သြော် ဟုတ်လား ဒါနဲ့ . . ပြောရအုံးမယ် ဟဲ . ဟဲ . ဟဲ – လင်းယုန်ရေးသည်


ဒီပြောကြားချက်တွေဟာ မိဘပြည်သူများ ကိုယ်၏ကျန်းမာခြင်း စိတ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြ ပါစေလို့ အဆုံးသတ်လေ့ရှိတဲ့ တစ်လတစ်ကြိမ် ပြည်သူလူထုကို ရွှေပြည်အေးစကားတွေပြောတဲ့ သမ္မတဦးသိန်းစိန်ရဲ့ ပြောစကားတွေလို့ ထင်ရက်စရာ မရှိပါဘူးခင်ဗျာ …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အဖြစ်ကတော့ဖြင့် ““မနေ့ကတော့ရောင်၊ ပိန္နဲပင် ထောင်ကာမှ၊ ခေါင်းပြောင် ရချည်ရဲ့လေး””ဆိုတဲ့ စကားပုံ လိုပဲခင်ဗျ။

ပြည်သူလူထုကြီးလည်း ကြားသိကြပြီးမှာပေါ့ခင်ဗျာ။ မတ်လ ၂၀ ရက်နေ့က ထုတ်လွှင့်တဲ့ BBC သတင်းဌာနနဲ့ သမ္မတဦးသိန်းစိန် တို့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတဦးသိန်းစိန်ရဲ့ ပြောစကားကိုပဲ ခင်ဗျ။

မတ်လ ၁၀ ရက်နေ့ လက်ပံတန်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး အစိုးရဘက်က ထုတ်ပြန်ချက်တွေ၊ ၀န်တွေ ညွန်တွေရဲ့ ပြောကြားချက်တွေကို မမှန်ကန်ကြောင်း၊ လက်မခံကြောင်း၊ လူထုအများ သဘောဆန္ဒပြုလို့ နိုင်ငံအ၀န်း၊ ကမ္ဘာအ၀န်း ထုတ်ဖော် နေကြပေမယ့် သမ္မတ ဦးသိန်းစိန်ဟာ ရှေ့က ထုတ်ပြန် ပြောကြားမှုများကိုပဲ ထပ်ဆင့်ကွန့်လို့ ပြောလိုက်တဲ့ စကားခင်ဗျ။

““အကြမ်းဖက်ဖြိုခွဲတယ် ဆိုပေမယ့်လည်း ကျွန်တော်တို့မှာ ဟိုကရိုက်လို့ ဒီကပြန်ပြီး ရိုက်ရတဲ့သဘောပဲ ရှိတယ်။ ဟိုကခဲနဲ့ပေါက်လို့ ဒီကကာကွယ်ရတဲ့ သဘောပဲရှိတယ်””လို့ စကားသဝေထိုးလိုက်တယ် မဟုတ်လား ခင်ဗျာ။

ဒီ့အပြင်လည်း လက်ပံတန်း အကြမ်းဖက်ဖြိုခွဲမှုမှာ မျက်ရည်ယိုဗုံးနဲ့ ဖြိုခွဲတာ၊ Water Canon လို့ သုံးနှုန်းတဲ့ အရှိန်ပြင်း ရေအားသုံးဖြိုခွဲတာ၊ Rubber Bullet လို့သုံးနှုန်းတဲ့ ရော်ဘာကျည်ဆန်နဲ့ ပစ်ခတ်ဖြိုခွဲတာမျိုးလည်း မရှိဘူး။ အီးယူ(ဥရောပသမဂ္ဂ)ကလည်း ရဲလုပ်ငန်းနဲ့ ပတ်သက်လို့ စနစ်တကျ သင်ကြားပေးမှုတွေ လာလုပ် နေတာရှိတာပဲ၊ ဒီတော့ ရဲတွေဟာ နိုင်ငံတော် ကာကွယ်ရေး၊ တည်ငြိမ်ရေးအတွက် ရဲလုပ်ငန်းနဲ့ သူ့အဆင့်ကို လုပ်တာပဲဖြစ်တယ် … နိုင်ငံတကာ လုပ်ထုံးလုပ်ဟန်တွေထက် ဘယ်ဟာတစ်ခုမှ ကျော်လွန်ခြင်း မရှိဘူးတဲ့ခင်ဗျ။ အကြမ်းဖက်မှုလို့ စွပ်စွဲတာဟာ တစ်ဖက်တည်း ကြည့်ပြောခြင်းသာဖြစ်ပြီး ရဲမေတချို့ ခေါင်းကွဲတာ၊ ရဲကားမှန်ကွဲတာတွေတောင် ရှိခဲ့တယ်ခင်ဗျ။ ဒီလိုအကြမ်းဖက် ဖြိုခွဲမှုတွေဟာ မြန်မာနိုင်ငံ တစ်ခုတည်း မှာ ဖြစ်တာမဟုတ်ဘဲ အနောက်နိုင်ငံ အချို့မှာလည်း အလားတူဖြစ်ရပ်မျိုးတွေနဲ့ ပိုမိုဆိုးရွား တဲ့ဖြစ်ရပ်တွေ ရှိခဲ့တယ်လို့လည်း သမ္မတဦးသိန်းစိန်က ဆိုတယ်ခင်ဗျ။

