တာချီလိတ်၌ အမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲသူများ ဖမ်းဆီးရမိ


တာချီလိတ် မတ် ၂၅

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့ မိုင်းကိုးကျေးရွာအုပ်စု ဝမ်ကဲ(၁)ရွာ၌ မတ် ၂၂ ရက်က အမျိုးသမီးတစ်ဦးကို လူတစ်စုက သေနတ်ပြ၍ ခြိမ်းခြောက်ကာ ကား ဖြင့် ဖမ်းဆီးခေါ်ဆောင် ပြန်ပေးဆွဲ သွားသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ယနေ့တွင်အမှု၌ ပါဝင်ပတ်သက်သူ ရှစ်ဦးကို လက်နက်ခဲယမ်းများနှင့် အတူ တာချီလိတ်ရဲတပ်ဖွဲ့က ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။

အမှုဖြစ်စဉ်နှင့် ပတ်သက်၍ တရားလိုဖြစ်သူ ဒေါ်နန်းလုံ၏ တိုင် ကြားချက်အရ မတ် ၂၂ ရက် ည ၁ဝ နာရီခန့်က ၄င်းသည် နေအိမ် ခြံဝင်းအတွင်း သန့်ရှင်းရေးပြုလုပ် နေစဉ် နေအိမ်ရှေ့၌ ဖော်ကျူးနား အဖြူရောင်ကားတစ်စီးရပ်ပြီး ကား ပေါ်မှ အိုက်ကျိုင်း၊ အားဆစ်နှင့် အခြား အမျိုးသားတစ်ဦးတို့ ဆင်းလာပြီး အားဆစ်က ရှမ်းဘာသာ စကားဖြင့် အိုက်မွန်းရှိလားဟု မေး ကြောင်း၊ အိုက်မွန်းမရှိကြောင်း ပြန်လည်ဖြေသည့်အခါတွင် အိုက်မွန်း ၏ဇနီးဖြစ်သူ မနန်းအဲကို ခေါ်ပေးရန် ပြောသဖြင့် ၄င်းက ခေါ်ပေးသည့်အခါ အိုက်ကျိုင်းပါဝင်သည့် အမျိုးသား သုံးဦးသည် မနန်းအဲကို ကားပေါ်သို့ ဆွဲတင်သွားသဖြင့် ၄င်းကမလုပ်ရန် နှင့်ကယ်ပါဦးဟု ပတ်ဝန်းကျင်ကို အကူအညီ တောင်းခံသည့်အခါ အားဆစ်က သေနတ်အတိုတစ်လက် ဖြင့်ချိန်ရွယ်သောကြောင့် ၄င်းက ဆက်မအော်တော့ဘဲ ရှိနေစဉ် မနန်းအဲကို အမျိုးသားသုံးဦးက ကားဖြင့် တင်ဆောင်သွားကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်နှင့် ပတ်သက် ၍ တာချီလိတ်မြို့မ ရဲစခန်းမှူး၊ ဒုတိယရဲမှူး ကျော်သန်းနှင့် ရဲတပ်ဖွဲ့ ဝင်များသည် မိုင်းကိုးပြည်သူ့စစ် အဖွဲ့ခေါင်းဆောင် ဦးကျအူအဖွဲ့တို့ နှင့်ပူးပေါင်း၍ မိုင်းကိုးကျေးရွာအုပ်စု ရှိ ဟိုရမ်း(မိုင်)ရွာ ဦးဆူးဝမ်း၏ ရော်ဘာခြံအတွင်း ဝင်ရောက်ရှာဖွေ ရာမှ သေနတ်အတိုလေးလက်၊ ပွိုင့် ၂၂ သေနတ်အရှည် တစ်လက်၊ ခဲယမ်းများနှင့်အတူ ပြစ်မှုကျူးလွန်သူ ရှစ်ဦးကို ဖမ်းဆီးရမိကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရ သည်။

ဖမ်းဆီးရမိသော ပြစ်မှုကျူးလွန် သူ ရှစ်ဦးအနက် အားဆစ်၏ ထွက်ဆို ချက်အရ ၄င်းတို့ခေါ်ဆောင်သွား သော မနန်းအဲအား တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်ရှိ နေအိမ်တွင် ဝှက်ထားကြောင်း ဝန်ခံသည့်အတွက် ရဲတပ်ဖွဲ့က သွားရောက်ရှာဖွေရာ မနန်းအဲကို အဆိုပါနေအိမ်တွင် တွေ့ရှိရသည့်အတွက် ပြန်လည် ခေါ်ဆောင်လာနိုင်ခဲ့ပြီး ပြစ်မှု ကျူးလွန်သူများအား ဆက်လက် စစ်ဆေးလျက်ရှိကြောင်း တာချီလိတ် မြို့မရဲစခန်းမှ သိရသည်။

ဆက်လက်၍ သက်ဆိုင်ရာက လက်နက်များနှင့်အတူ ဖမ်းဆီးရမိ သည့် အားဆစ်အပါအဝင် ရှစ်ဦးကို တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့် ထားကြောင်း သိရသည်။

မောင်ယဉ်ကျေး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

  • လက်ရှိရည်းစားနဲ့ ရည်းစားဟောင်း နှစ်ဦးစလုံး မြစ်ထဲခုန်ချခဲ့တာကြောင့် ဘယ်သူ့ကယ်ရမှန်းမသိ အကျပ်ရိုက်ခဲ့တဲ့ အမျိုးသား
  • ဖက်ရှင်ကို အလွန်အမင်း အရေးပေးလာတဲ့ နယူးရော့ခ်ကို သရော်တဲ့အနေနဲ့ ကိုယ်တုံးလုံးပုံတွေချည်း ရိုက်ကူးထားတဲ့ ဓာတ်ပုံစာအုပ်တစ်အုပ် ထွက်ရှိ
  • ခေတ်စားနေတဲ့ စုံတွဲများ စုပေါင်း ကာမဆက်ဆံခြင်း
  • လက်တင်အမေရိကမှာ လူမြင်ကွင်း ကလေးနို့ရည်တိုက်ကျွေးခြင်း တားမြစ်ပါက ဒဏ်ငွေရိုက်မယ့်ဥပဒေပြဌာန်း
  • မကျွမ်းကျင်သေးတဲ့ လက်သည်းအလှပြုပြင်သူကြောင့် လက်သည်းခွံတွေ ဖယ်ရှားလိုက်ရတဲ့ မော်ဒယ်လ် အမျိုးသမီး
  • အတင်းဓမ္မပြုကျင့်ဖို့ ကြိုးစားသူရဲ့ တန်ဆာကို ပါးစပ်နဲ့ ကိုက်ဖြတ်
  • အိမ်ဝယ်မယ်ဆိုရင်အိမ်ရှင်အမျို သမီးကသူ့ကိုအလကားရမယ်တဲ့
  • ချစ်တင်းနှီးနှောနေစဉ်လိင်အင်္ဂါကျိုးပျက်သွားတဲ့အမျိုးသား
  • ၁၁နှစ်သားနဲ့ ၁၅နှစ်သမီးကိုသတ်ပြီးရေခဲသေတ္တာထဲထည့်သိမ်းထားတဲ့မိခင်ဖမ်းခံရ
  • မိဘနှစ်ပါးကိုချက်ပြုတ်စားသောက်တဲ့သားမိုက်
  • Share on Google Plus

    About Editor

    This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
      Blogger Comment
      Facebook Comment

    0 comments:

    Post a Comment