မြန်မာ့အထည်ချုပ် လုပ်ငန်းကဏ္ဍ လာမည့် ၂၀၁၆ ၌ ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ နှစ်ဘီလီယံအထိ ရရှိရန် မျှော်မှန်း


ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ၏ အထည်ချုပ် လုပ်ငန်းကဏ္ဍမှ လာမည့် ၂၀၁၆ ခုနှစ်၌ ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ နှစ်ဘီလီယံအထိ ရရှိရန် မျှော်မှန်းထားကြောင့် မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းက ထုတ်ပြန်ထားသည်။
‘၂၀၁၄ မှာ ချုပ်ပြီးအထည် ပြည်ပ တင်ပို့မှုကနေ ကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ ရခဲ့ပါတယ်။ ၂၀၁၃၊ ၂၀၁၄ နှစ်နှစ်ဆက် စံချိန်တင် ၀င်ငွေ တိုးခဲ့ပြီး တိုးတက်လာတဲ့လုပ်ငန်းအလားအလာကြောင့် ၂၀၁၆ မှာ ကန်ဒေါ်လာ နှစ်ဘီလီယံအထိ ရဖို့ မျှော်မှန်းထားပါတယ်’ဟု ယင်းအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံ၏ အထည်ချုပ် လုပ်ငန်းကဏ္ဍတွင် တရုတ်၊ ထိုင်ဝမ်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် ဥရောပနိုင်ငံအချို့ အပါအ၀င် နိုင်ငံပေါင်း ၂၈ နိုင်ငံက ၀င်ရောက်မြှုပ်နှံထားပြီး လက်ရှိ ပြည်တွင်းပြည်ပအထည်ချုပ် စက်ရုံပေါင်း ၃၀၀ ကျော် လည်ပတ်နေခြင်းဖြစ်သည်။
စီးပွားရေး ပိတ်ဆို့မှုများကို ရုပ်သိမ်းခံရသည့် ၂၀၁၂ ခုနှစ်မှ စတင်ကာ အထည်ချုပ်လုပ်ငန်းများ ပိုမိုတိုးတက်လာ ခဲ့ပြီး လက်ရှိတွင် အလုပ်အကိုင်ပေါင်း နှစ်သိန်းခွဲခန့်ပေးအပ်ထားနိုင်ပြီဖြစ်ရာ တိုးတက်လာသည့်လုပ်ငန်းအနေ အထားကြောင့် အလုပ်အကိုင်နေရာ တစ်သန်းအထိ ခန့်အပ်နိုင်ရန် အထည်ချုပ်လုပ်ငန်းရှင်များအသင်းက မျှော်မှန်းထားသည်။
အခြားတစ်ဖက်တွင်လည်း အထည်ချုပ် လုပ်ငန်းရှင်များနှင့် အလုပ်သမားများအကြား လုပ်ခလစာကိစ္စ ပဋိပက္ခများကြောင့် လုပ်ငန်းလည်ပတ်မှု၌ ထိခိုက်မှုအချို့ရှိလာရာ အထည်စက်ရုံများကို အပ်နှံသည့် အလုပ်များ လျော့ကျလာခဲ့သည်။
အထည်ချုပ်စက်ရုံပိုင်ရှင်တစ်ဦးက ‘စက်ရုံနဲ့ အလုပ်သမားကြား လုပ်ခလစာအငြင်းပွားမှုကြောင့် အထည်ချုပ် စက်ရုံတချို့ လုပ်ငန်းပြီးစီးမှု ကြန့်ကြားသွားတာကြောင့် အခု စက်ရုံတွေမှာ အပ်ထည်ရရှိမှု အနည်းနဲ့ အများ လျော့ကျလာပါတယ်။ ဒါပေမယ့် အသစ်ဝင်လာတဲ့လုပ်ငန်းတွေကြောင့် အထည်ပို့ကုန်ဝင်ငွေ ၃၀ ရာခိုင်နှုန်း လောက်တိုးလာတာပါ’ဟု ရှင်းပြသည်။
မြန်မာနိုင်ငံသည် ချုပ်ပြီးအထည်တင်ပို့မှုမှ လက်ရှိ ၂၀၁၅ ခုနှစ်၌ ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကျော် ရရှိ ရန်မျှော်မှန်းထားပြီး ၂၀၁၂ ခုနှစ်က ကန်ဒေါ်လာ သန်း ၇၀၀ ကျော်၊ ၂၀၁၃ ခုနှစ်၌ ၁ ဒသမ ၂ ဘီလီယံနှင့် ၂၀၁၄ ခုနှစ်က ၁ ဒသမ ၃ ဘီလီယံအထိ ရရှိခဲ့ခြင်း ဖြစ်သည်။
၂၀၁၀ ပြည့်နှစ်နှင့် နှိုင်းယှဉ်ပါက နှစ်ဆကျော် တင်ပို့ထားနိုင်ခြင်းဖြစ်ပြီး နိုင်ငံတကာအသိအမှတ်ပြု စည်းမျဉ်း များဖြင့် ဆောင်ရွက်နိုင်ပါက အထည်ချုပ်လုပ်ငန်းကဏ္ဍ၏ အလုပ်အကိုင်နေရာ၊ ၀င်ငွေခွဲဝေဖြန့်ဖြူးမှုနှင့် ပို့ကုန် ပမာဏ ပိုမိုမြင့်တက်နိုင်မည်ဟု မျှော်မှန်းထားသည်။
Source:mizzimaburmese.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment