အင်ဒိုရောက် ရေလုပ်သားများကယ်တင်ရေး ပြင်နေပြီဟုဆို


မြန်မာအမျိုးသားများကို အင်ဒိုနီးရှားတွင် ပိတ်လှောင်၍ ခေတ်သစ်ကျွန်ပြုနည်းဖြင့် အတင်းအဓမ္မ ခိုင်းစေခြင်းခံနေရသော လုပ်သားအချို့ ဘန်ဂျီးနားကျွန်းရွာတွင် လှောင်ပိတ်ထားစဉ် (ဓာတ်ပုံ − အေပီ)
အင်ဒိုနီးရှားနိုင်ငံ ဘန် ဂျီးနားရွာရောက် ကျွန်လုပ်သား အဖြစ် ခိုင်းစေခြင်းခံနေရသော မြန်မာနိုင်ငံသား ရေလုပ်သားများ ကို ကယ်တင်ရန် ပြင်ဆင် ဆောင်ရွက်နေကြောင်း မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့လူကုန်ကူးမှု တား ဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ခင်မောင်လှက ပြောသည်။‘‘မြန်မာသံရုံးကို ရေလုပ် သားတွေရဲ့ အချက်အလက် ပို့ နိုင်ဖို့ လုပ်နေပါတယ်။ ဒီဖြစ်စဉ် အတွက် ရဲချုပ်ကိုလည်း တင်ပြ ထားတယ်။ ပြန်ကယ်ထုတ်နိုင်ဖို့ ကို အားလုံးက အလေးထား ဆောင်ရွက်နေပါတယ်’’ ဟု ၎င်းက ပြောကြားသည်။
ထိုကျွန်းရှိ မြန်မာလုပ် သားများကို ထိုင်းနိုင်ငံမှတစ်ဆင့် အင်ဒိုနီးရှားနိုင်ငံသို့ ခေါ်ယူလာ ခြင်းဖြစ်ပြီး အဓမ္မ ဖိအားပေး၍တစ်နေ့လျှင် အလုပ်ချိန်နာရီ ၂၀ မှ ၂၂ နာရီအထိ အလုပ်လုပ်ရပြီး မသန့်ရှင်းသော သောက်သုံးရေများ သောက်သုံးနေရကာ နှိပ်စက်ညှဉ်းပန်းခံနေကြရ ကြောင်း AP သတင်းဌာနက ဖော်ထုတ်ရေးသားထားသည်။
အဆိုပါ ရေလုပ်သားများ ကို ကယ်တင်ရန် ၎င်းတို့၌ မြန်မာနိုင်ငံသားဖြစ်ကြောင်း အချက်အလက် အထောက်အထားရှိရန် လိုအပ်ပြီး ယင်းအချက်အလက် ရရှိပါက အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာသံရုံးထံ ပေးပို့ကာ သံရုံးမှတစ်ဆင့် ကယ်ထုတ်ပေးရန် အင်ဒိုနီးရှား အစိုးရသို့ တောင်းဆိုရမည်ဖြစ်သည်။ လက်ရှိတွင် ရေလုပ်သားများ၏ အမည်၊ လိပ်စာရရှိရန် စုံစမ်းဖော်ထုတ်မှုများပြုလုပ်နေကြောင်း သတင်းရရှိ သည်။
‘‘မြန်မာနဲ့ အင်ဒိုနီးရှားက MoU ရေးထိုးထားရသေးခြင်း မရှိ တော့ တိုက်ရိုက်သွားဝင်ကယ်လို့ မရဘူး။ ဒါကြောင့် သံတမန် နည်း လမ်းအရပဲ ကယ်ထုတ်နိုင်ဖို့ အ ကူအညီ တောင်းခံသွားရမှာပါ’’ ဟု ဒုရဲမှူးကြီး ခင်မောင်လှက ဆို သည်။
အဆိုပါ ရေလုပ်သားများ မှာ ၎င်းတို့ထံတွင် မြန်မာနိုင်ငံ သားဖြစ်ကြောင်း သက်သေခံအ ထောက်အထား မရှိကြတော့ဘဲ ထိုင်းငါးဖမ်းလှေ ပိုင်ရှင်များက ထိုင်းအမည်များ ပေးထားကြပြီး အထောက်အထားများ ဖျောက်ဖျက်ပစ်လိုက်ကြကြောင်း သတင်းရရှိသည်။
‘‘ငါးဖမ်းလုပ်ငန်းမှာ ရောင်း စားခံရတဲ့ မြန်မာနိုင်ငံသားတွေ ကို ကယ်ထုတ်ဖို့အတွက် ရေ လုပ်သားစာရင်း ကြည့်တဲ့အခါ မြန်မာနာမည်တွေ မဟုတ်တော့ဘဲထိုင်းနာမည်တွေ ပေးထားတော့ ကယ်ဖို့ အဆင်မပြေတာမျိုးတွေ ကြုံတွေ့နေရလို့ ဒီဖြစ်စဉ်တွေအ တွက် ထိုင်းအစိုးရဘက်ကို သူတို့ နိုင်ငံသားလုပ်ငန်းရှင်တွေ ထိထိ ရောက်ရောက် အရေးယူပေးဖို့ ပြောထားတာတွေ ရှိတယ်’’ ဟု အလုပ်သမားညွှန်ကြားမှု ဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုး အောင်က မတ်လ ၂၃ ရက်၌ ပြုလုပ်သည့် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားရေးရာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
‘‘အင်ဒိုနီးရှား အမ်ဘွန်ကျွန်း မှာ မြန်မာတွေ ထောင်နဲ့ချီပြီး ရှိ တယ်။ အဲဒါကို အင်ဒိုမှာရှိတဲ့ မြန်မာသံရုံးကလည်း သိသလို ကျွန်တော်တို့လည်း အလွတ် သဘောပြောဖူးတယ်။ မြန်မာအ စိုးရက ဘာမှထိရောက်တဲ့ အက်ရှင်မယူဘူး။ ဒါတွေက အစိုးရပဲ လုပ်နိုင်မှာ။ အခုလည်း မီဒီယာမှာ ပါလို့သာ လူတွေသိတာဆိုတော့ အခုချိန်မှာ အင်ဒိုမှာရှိတဲ့ မြန်မာ သံရုံးအနေနဲ့ရော အစိုးရအနေနဲ့ ပါ အဲဒီကို ကွင်းဆင်းစုံစမ်းပြီး ကူညီဖို့သင့်ပါပြီ’’ ဟု ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN) ဥက္ကဋ္ဌ ဦးစိန်ဌေးက ပြောသည်။
မြန်မာအမျိုးသားများသည် ငါးဖမ်းအလုပ်သမားအဖြစ် လုပ် ကိုင်ရန် အင်ဒိုနီးရှားကျွန်းသို့ ပို့ဆောင်ခံရပြီး အဆိပ်ရှိ လိပ် ကျောက်မြီးနှင့် အရိုက်ခံရခြင်း၊ ကန်ကျောက်ခံရခြင်း၊ လှောင် အိမ်ထဲတွင် လှောင်ထားခံရခြင်း စသည့် ညှဉ်းပန်းမှုများ ခံနေရ သည်ကို AP သတင်းဌာနက စုံ စမ်းတွေ့ရှိခဲ့သည်။
ဇေနွေထွန်း၊မိုးမင်း
Source:7daydaily.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment