လောက်အကြာမှာမှ အခုလို ရန်ပုံငွေချပေးကာ အိမ်ပြန်ဆောက်ဖို့ အစီအစဉ် စတင်ခဲ့တာ ဖြစ်ပါတယ်။

ဒုက္ခသည်တွေကို ပြန်လည်နေရာချထားတဲ့အခါ မူလ နေရပ်တွေမှာပဲ ပြန်လည်နေရာ ချထားပေးမလား၊ နေရာသစ်တွေမှာ ပြန်လည်နေရာချထားပေးမလား ဆိုတာတွေကိုတော့ တိတိကျကျ မသိရသေးပါဘူး။

၂၀၁၂ ခုနှစ်က  ဖြစ်ပွားခဲ့တဲ့ ရခိုင်ပဋိပက္ခအတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးပြီး ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရသူပေါင်း ၁ သိန်းခွဲလောက်ရှိပါတယ်။

By ရွှေအောင် (ဒီဗွီဘီ)
http://burmese.dvb.no
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment