ခုလို နေရာတစ်နေရာ ရလာအောင် ဘယ်လိုကြိုးစားခဲ့ရတယ်ဆိုတာကိုလည်း သူက “ကျွန်တော် အနုပညာသက်တမ်း ၅ နှစ်ကျော်ပြီ။ အခုချိန်မှာ ကျွန်တော်နေရာလေး တစ်ခုကိုလဲ ရောက်ရှိနေပြီ။ ကံ၊ ဥာဏ်၊ ၀ီရိယအဖက်ဖက်က ပေါင်းစုံမှ ဒီအောင်မြင်မှုက တည်မြဲမှာ။ ကံမရှိပဲနဲ့ ကြိုးစားရင်လဲ မဖြစ်နိုင်ဘူး။ ကျွန်တော့်ဖက်က စိတ်ထားဖြူဖြူစင်စင် ထားတယ်။ ဘာသာရေးကို ကိုင်းရှိုင်းတယ်။ စည်းကမ်းရှိတယ်။ ၀ီရိယထားတယ်။ ဖြစ်လာတာဖြစ်မလာတာတော့ အရင်ဘ၀က ကုသိုလ်ကံနဲ့ဆိုင်တယ်။ အကောင်းဆုံးဖြစ်အောင် ဘယ်အရာမဆို ကြိုးစားပြီးလုပ်ခဲ့ပါတယ်။ မျိုးရိုးနဲ့ ပတ်သက်ရင် ကျွန်တော့်မှာ အနုပညာမျိုးရိုးလဲ မရှိဘူး။ ရန်ကုန်မှာ နေရထိုင်ရ စားရသောက်ရတာလဲ အဆင်မပြေဘူး။ နယ်ကလာတဲ့အတွက်ရန်ကုန်မှာ အဆောင်ငှားပြီး နေခဲ့ရဖူးတယ်။ ရန်ကုန်မှာ၂၀၀ နဲ့နေခဲ့ရတဲ့ရက်တွေလဲ ရှိခဲ့ဖူးတယ်။ ပြီးသွားရင် ဒီလောကထဲကို ရောက်အောင် ဆွဲခေါ်ခဲ့တာကတော့ ဦးအောင်မင်းသိန်း မိန်းမ သမီးမြတ်ကျော်ပေါ့။ မင်းရုပ်ရည်က ထင်ရှားတဲ့ ရုပ်ရည်ရှိတယ်။ ၀ါသနာလဲပါတယ်။ လုပ်လဲ လုပ်နိုင်လိမ့်မယ်ဆိုပြီး ဒီလောကထဲကို ဆွဲသွင်းခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ ရူးသွပ်စွာကြိုးစားခဲ့တယ်။ နောက်ပြီး ကျွန်တော့ဘေးက ပံ့ပိုးမှုကောင်းခဲ့လို့လဲဒီနေရာလေးကို ရောက်လာခဲ့တယ်”တဲ့။
ဒီငါးနှစ်အတွင်း ဇာတ်ကား ၅၀ နီးပါး သရုပ်ဆောင်ခဲ့တဲ့ ဇေရဲထက်က သင်္ကြန်ကို အိမ်မှာပဲ ရှိမယ့်အကြောင်း ဖွင့်ဟ သွားပါတယ်။ ခုလက်ရှိမှာ ဇေရဲထက်ဟာ အိချောပိုနဲ့အတူ အစွဲချွတ်ပွဲဆိုတဲ့ ကားမှာ ပါဝင်သရုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Source:trend.com.mm
0 comments:
Post a Comment