အောင်ပိုင်
လန်ဒန် ၊ မတ် ၁၈
မန်ချက်စတာ ယူနိုက်တက်နှင့် အင်္ဂလန် လက်ရွေးစင် ဘောလုံး သမားဟောင်းဖြစ်သူ ဒေးဗစ်ဘက်ခမ်းနှင့် အဆိုတော် ဘ၀မှ ဖက်ရှင် ဒီဇိုင်နာအဖြစ်သို့ ပြောင်းလဲ ရပ်တည်လာသည့် ဗစ်တိုးရီးယား ဘက်ခမ်း တို့သည် ယင်းတို့၏ ကလေးများကို စနစ်တကျ သွန်သင်ဆုံးမပြီး စည်းကမ်း တင်းကျပ်သည့် မိဘဖြစ်ကြောင်းကို ယင်းတို့နှင့် ရင်းနှီးသည့် အပေါင်းအသင်း မိတ်ဆွေများက ပြောကြားထားကြသည်။
ထို့အပြင် ဗစ်တိုရီးယား ဘက်ခမ်းကလည်း ယင်းတို့၏ ယဉ်ကျေးလိမ္မာသည့် သားသမီးများကြောင့် အင်မတန် ဂုဏ်ယူသည် ဟုလည်း မကြာသေးမီက ပြုလုပ်ထားသည့် အင်တာဗျူး တစ်ခုတွင် ပြောကြားထားသေးသည်။
လတ်တလောတွင် သားသုံးယောက်နှင့် သမီး တစ်ယောက်တို့ကို ပိုင်ဆိုင်ထားသည့် ဘက်ခမ်းတို့ ဇနီးမောင်နှံသည် မိဘတို့၏ အလိုလိုက်ခံရပြီး ပျက်စီးသည့် ကလေးများ မဖြစ်စေရန် အတွက် အိမ်တွင်း စည်းကမ်းများကို တင်းကျပ် ထားကြသည်။ ဘက်ခမ်းတို့ ဇနီးမောင်နှံသည် ယင်းတို့၏ကလေးများကို အိမ်မှုကိစ္စများကို ခွဲဝေ ဆောင်ရွက်စေသည်ဟု သတင်းရင်းမြစ်များက ဆိုထားကြသည်။
ဒေးဗစ်ဘက်ခမ်းတို့၏ မိသားစုနှင့် ရင်းနှီးသူ တစ်ဦးက ဒေးဗစ်ဘက်ခမ်းတို့ ဇနီးမောင်နှံဟာ သူတို့ မိသားစုကို ရှေးစံနှုန်းတို့ဖြင့် အစဉ်အမြဲပြုစု ပျိုးထောင်ခဲ့ခြင်းကြောင်း ယင်းတို့၏ ဆန္ဒအတိုင်း အကောင် အထည်ဖော်ခဲ့ပြီး ဖြစ်ကြောင်း ပြောကြားထားသည်။
ယင်းတို့၏ သားသမီးများ အတွက် ဂုဏ်ယူနေသည့် ဗစ်တိုးရီးယား ဘက်ခမ်းကလည်း ““ကျွန်မတို့ရဲ့ကလေးတွေဟာ လူတွေရဲ့ ချီးကျူးမှုကို အမြဲ ရကြရပါတယ်။ ဒါဟာ ကျွန်မတို့ကို ချီးကျူးကြတာပဲ ဖြစ်ပါတယ်။ ကလေးတွေဟာ ဘယ်လိုနေရမယ်၊ ဘယ်လို စားရမယ်ဆိုတာကို သိကြပါတယ်။ လွတ်လွတ် လပ်လပ် နေကြပေမယ့် ယဉ်ကျေးကြပါတယ်”” ဟုယင်း၏ ကလေးများ အပေါ် ချီးကျူးစကား ပြောကြားထားသည်။
Source : EW
Source:http://www.messengernewsjournal.com/entertainment/detail.php?id=34350
သုဘရာဇာကို တုန်လှုပ်သွားစေခဲ့တဲ့ သေရွာပြန် အမျိုးသမီး
လက်ရှိရည်းစားနဲ့ ရည်းစားဟောင်း နှစ်ဦးစလုံး မြစ်ထဲခုန်ချခဲ့တာကြောင့် ဘယ်သူ့ကယ်ရမှန်းမသိ အကျပ်ရိုက်ခဲ့တဲ့ အမျိုးသား
ဖက်ရှင်ကို အလွန်အမင်း အရေးပေးလာတဲ့ နယူးရော့ခ်ကို သရော်တဲ့အနေနဲ့ ကိုယ်တုံးလုံးပုံတွေချည်း ရိုက်ကူးထားတဲ့ ဓာတ်ပုံစာအုပ်တစ်အုပ် ထွက်ရှိ
ခေတ်စားနေတဲ့ စုံတွဲများ စုပေါင်း ကာမဆက်ဆံခြင်း
လက်တင်အမေရိကမှာ လူမြင်ကွင်း ကလေးနို့ရည်တိုက်ကျွေးခြင်း တားမြစ်ပါက ဒဏ်ငွေရိုက်မယ့်ဥပဒေပြဌာန်း
မကျွမ်းကျင်သေးတဲ့ လက်သည်းအလှပြုပြင်သူကြောင့် လက်သည်းခွံတွေ ဖယ်ရှားလိုက်ရတဲ့ မော်ဒယ်လ် အမျိုးသမီး
အတင်းဓမ္မပြုကျင့်ဖို့ ကြိုးစားသူရဲ့ တန်ဆာကို ပါးစပ်နဲ့ ကိုက်ဖြတ်
ထိုင်းနိုင်ငံမှာ “ရင်သားအောက်ပိုင်းတစ်ဝက်ပေါ် Selfie” ရိုက်တဲ့ အမျိုးသမီးတွေ ထောင်ဒဏ် (၅) နှစ်ကျခံရမယ်လို့ သိရ
ဈာပန အခမ်းအနားရောက်မှ အမေ မသေသေးတာ သိလိုက်ရတဲ့ သားသမီးများ
အိန္ဒိယနိုင်ငံမှာ နှလုံးက ခန္ဓာကိုယ်အပြင်ဘက် ငေါထွက်နေတဲ့ ကလေးမွေးဖွား
အမျိုးသားတွေကို စတာလင်ပေါင် ၃၅၀ ပေးပြီး သူမကို ကိုယ်ဝန်ရရှိအောင် ပြုလုပ်ပေးဖို့ ကမ်းလှမ်းခဲ့တဲ့ အမျိုးသမီး
အိမ်ဝယ်မယ်ဆိုရင်အိမ်ရှင်အမျို သမီးကသူ့ကိုအလကားရမယ်တဲ့
ချစ်တင်းနှီးနှောနေစဉ်လိင်အင်္ဂါကျိုးပျက်သွားတဲ့အမျိုးသား
၁၁နှစ်သားနဲ့ ၁၅နှစ်သမီးကိုသတ်ပြီးရေခဲသေတ္တာထဲထည့်သိမ်းထားတဲ့မိခင်ဖမ်းခံရ
မိဘနှစ်ပါးကိုချက်ပြုတ်စားသောက်တဲ့သားမိုက်
0 comments:
Post a Comment