ကျောင်းသားများကို ပြန်လွှတ်ပေးရန် ဆန္ဒပြသည့် ကဗျာဆရာ ဖမ်းဆီးခံရ

ဓာတ်ပုံ – အိမမမွန်
ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေ ပြန်လွှတ်ပေးဖို့ ပါဖောင့်မန့်တခု ဒီနေ့မနက် ၁၀ နာရီခွဲက ရန်ကုန်လှည်းတန်းမှာ ပြုလုပ်ခဲ့တဲ့ ပါဖောင့်မန့်ခေါင်းဆောင် ကဗျာဆရာထက်အောင်လင်းကို ကမာရွတ်ရဲစခန်းက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

မတ် ၂၇ ရက်နေ့ကလည်း သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးတရားစွဲခံနေရတဲ့ ကျောင်းသားတွေနဲ့ ၀န်းရံသူတွေကို ချက်ချင်းပြန်လွှတ်ပေးဖို့ ရန်ကုန်၊ မန္တလေး၊ မြင်းခြံ၊ မြောင်းမြ၊ ဟင်္သာတ၊ ထားဝယ် စတဲ့ နိုင်ငံတ၀န်း မြို့တွေမှာ ကျောင်းသားတွေက ဆန္ဒပြခဲ့ကြပါတယ်။

ကျောင်းသားများပြန်လွှတ်ရေးနဲ့ အကြမ်းဖက်ဖြိုခွင်းသူတွေကို ဖော်ထုတ်အရေးယူဖို့ ဆန္ဒပြလှုပ်ရှားမှုတွေအပြီး ရန်ကုန်နဲ့ မြင်းခြံမှာ အနည်းဆုံး ၇ ဦး ထပ်မံဖမ်းဆီးခဲ့ရပါတယ်။

ရန်ကုန်မှာက  ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီက ၃ ဦးနဲ့ မြင်းခြံမှာက ကျောင်းသား   ၂ ဦးနဲ့  ဝန်းရံသူ ၂ ဦး ဖမ်းဆီခံခဲ့ရပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment