အောင်ပိုင်
လန်ဒန် ၊ မတ် ၂၀
ဗြိတိန် လူငယ် ဂီတပညာရှင် ဆမ်စမစ်သည် ဗြိတိန် ဆင်ဂဲလ်ဇယားနှင့် အယ်လ်ဘမ် ဇယား နှစ်ခုစလုံး၏ ထိပ်ဆုံးတွင် ရပ်တည်နေကြောင်း “Offical Charts” ၏ စာရင်း ဇယားများအရ သိရသည်။ သီချင်း သီဆိုခြင်းကို သာမက တေးသီချင်းများ ရေးသား ဖန်တီးခြင်းတွင်ပါ ထူးချွန်သည့် ဗြိတိန် မျက်နှာသစ် အဆိုတော် ဆမ်စမစ်သည် ယမန်နှစ်က ပွဲဦးထွက် အယ်လ်ဘမ်ကို ဖြန့်ချိခဲ့သူ ဖြစ်သည်။
ပွဲဦးထွက် အယ်လ်ဘမ် ထွက်ပြီးချိန်မှ စတင်ကာ ယင်းသည် ဗြိတိန် ထိပ်တန်း အဆိုတော် တစ်ယောက် အဖြစ်သို့ ချက်ချင်း ရောက်ရှိ လာခဲ့သည်။ ယင်း၏ ပွဲဦးထွက် အယ်လ်ဘမ်မှာ “In The Lonely Hour” ဖြစ်ပြီး ယခုနှစ်ပိုင်း အတွင်း ထွက်ရှိခဲ့သည့် ပွဲဦးထွက် အယ်လ်ဘမ်များ အနက် အကောင်းဆုံး အယ်လ်ဘမ် အဖြစ် သတ်မှတ် ခံခဲ့ရသည့် အယ်လ်ဘမ်လည်း ဖြစ်သည်။
မတ်လ (၁၅) ရက်နေ့ ဗြိတိန် ဆင်ဂဲလ် ဇယားတွင် ယင်း၏ ဆင်ဂဲလ် သီချင်း “Lay Me Down” သည် ဇယားထိပ်ဆုံး နေရာတွင် ရပ်တည်လျက် ရှိနေသည်။ ထိုသီချင်းကို ဆမ်စမစ်သည် အခြား ဂီတပညာရှင် တစ်ဦး ဖြစ်သည့် ဂျွန်လက်ဂျန်းနှင့် ပူးပေါင်း ဖန်တီး သီဆိုထားခြင်း ဖြစ်သည်။
ထို့အပြင် အထက်တွင် ဖော်ပြခဲ့သည့် ယင်း၏ ပွဲဦးထွက် အယ်လ်ဘမ်သည်လည်း ပေါ့ပ်ဘုရင်မ မက်ဒေါနား၏ အယ်လ်ဘမ်ကို ဖြတ်ကျော်ကာ ဗြိတိန် အယ်လ်ဘမ်ဇယား ထိပ်ဆုံးသို့ ပြန်လည် ရောက်ရှိ လာခဲ့သည်။ ယခုတစ်ခေါက်သည် ဗြိတိန် အယ်လ်ဘမ် ဇယားသို့ ဆမ်စမစ် ရှစ်ကြိမ်မြောက် ရောက်ရှိခြင်း ဖြစ်သည်။
ဗြိတိန် အဆိုတော်သည် ပြီးခဲ့သည့် လက ပြုလုပ်ခဲ့သည့် ဂရမ်မီ ဆုပေးပွဲတွင်လည်း ဂီတထူးချွန်ဆု လေးဆု ရရှိခဲ့သူ ဖြစ်သည်။
Source: EW
Source:http://www.messengernewsjournal.com/entertainment/detail.php?id=34351
သုဘရာဇာကို တုန်လှုပ်သွားစေခဲ့တဲ့ သေရွာပြန် အမျိုးသမီး
လက်ရှိရည်းစားနဲ့ ရည်းစားဟောင်း နှစ်ဦးစလုံး မြစ်ထဲခုန်ချခဲ့တာကြောင့် ဘယ်သူ့ကယ်ရမှန်းမသိ အကျပ်ရိုက်ခဲ့တဲ့ အမျိုးသား
ဖက်ရှင်ကို အလွန်အမင်း အရေးပေးလာတဲ့ နယူးရော့ခ်ကို သရော်တဲ့အနေနဲ့ ကိုယ်တုံးလုံးပုံတွေချည်း ရိုက်ကူးထားတဲ့ ဓာတ်ပုံစာအုပ်တစ်အုပ် ထွက်ရှိ
ခေတ်စားနေတဲ့ စုံတွဲများ စုပေါင်း ကာမဆက်ဆံခြင်း
လက်တင်အမေရိကမှာ လူမြင်ကွင်း ကလေးနို့ရည်တိုက်ကျွေးခြင်း တားမြစ်ပါက ဒဏ်ငွေရိုက်မယ့်ဥပဒေပြဌာန်း
မကျွမ်းကျင်သေးတဲ့ လက်သည်းအလှပြုပြင်သူကြောင့် လက်သည်းခွံတွေ ဖယ်ရှားလိုက်ရတဲ့ မော်ဒယ်လ် အမျိုးသမီး
အတင်းဓမ္မပြုကျင့်ဖို့ ကြိုးစားသူရဲ့ တန်ဆာကို ပါးစပ်နဲ့ ကိုက်ဖြတ်
ထိုင်းနိုင်ငံမှာ “ရင်သားအောက်ပိုင်းတစ်ဝက်ပေါ် Selfie” ရိုက်တဲ့ အမျိုးသမီးတွေ ထောင်ဒဏ် (၅) နှစ်ကျခံရမယ်လို့ သိရ
ဈာပန အခမ်းအနားရောက်မှ အမေ မသေသေးတာ သိလိုက်ရတဲ့ သားသမီးများ
အိန္ဒိယနိုင်ငံမှာ နှလုံးက ခန္ဓာကိုယ်အပြင်ဘက် ငေါထွက်နေတဲ့ ကလေးမွေးဖွား
အမျိုးသားတွေကို စတာလင်ပေါင် ၃၅၀ ပေးပြီး သူမကို ကိုယ်ဝန်ရရှိအောင် ပြုလုပ်ပေးဖို့ ကမ်းလှမ်းခဲ့တဲ့ အမျိုးသမီး
အိမ်ဝယ်မယ်ဆိုရင်အိမ်ရှင်အမျို သမီးကသူ့ကိုအလကားရမယ်တဲ့
ချစ်တင်းနှီးနှောနေစဉ်လိင်အင်္ဂါကျိုးပျက်သွားတဲ့အမျိုးသား
၁၁နှစ်သားနဲ့ ၁၅နှစ်သမီးကိုသတ်ပြီးရေခဲသေတ္တာထဲထည့်သိမ်းထားတဲ့မိခင်ဖမ်းခံရ
မိဘနှစ်ပါးကိုချက်ပြုတ်စားသောက်တဲ့သားမိုက်
0 comments:
Post a Comment