မတ်လ ၁၀ ရက်နေ့၊ လက်ပံတန်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး ထိုနေ့ညနေပိုင်းမှာ အွန်လိုင်းလူမှုကွန်ရက် (Facebook) ကနေထွက်ပေါ်လာတဲ့ အခင်းဖြစ်စဉ် အခြေအနေ ရုပ်သံတွေ၊ ဖြစ်စဉ်အတွင်းမှာ ရှိနေတဲ့ ဥပဒေ ပညာရှင်တွေအစ မီဒီယာသမားတွေအဆုံး ကိုယ်တွေ့ ကြုံရသူများရဲ့ သတင်းမီဒီယာမှာ ပြောကြားဖော်ပြချက် တွေ၊ အကြမ်းဖက်ဖြိုခွဲတဲ့ ရဲတပ်ဖွဲ့ကို အနီးကပ် ကွပ်ကဲခဲ့တဲ့ ရဲအရာရှိတွေကိုယ်တိုင် မီဒီယာပြောကြားမှု တွေအရ ဆိုရင်ကိုပဲ အမှန်တကယ် ဖြစ်ပျက်ခဲ့တဲ့ အခြေအနေ အရပ်ရပ်ကို လူထုကြီးတောင် သိနေကြပြီး ဖြစ်တယ် မဟုတ်လားခင်ဗျာ။

သမ္မတ ဦးသိန်းစိန် ရည်ညွှန်းတဲ့ အီးယူကလည်း လက်ပံတန်း ဖြစ်စဉ်ဟာ အီးယူရဲ့သင်ကြားပေးမှုနဲ့ ဆန့်ကျင်တဲ့ လုပ်ရပ်များ ဖြစ်တဲ့ အတွက် ပြင်းထန်စွာ ရှုတ်ချကြောင်း သဘောထား ကြေညာချက်ကို မတ်လ ၁၀ ရက်နေ့ ညနေပိုင်းကပဲ ထုတ်ပြန်ခဲ့တဲ့အပြင် နိုင်ငံတကာ အစိုးရအဖွဲ့တွေနဲ့ အဖွဲ့အစည်းများကလည်း ပြစ်တင် ရှုတ်ချမှုတွေကို အလျင်အမြန် ပြုလုပ်ခဲ့ကြတာ လူထုကြီး အသိပါပဲခင်ဗျ။

သမ္မတဦးသိန်းစိန်ရဲ့ စကားတွေကို သုံးသပ်ကြည့်ရင်ဖြင့် လက်တွေ့မြေပြင်ဖြစ်ရပ်နဲ့ ကွဲလွဲပြီး ကွဲလွဲနေတဲ့ ပလီစေ့ခြောက်ချက် …ယောင်လို့ခင်ဗျ။ (ဟဲ…ဟဲ)၊ ကွဲလွဲနေတဲ့အချက်ကို တွေ့ရတယ်ခင်ဗျ။

ဒီပြောကြားချက်တွေဟာ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေး သမ္မတကြီးလို့ အမွမ်းတင်နာမ ပြုကြတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ပြောစကား… ““မိဘပြည်သူများ ခင်ဗျာ””လို့ အစချီလို့ မိဘပြည်သူများ ကိုယ်၏ကျန်းမာခြင်း စိတ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေလို့ အဆုံးသတ်လေ့ရှိတဲ့ တစ်လတစ်ကြိမ် ပြည်သူလူထုကို ရွှေပြည်အေး စကားတွေ ပြောတဲ့ သမ္မတဦးသိန်းစိန်ရဲ့ ပြောစကားတွေလို့ ထင်ရက်စရာ မရှိပါဘူးခင်ဗျာ။

