သိမ်းဆည်းမြေ ပြန်ရရေး ရခိုင်မှ တစ်ကိုယ်တော် ဆန္ဒပြသူ ထောင်သုံးလ ချမှတ်ခံရ


သံတွဲ၊ မတ်လ ၂၇

ငပလီ ပင်လယ်ကမ်းခြေမှ သိမ်းဆည်းခံထားရသော လယ်မြေများ ပြန်လည် ရရှိရေးအတွက် တစ်ကိုယ်တော် ဆန္ဒပြတောင်းဆိုသူ ကိုစိုးဝေအား သံတွဲမြို့နယ် တရားရုံးက မတ်လ ၂၆ ရက်နေ့က ထောင် (၃) လ ချမှတ်လိုက်သည်။

ကိုစိုးဝေအား သံတွဲမြို့နယ် တရားရုံးမှ ပုဒ်မ၁၈ဖြင့် ထောင် (၃) လ ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း သူ၏ လုပ်ဖော်ကိုင်ဘက် တစ်ဦးမှ ပြောသည်။

ကိုစိုးဝေသည် ယခုနှစ် ဇန်နဝါရီ ၂၈ ရက်နေက Give Back Our Land စာသားပါ တီရှပ် အင်္ကျီကို ၀တ်ဆင်ပြီး ယင်းစာသားပါ ဗိနှိုင်း ဆိုင်းဘုတ် တစ်ခုကို ကိုင်ဆောင်ပြီး ငပလီမြို့ ဇီးဖြူကုန်းရပ်ကွက်ရှိ Hilton ဟိုတယ်ရှေ့မှ စတင်ကာ တစ်ကိုယ်တော် လမ်းလျှောက် ချီတက်ပြီး ဆန္ဒဖော်ထုတ်ခဲ့သည်။

ငပလီလမ်းမကြီးတလျှောက် ဆန္ဒဖော်ထုတ်လမ်းလျှောက်လာစဉ် ငပလီလမ်းဆုံ ဗိုလ်တဲရှေ့အရောက်တွင် ခွင့်ပြုချက်ရယူခြင်း မရှိဘဲ ဆန္ဒဖော်ထုတ်မှုဖြင့် ဖမ်းဆီးခံခဲ့ရကာ ပုဒ်မ၁၈ဖြင့် တရားစွဲဆိုခံခဲ့ရသည်ဟု သိရသည်။

ရခိုင်ပြည်နယ် သံတွဲမြို့ ငပလီ ကမ်းခြေတစ်လျှောက်တွင် ဒေသ အခြေစိုက် စစ်တပ် တပ်ရင်းများ တိုးချဲ့ရန် အကြောင်းပြချက်ဖြင့် မြေယာအများအပြားကို ဒေသခံများထံမှ သိမ်းဆည်းခဲ့သည်။ သိမ်းဆည်းပြီး နောက်ပိုင်းတွင် ယင်းမြေများပေါ်တွင် စစ်တပ်နှင့် ရင်းနှီးသူများကို  ဟိုတယ်များ တည်ဆောက်ခွင့် ပြုပေးခဲ့သည်ဟု ဆိုသည်။

ယင်းမြေများကို မူလပိုင်ရှင်များထံ ပြန်ပေးရန် ကိုစိုးဝေမှ တစ်ကိုယ်တော် ဆန္ဒပြတောင်းဆိုခဲ့သည်။

ကိုစိုးဝေသည် ယခင်ကလည်း တစ်ကိုယ်တော် ဆန္ဒပြပွဲများကို ပြုလုပ်ခဲ့သဖြင့် ထောင် (၉) လထိ ချမှတ်ခံခဲ့ဖူရကြောင်း သိရသည်။

လွန်ခဲ့သော ဖေဖော်ဝါရီလ အတွင်းကလည်း ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့်ကို ကြိုဆို ဂုဏ်ပြုသော အားဖြင့် သံတွဲမြို့မှနတ်မောက်မြို့ထိ တစ်ကိုယ်တော်လမ်းလျှောက်ဂုဏ်ပြုခဲ့သဖြင့် နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်းဖောင်ဒေးရှင်းမှ ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခြင်းခံခဲ့ရသူ ဖြစ်ကြောင်း သိရသည်။

နေဇော် (နိရဉ္စရာ)
http://www.narinjara.com/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment