ကိုကျော်ရဲအောင်
ပုဂ္ဂလိကဆေးရုံဝန်ထမ်း၊ ပြည်မြို့
ဝန်ထမ်းတွေကို လစာတိုးတာ သုံးကြိမ်မြောက်ရှိတဲ့အထိ အောက် ခြေ၀န်ထမ်းတွေရဲ့ အခြေခံလစာဟာ ပြောင်းလဲလောက်အောင် တိုး မလာဘူး။ ရာထူးကြီး အဆင့်မြင့်အရာရှိကြီးတွေသာ အတော်များများ တိုးတာတွေ့ရတယ်။ ကျွန်တော်တို့တွေကို အစိုးရ၀န်ထမ်းလစာတွေ မတိုးခင် အရင်လကတည်းက လစာတိုးပေးထားတယ်။ ကျွန်တော်တို့ လခက အစိုးရအောက်ခြေ၀န်ထမ်းအခြေခံလစာနဲ့ နှိုင်းယှဉ်ရင် နည်း သေးတယ်။ ကျွန်တော်တို့က တော်သေးတယ်။ တချို့စတိုးဆိုင်တွေ၊ ကုမ္ပဏီတွေမှာလုပ်နေတဲ့သူတွေဆို တစ်လ ငါးသောင်း၊ ခြောက်သောင်း လောက်နဲ့ ၀င်လုပ်နေရတာတွေရှိတယ်။ လခတိုးပေးတဲ့အခါ ကုန်ဈေး နှုန်းတက်မှာ စိုးရိမ်တယ်။ လစာတိုးတာဟာ အခြေခံဝန်ထမ်းအများစု အတွက် ပြောင်းလဲသွားလောက်အောင် မတိုးတဲ့အတွက်ကြောင့် ဆင်း ရဲတဲ့ ကျွန်တော်တို့ နိုင်ငံမှာ ကုန်ဈေးနှုန်းတွေ တက်မလာအောင် ဈေး မကစားကြပါနဲ့လို့ ပြောချင်တယ်။ အစိုးရအနေနဲ့လည်း လစာတွေ တိုး ပေးတဲ့အခါ အခြေခံဝန်ထမ်းတွေကိုသာ ဦးစားပေးလုပ်ပေးပါ။ ကျွန် တော်တို့ပုဂ္ဂလိက၀န်ထမ်းတွေအတွက်ကတော့ လုပ်ငန်းတိုးတက် အောင်မြင်မှ လစာတိုးမှာလေ။ ဖြစ်နိုင်ရင်တော့ အစိုးရအောက်ခြေ ၀န်ထမ်းတွေ ရသလောက်တော့ ရချင်တယ်။
ဦးလှိုင်တင့်
ကထိက/ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်လစာတိုးတယ်လို့သာပြောတာ တက်လာတဲ့ ကုန်ဈေးနှုန်းနဲ့ မကာ မိဘူး။ ၀န်ထမ်းတွေကို လစာတိုးပေးတာ ဖြေရှင်းနည်းလမ်းအမှန် မဟုတ်ဘူး။ အဲဒီအစားတခြားသက်သာချောင်ချိရေးတွေ လုပ်ပေးလို့ရ တာ အများကြီးရှိတယ်။ အဓိကပြဿနာက နေရေးပါပဲ။ ပညာရေးဝန် ထမ်းတွေ နယ်မပြောင်းချင်တာ နေရေးကြောင့်ပဲ။ တခြားဝန်ထမ်းတွေ လည်း ဒီလိုပါပဲ။ ဒါကို ဦးစားပေးလုပ်ပေးရင် လစာမတိုးလည်း ကျေနပ် ကြမှာပါ။ အခုလစာတိုးပေးတော့လည်း ရာထူးကြီးရင်ကြီးသလို ပိုများပြီးရကြတယ်။ ဒါဆို တာဝန်ယူမှုအပိုင်းမှာကော