သို့ပေမယ့်လည်း လင်းယုန်တို့ မြန်မာသံတော်ဆင့်မှာ ဖော်ပြခဲ့ဖူး တဲ့ ရွှေပါရမီတောရ ဆရာတော် အရှင် ဆန္ဒာဓိကရဲ့ သ၀ဏ်လွှာပါ စာသားစုတစ်ရပ်ဟာ အလွန်မှန်လေတာပဲခင်ဗျ။

““ဘုန်းကြီးလူထွက်ဟာ ဘုန်းကြီးကျင့်မပျောက်ဘူး။ အာဏာရှင်လူထွက်ဟာ အာဏာရှင်ကျင့် မပျောက်ဘူး”” တဲ့ ခင်ဗျ။

အခုလည်း သမ္မတ ဦးသိန်းစိန်ရဲ့ အထက်ပါ စကားတွေဟာ အာဏာရှင်အကျင့်ဉာဉ်အတိုင်း ပြောတဲ့ စကားတွေပဲလို့ ဝေဖန် သံတွေ သောသောညံနေပါရောလားခင်ဗျာ။

ဒါနဲ့ ပြောရအုံးမယ်ခင်ဗျ။

လင်းယုန်ကတော့ သမ္မတ ဦးသိန်းစိန်ဟာ ပြုပြင်ပြောင်းလဲရေးလို့ အမွမ်းပြုခံရတဲ့သမ္မတကြီးမို့ အထက်ပါကဲ့သို့ ယတိပြတ် မဝေဖန်ချင်တာကြောင့် သမ္မတရဲ့ ပြောစကားနဲ့ ဆက်စပ်ပြီး တွေးမိတာကို တင်ပြပါရစေခင်ဗျ။ ဒါကလည်း ဟိုယခင် စစ်အာဏာရှင်အစိုးရ လက်ထက်ကနေ အရပ်သားအစိုးရလို့ ပြောင်းလဲခဲ့ပြီးတဲ့ ကာလအထိ လင်းယုန်သိထားမိတဲ့ အကြောင်းတစ်ရပ်က အခြေခံတာပဲ ဆိုရမယ်ခင်ဗျ။

ဒီလိုခင်ဗျ။ နိုင်ငံတော် ထိပ်ပိုင်းအကြီးအကဲများဟာ နေ့စဉ်ဖြစ်ပေါ်တဲ့ သတင်း အချက်အလက်တွေကို အချိန်ပေးပြီး လေ့လာမှု မပြုနိုင်ဘူးခင်ဗျ။ ဒီတော့ အစိုးရအဖွဲ့အတွင်း ဒုဝန်ကြီးတာဝန် အဆင့်လောက် အထိကို နေ့စဉ် သတင်းလွှာတွေဆိုပြီး သီးသန့်ပို့ဆောင် ပေးရလေ့ရှိတယ်ခင်ဗျ။ ဒါကို ပြန်ကြားရေး ၀န်ကြီးဌာနက တာဝန်ယူပြီး ဆောင်ရွက်ပေးရ တာ ဖြစ်တယ် ခင်ဗျ။ ဥပမာ အသံလွှင့်ဌာန တစ်ခုက ထုတ်လွှင့်ချက်တွေကို အသံဖမ်းယူထားပြီး ထိုထုတ်လွှင့်ချက်တွေကို ပြန်လည် ကွန်ပျူတာစာစီလို့ တစ်နေ့စာ သတင်းလွှာ စာရွက်တွေအဖြစ် နေ့စဉ်ပို့ဆောင် ပေးရတယ် ခင်ဗျ။ ဒီလို ပြန်လည်ပြီး သတင်းလွှာအဖြစ် ပြောင်းလဲတဲ့အခါမှာ သတင်း အချက်အလက်တွေကို စိစစ်ဖြတ်တောက်တာ မျိုးတွေလည်း ရှိတယ်ခင်ဗျ။ ဒါကို ပြန်ကြားရေး ၀န်ကြီးဌာနကပဲ တာဝန်ယူပြီး ဆောင်ရွက်ပေး ရတာ ဖြစ်တယ်ခင်ဗျ။

