အမေရိကန်တက္ကသိုလ်ကျောင်းသားနှစ်ဦး တီထွင်လိုက်တဲ့ အသံလှိုင်းသုံး မီးငြှိမ်းသတ်ကိရိယာ


အနာဂတ်ကာလမှာ မီးငြှိမ်းသတ်ဖို့အတွက် အသံထိန်းညှိနိုင်တဲ့ စပီကာတစ်လုံးသာ လိုအပ်တယ်ဆိုရင် စိတ်ကူးယာဉ်ဆန်တယ်လို့ ထင်ကြမှာပါ။ အသံလှိုင်းဖြင့် မီးငြှိမ်းသတ်နိုင်တဲ့ သီအိုရီကို နှစ်ပေါင်းအတန်ကြာကတည်းက စမ်းသပ်လေ့လာခဲ့ကြပြီး အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သုတေသနအေဂျင်စီက ၂၀၁၂ ခုနှစ်မှာ သရုပ်ပြခဲ့ပါသေးတယ်။ အခုအခါမှာတော့ အမေရိကန်တက္ကသိုလ် အင်ဂျင်နီယာကျောင်းသားနှစ်ဦး တီထွင်လိုက်တဲ့ အသံလှိုင်း အသုံးပြု လက်ကိုင်မီးငြိှမ်းသတ်ကိရိယာကို ပထမဆုံးအကြိမ်အဖြစ် မြင်တွေ့ရပြီဖြစ်ပါတယ်။

အဆိုပါ မီးငြှိမ်းသတ်ကိရိယာမှာ မီးငြှိမ်းသတ်ရာတွင် ပုံမှန်အသုံးပြုနေကျ ရေမြှုပ်၊ ပေါင်ဒါမှုန့် သို့မဟုတ် ရေကို အသုံးပြုမထားဘဲ ကိရိယာကနေ
ကြိမ်နှုန်းနိမ့်တဲ့ အသံလှိုင်းကို ထုတ်လွှင့်ပြီး မီးငြှိမ်းသတ်နိုင်မှာ ဖြစ်ပါတယ်။ အသံဖြင့် မီးငြှိမ်းသတ်နိုင်တဲ့ လက်ကိုင်ကိရိယာ ရှေ့ပြေးနမူနာပုံစံကို အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်ရှိ ဂျော့ဂ်ျမက်ဆွန်တက္ကသိုလ်က ကွန်ပျူတာအင်ဂျင်နီယာကျောင်းသား ဗီယက်ထရန်နဲ့လျှပ်စစ်အင်ဂျင်နီယာကျောင်းသား ဆက်တ် ရောဘတ်ဆန်တို့က ပူးပေါင်းတီထွင်ခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့ တီထွင်လိုက်တဲ့ ကိရိယာဟာမီးငြှိမ်းသတ်တဲ့နည်းလမ်း အပြောင်းအလဲကြီးတစ်ရပ် ဖြစ်လာနိုင်ပြီး နေအိမ်သုံး မီးငြှိမ်းသတ်ကိရိယာတစ်ခုအဖြစ် အသုံးဝင်စေမယ်လိုလည်း
သူတို့နှစ်ဦးက မျှော်လင့်ထားကြပါတယ်။

တက္ကသိုလ်ကျောင်းသားနှစ်ဦး တီထွင်လိုက်တဲ့ မီးငြှိမ်းသတ်ကိရိယာနည်းပညာဟာ အသံလှိုင်းက အောက်ဆီဂျင်ကို ဖယ်ထုတ်အစားထိုးနိုင်တဲ့ နည်းလမ်းကို
အခြေခံထားတာ ဖြစ်ပါတယ်။ အသံလှိုင်းက မီးလောင်မှုကို အားပေးတဲ့ အောက်ဆီဂျင်ကို ဖယ်ထုတ်အစားထိုးလိုက်ခြင်းဖြင့် မီးကို ငြှိမ်းသတ်တဲ့
နည်းလမ်းဖြစ်ပါတယ်။ ၃၀ ကနေ ၆၀ ဟာ့ဇ် အတွင်းသာရှိတဲ့ ကြိမ်နှုန်းနိမ့် အသံလှိုင်းဟာ မီးလောင်မှုကနေ အောက်ဆီဂျင်ကို ဖယ်ထုတ်ပြီး မီးငြိမ်းစေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဒီ ကျောင်းသားနှစ်ဦး တီထွင်လိုက်တဲ့ ရှေ့ပြေးနမူနာပုံစံကို အခြေခံပြီး နောက်တစ်ဆင့်အနေနဲ့ သယ်ဆောင်ရလွယ်ကူတဲ့ အသံလှိုင်းသုံး လက်ကိုင်မီးငြှိမ်းသတ်ကိရိယာတွေ အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သုတေသနအေဂျင်စီက တီထွင်ခဲ့ဖူးတဲ့ အသံလှိုင်းသုံး မီးငြှိမ်းသတ်ကိရိယာကတော့ အရွယ်အစားကြီးမားတာကြောင့်
သယ်ဆောင်ရမလွယ်ကူပါဘူး။ အင်ဂျင်နီယာကျောင်းသားနှစ်ဦး တီထွင်လိုက်တဲ့ အသံလှိုင်းသုံး မီးငြှိမ်းသတ်ကိရိယာကို အသံလှိုင်းထုတ်လွှင့်စက်၊
အသံထိန်းညှိစက်ငယ်နဲ့ အသံလှိုင်းတွေကို ဦးတည်ရာတစ်ခုဆီ စုစည်းထုတ်လွှင့်ပေးနိုင်အောင် ပုံစံထုတ်ဖန်တီးထားတယ်လို့ ဆိုပါတယ်။
လတ်တလော စမ်းသပ်ပြသခဲ့တဲ့ အသံလှိုင်းသုံး မီးငြှိမ်းသတ်ကိရိယာက အသေးစား မီးလောင်မှုတွေကိုသာ ငြှိမ်းသတ်နိုင်သေးပြီး နောက်ပိုင်းမှာ အကြီးစား
မီးလောင်မှုတွေကိုပါ ငြှိမ်းသတ်နိုင်အောင် ဆက်လက်တီထွင်သွားမယ်လို့ သိရှိရပါတယ်။
CNET
Source:mizzimaburmese.com



