ဂျပန်အလှမယ်သမိုင်းတလျှောက်မှာတော့ ဒီလို လူမျိုးခြားသွေးပါဝင်တဲ့ အလှမယ်ကို တင်မြှောက်တာ မီယာမိုတိုက ပထမဆုံးဖြစ်ပါတယ်။ အချို့ပရိသတ်တွေကတော့ ဂျပန်ရဲ့အလှမယ်မီယာမိုတိုဟာ လူမျိုးခြားသွေး ပါဝင်နေတာကြောင့် ဂျပန်နိုငံကို အပြည့်အဝကိုယ်စားပြုမှာမဟုတ်ဘူး ဆိုပြီး ဝေဖန်ကြပါတယ်။ အာဖရိကန်- အမေရိကန်သွေး ပါဝင်နေတာကြောင့် မီယာမိုတိုရဲ့ အသားအရည်ဟာ သာမန်ဂျပန်လူမျိုးတွေလို ဖြူဝင်းမနေပဲ ညိုနေတာကြောင့်လည်း ဂျပန်တွေက သဘောမကျတာဖြစ်ပါတယ်။
ကျောင်းမှာတုန်းကလည်း လူမျိုးခြားမိဘတွေက မွေးတဲ့သူဖြစ်တာကြောင့် အခြားသူငယ်ချင်းတွေရဲ့ အနိုင်ကျင့်မှုကို ခံခဲ့ရတယ်လို့ မီယာမိုတိုက ပြောပါတယ်။ ဂျပန်မှာနေထိုင်သူတွေထဲက ၉၈ ရာခိုင်နှုန်းဟာ ဂျပန်လူမျိုးစစ်တွေ ဖြစ်ကြပါတယ်။ ‘‘ သူ့ကိုကြည့်ရတာ ဘယ်လိုမှ ဂျပန်ပုံ မပေါက်ဘူး’’ လို့ ကိုမာဂါဝါဆိုသူ ပရိသတ်တစ်ဦးက အလှမယ် ဓါတ်ပုံရိုက်တာကို ကြည့်နေရင်းနဲ့ မှတ်ချက်ပေးပါတယ်။
Source:Planet Myanmar News
0 comments:
Post a Comment