(မငြင်းပါနဲ့ ခင်ဗျာ။ ခေါင်းစီးအပြာရောင် နောက်ခံနဲ့ ပြန်ကြားရေး ၀န်ကြီးဌာနက ပြုလုပ်စီမံ ဆောင်ရွက်ပြီး အစိုးရအကြီးအကဲများ ထံ ဖြန့်ဝေပို့ဆောင်တဲ့ စာရွက်အချို့ လင်းယုန်ဆီမှာ လက်ဝယ်ရှိပေတယ်။ ကန့်သတ်လို့ ရေးထားပြီး အစိုးရအဖွဲ့ အကြီးအကဲတစ်ဦးဆီထံ နာမည်နဲ့တကွ လိပ်မူပေးပို့ရတဲ့ စာရွက်များ ဖြစ်သော်ငြား လည်းပေါ့ခင်ဗျာ၊ ဟဲ …ဟဲ…ဟဲ)

ဒါကြောင့် … ပြည်ပခရီးစဉ် ရောက်ရှိနေချိန် ဖြစ်ပေါ်ခဲ့တဲ့ လက်ပံတန်း ဖြစ်စဉ်အပေါ် အထက်ပါအတိုင်း စိစစ် ဖြတ်တောက်ထားတဲ့ သတင်း အချက်အလက်များကိုသာ သမ္မတအနေနဲ့ သိရှိနေရခြင်းများလားလို့ လင်းယုန် တွေးမိတာပဲခင်ဗျ။

အထက်ပါ တင်ပြချက်အဖြစ် လင်းယုန်ရဲ့ အတွေးကို ထပ်မံ အခြေပြု နေတာကတော့ သမ္မတအနေနဲ့ သမ္မတရုံး ၀န်ကြီးများကို ယခုကဲ့သို့ ပေါများစွာ ခန့်ထားရခြင်းအကြောင်းများမှာ သမ္မတကိုယ်စား စာဖတ်ဖို့နဲ့ သမ္မတထံ ထပ်ဆင့် စိစစ်တင်ပြရန်လည်း တစ်ကြောင်း ပါဝင်တယ်လို့ လက်ရှိနိုင်ငံတော် မဏ္ဍိုင်သုံးရပ် အကြီးအကဲ တစ်ဦး က ဖွင့်ဟပြောကြားမှုရှိတာကိုလည်း သိရခြင်းပဲခင်ဗျ။

လက်ပံတန်းဖြစ်စဉ်နဲ့ ပတ်သက်လို့ စိစစ်ဖြတ်တောက်ထားတဲ့ အချက်အလက်တွေကိုပဲ သမ္မတထံ တင်ပြ ထားကြ လေသလားလို့ အထက်ပါ သိရမှုတွေကို အခြေပြုပြီး တွေးထင်မိတာပဲခင်ဗျ။

နောက် အကြောင်းတစ်ချက်အနေနဲ့ လက်ပံတန်းဖြစ်စဉ်ကို အီးယူက နေ့မကူးဘဲ ပြင်းထန်စွာ ရှုတ်ချကြောင်း ကြေညာချက် ထုတ်ခဲ့တာတောင် သမ္မတရဲ့ စကားမှာ အီးယူကို ရည်ညွှန်း ကိုးကားပြောဆိုခဲ့ခြင်းကို တွေ့ရတယ် မဟုတ်လားခင်ဗျာ။ ဒါကို ယုတ္တိဗေဒ ချကြည့်ရင် သမ္မတဟာ အီးယူရဲ့ ထုတ်ပြန်ချက်ကိုများ မသိလေရော့လို့လားဆိုပြီး လင်းယုန်ရဲ့ တွေးထင်မှုကို ထပ်ဆင့် အခြေပြုနေပြန်တယ်ခင်ဗျ။ ကံသေကံမတော့ ပြောနိုင်စွမ်း မရှိလေဘူးပေါ့ခင်ဗျာ။

တကယ်လို့ လင်းယုန်ရဲ့ တွေးထင်မှုဟာ မှန်နေမယ်ဆိုရင်တော့ သမ္မတ ဦးသိန်းစိန်ဟာ အလွန်ကိုပဲ ကရုဏာ သက်ဖွယ် ကောင်းနေတယ်ခင်ဗျ။

(ပြည်သူလူထုကြီးခင်ဗျာ။

မည်သို့ပင် ဆိုစေကာမူ လက်ပံတန်းဖြစ်စဉ်နဲ့ ပတ်သက်လို့ သမ္မတရဲ့ သဘောထားကိုတော့ ပြောစကား များကနေ သိလိုက်ရပြီပေါ့ခင်ဗျာ။