  • သုဘရာဇာကို တုန်လှုပ်သွားစေခဲ့တဲ့ သေရွာပြန် အမျိုးသမီး
  • လက်ရှိရည်းစားနဲ့ ရည်းစားဟောင်း နှစ်ဦးစလုံး မြစ်ထဲခုန်ချခဲ့တာကြောင့် ဘယ်သူ့ကယ်ရမှန်းမသိ အကျပ်ရိုက်ခဲ့တဲ့ အမျိုးသား
  • ဖက်ရှင်ကို အလွန်အမင်း အရေးပေးလာတဲ့ နယူးရော့ခ်ကို သရော်တဲ့အနေနဲ့ ကိုယ်တုံးလုံးပုံတွေချည်း ရိုက်ကူးထားတဲ့ ဓာတ်ပုံစာအုပ်တစ်အုပ် ထွက်ရှိ
  • ခေတ်စားနေတဲ့ စုံတွဲများ စုပေါင်း ကာမဆက်ဆံခြင်း
  • လက်တင်အမေရိကမှာ လူမြင်ကွင်း ကလေးနို့ရည်တိုက်ကျွေးခြင်း တားမြစ်ပါက ဒဏ်ငွေရိုက်မယ့်ဥပဒေပြဌာန်း
  • မကျွမ်းကျင်သေးတဲ့ လက်သည်းအလှပြုပြင်သူကြောင့် လက်သည်းခွံတွေ ဖယ်ရှားလိုက်ရတဲ့ မော်ဒယ်လ် အမျိုးသမီး
  • အတင်းဓမ္မပြုကျင့်ဖို့ ကြိုးစားသူရဲ့ တန်ဆာကို ပါးစပ်နဲ့ ကိုက်ဖြတ်
  • ထိုင်းနိုင်ငံမှာ “ရင်သားအောက်ပိုင်းတစ်ဝက်ပေါ် Selfie” ရိုက်တဲ့ အမျိုးသမီးတွေ ထောင်ဒဏ် (၅) နှစ်ကျခံရမယ်လို့ သိရ
  • ဈာပန အခမ်းအနားရောက်မှ အမေ မသေသေးတာ သိလိုက်ရတဲ့ သားသမီးများ
  • အိန္ဒိယနိုင်ငံမှာ နှလုံးက ခန္ဓာကိုယ်အပြင်ဘက် ငေါထွက်နေတဲ့ ကလေးမွေးဖွား
  • အမျိုးသားတွေကို စတာလင်ပေါင် ၃၅၀ ပေးပြီး သူမကို ကိုယ်ဝန်ရရှိအောင် ပြုလုပ်ပေးဖို့ ကမ်းလှမ်းခဲ့တဲ့ အမျိုးသမီး
  • အိမ်ဝယ်မယ်ဆိုရင်အိမ်ရှင်အမျို သမီးကသူ့ကိုအလကားရမယ်တဲ့
  • ချစ်တင်းနှီးနှောနေစဉ်လိင်အင်္ဂါကျိုးပျက်သွားတဲ့အမျိုးသား
  • ၁၁နှစ်သားနဲ့ ၁၅နှစ်သမီးကိုသတ်ပြီးရေခဲသေတ္တာထဲထည့်သိမ်းထားတဲ့မိခင်ဖမ်းခံရ

  • မိဘနှစ်ပါးကိုချက်ပြုတ်စားသောက်တဲ့သားမိုက်
  • Share on Google Plus

    About Editor

    This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
      Blogger Comment
      Facebook Comment

    0 comments:

    Post a Comment