သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဒီမိုကရေစီ ပညာရေး ပင်မသပိတ်စစ်ကြောင်းက ကျောင်းသားခေါင်းဆောင်တချို့ကို ဒီနေ့ မနက် ၁၀နာရီ လောက်က လက်ပံတန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးဖို့ အချုပ်ကားတွေနဲ့ ခေါ်ဆောင်သွားပါတယ်။
ကျောင်းသားတွေဟာ တရားရုံးကို ခေါ်ဆောင်လာရာလမ်းတလျှောက် အချုပ်ကားပေါ်မှာ သွေးသစ္စာ (အရေးကြီးပြီ) သီချင်းကို သံပြိုင်သီဆိုခဲ့ကြသလို သမဂ္ဂအလံတွေကိုလည်း ကိုင်ဆောင်ခဲ့ကြပါတယ်။
လက်ပံတန်း တရားရုံး ရှေ့မှာတော့ ကျောင်းသားမိဘတချို့လည်း မနေ့ကတည်းက လာရောက်စောင့်ဆိုင်းနေကြပြီး ဒီနေ့မနက်မှာ လုံခြုံရေးတွေ အရင်ကထက် တိုးမြှင့်ပြင်ဆင်နေကြပါတယ်။
ဒီနေ့ ရုံးထုတ်ဖို့ရှိတဲ့ ကျောင်းသားတချို့ကို မနေ့က ဆေးခန်းပြစစ်ဆေး တာတွေ ရှိတယ်လို့လည်း သိရပါတယ်။ ကျောင်းသားသပိတ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ လက်ပံတန်းဒေသခံ ပြည်သူအယောက် ၂၀ကို မနေ့က ပြန်လည်လွှတ်ပေးခဲ့ပါတယ်။
By ဒီဗွီဘီ
http://burmese.dvb.no
ရုပ်သံ-မျိုးဇော်လင်း
0 comments:
Post a Comment