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး သမ္မတကြီးလို့ အမွမ်းတင်မှု ပြုနေကြသူကြီး ကိုယ်တိုင်က ယခုလိုစကားတွေ ပြောထွက်လေတာ ကြားရလေတော့ လင်းယုန်အနေနဲ့ဖြင့် အင်မတန် ရင်ထုမနာ ဖြစ်ရချက်ကယ်ကြောင့် ယခု တစ်ချီတစ်မောင်းမှာ ““ဟဲ…ဟဲ…ဟဲ””လို့ ယခင်ကလိုတောင် မဟဲနိုင်တော့ကြောင်း ဒီတစ်ပတ်တော့ဖြင့် ခွင့်လွှတ်တော်မူကြပါခင်ဗျာ။

လင်းယုန်ရဲ့ သဘောထားအမြင် တင်ပြမှုကို ဒီတစ်ပတ်တော့ ငိုချင်းနဲ့သာ နိဂုံးကမှတ်လိုက်ပါတယ်၊ ““အမယ်မင်း …သမ္မတကြီးရဲ့ ပြောရက်ပေကော””)

လင်းယုန်ရေးသည်
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald






  • သုဘရာဇာကို တုန်လှုပ်သွားစေခဲ့တဲ့ သေရွာပြန် အမျိုးသမီး
  • လက်ရှိရည်းစားနဲ့ ရည်းစားဟောင်း နှစ်ဦးစလုံး မြစ်ထဲခုန်ချခဲ့တာကြောင့် ဘယ်သူ့ကယ်ရမှန်းမသိ အကျပ်ရိုက်ခဲ့တဲ့ အမျိုးသား
  • ဖက်ရှင်ကို အလွန်အမင်း အရေးပေးလာတဲ့ နယူးရော့ခ်ကို သရော်တဲ့အနေနဲ့ ကိုယ်တုံးလုံးပုံတွေချည်း ရိုက်ကူးထားတဲ့ ဓာတ်ပုံစာအုပ်တစ်အုပ် ထွက်ရှိ
  • ခေတ်စားနေတဲ့ စုံတွဲများ စုပေါင်း ကာမဆက်ဆံခြင်း
  • လက်တင်အမေရိကမှာ လူမြင်ကွင်း ကလေးနို့ရည်တိုက်ကျွေးခြင်း တားမြစ်ပါက ဒဏ်ငွေရိုက်မယ့်ဥပဒေပြဌာန်း
  • မကျွမ်းကျင်သေးတဲ့ လက်သည်းအလှပြုပြင်သူကြောင့် လက်သည်းခွံတွေ ဖယ်ရှားလိုက်ရတဲ့ မော်ဒယ်လ် အမျိုးသမီး
  • အတင်းဓမ္မပြုကျင့်ဖို့ ကြိုးစားသူရဲ့ တန်ဆာကို ပါးစပ်နဲ့ ကိုက်ဖြတ်
  • ထိုင်းနိုင်ငံမှာ “ရင်သားအောက်ပိုင်းတစ်ဝက်ပေါ် Selfie” ရိုက်တဲ့ အမျိုးသမီးတွေ ထောင်ဒဏ် (၅) နှစ်ကျခံရမယ်လို့ သိရ
  • ဈာပန အခမ်းအနားရောက်မှ အမေ မသေသေးတာ သိလိုက်ရတဲ့ သားသမီးများ
  • အိန္ဒိယနိုင်ငံမှာ နှလုံးက ခန္ဓာကိုယ်အပြင်ဘက် ငေါထွက်နေတဲ့ ကလေးမွေးဖွား
  • အမျိုးသားတွေကို စတာလင်ပေါင် ၃၅၀ ပေးပြီး သူမကို ကိုယ်ဝန်ရရှိအောင် ပြုလုပ်ပေးဖို့ ကမ်းလှမ်းခဲ့တဲ့ အမျိုးသမီး
  • အိမ်ဝယ်မယ်ဆိုရင်အိမ်ရှင်အမျို သမီးကသူ့ကိုအလကားရမယ်တဲ့
  • ချစ်တင်းနှီးနှောနေစဉ်လိင်အင်္ဂါကျိုးပျက်သွားတဲ့အမျိုးသား
  • ၁၁နှစ်သားနဲ့ ၁၅နှစ်သမီးကိုသတ်ပြီးရေခဲသေတ္တာထဲထည့်သိမ်းထားတဲ့မိခင်ဖမ်းခံရ



  • မိဘနှစ်ပါးကိုချက်ပြုတ်စားသောက်တဲ့သားမိုက်
  • Share on Google Plus

    About Editor

    This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
      Blogger Comment
      Facebook Comment

    0 comments:

    Post a Comment