ပိုယူကြမှာလား မေးချင်တယ်။ အခုထိတော့ လာဘ်စားလို့ အရေးယူရင် အောက်ခြေ၀န်ထမ်းတွေပဲ။ ဘယ်အရာရှိကြီးကိုမှ အရေးယူတာမတွေ့သေးဘူး။ ဒီလစာတိုးလို့ အရာရှိကြီးတွေတော့ မသိဘူး။ အောက်ခြေ၀န်ထမ်းတွေအတွက်တော့မချောင်ချိနိုင်ဘူး။ ကုန်ဈေးနှုန်းကိစ္စကိုတော့ အစိုးရဘက်ကစဉ်းစားထားတာရှိမယ်ထင်တယ်။ ဈေးမကစားအောင် လုပ်ရင်ရမှာပါ။
ဒေါ်သီတာဦး
အကြီးတန်းစာရေး၊ ထားဝယ်မြို့
ဝန်ထမ်းတစ်ယောက်အနေနဲ့ လစာတိုးတာက ကောင်းပါတယ်။ ဒါပေမဲ့ ရာထူးအလိုက် ကွာသေးတယ်။ အစိုးရ၀န်ထမ်းတွေ လစာတိုး တိုင်း နောက်က ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာတော့ရှိတယ်။ အခု လည်းတိုးပေးလိုက်ပြီဆိုတော့ အနှေးနဲ့ အမြန်ပဲထင်တယ်။ အမှန်တော့ လစာတိုးတာက ၀န်ထမ်းတွေပဲ ပျော်ရပေမယ့် ကုန်ဈေးနှုန်းတွေ တိုးတာ ကျတော့ ၀န်ထမ်းတွေလည်း သာမန်ပြည်သူတွေလိုပဲ ခံစားကြရတာပဲ လေ။ ဒါကြောင့် ပြည်သူတွေအတွက်လည်း အဆင်ပြေအောင် ကုန် ဈေးနှုန်းတွေ မတက်အောင်တော့ လုပ်ဆောင်ကြစေချင်ပါတယ်။
ကိုညီညီဖြိုးအောင်
Safety Officer
လစာတိုးလို့ နိုင်ငံ့ဝန်ထမ်းတွေရဲ့ လိုအပ်ချက်ကို တကယ်ဖြည့် ဆည်းပေးနိုင်မယ်ဆိုရင်တော့ ကောင်းတာပေါ့။ ကုမ္ပဏီဝန်ထမ်းတွေကျ တော့ အစိုးရလစာနဲ့ တန်းမညှိထားကြဘူး။ လစာတိုးသွားတာက ပိုပြီး အကျိုးရှိဖို့တော့ လိုတာပေါ့။ လစာမတိုးခင်ကလည်း တစ်ထောင် တန်ဆန်ကို ငါးပြည်ဝယ်နိုင်တယ်ဆိုရင် လစာတိုးပြီးသွားရင် ၁၀ ပြည် လောက်ဝယ်နိုင်ရင် ကောင်းတာပေါ့။ ငါးပြည်ပဲဝယ်နိုင်သေးရင် အလ ကားပဲလေ။ အောက်ခြေ၀န်ထမ်းတွေကို ကျေနပ်လောက်မယ့် ပမာဏ လည်း ဖြစ်သင့်တယ်။ ပြီးတော့လစာအပြင် ထမင်းစရိတ်တို့၊ ဖယ်ရီတို့ ကို ကောင်းကောင်းမွန်မွန်စီစဉ်ပေးနိုင်ရင် တခြားအကုန်အကျနဲ့ အား ထုတ်မှုတွေနည်းသွားမယ်ထင်ပါတယ်။ အခုချိန်မှာ လူတိုင်းကတော့ ကုန်ဈေးနှုန်းကို ကြောက်နေကြတာပဲ။ အစိုးရ၀န်ထမ်းဆိုလည်း အခြေခံ လူတန်းစားကတော့ တိုးတဲ့လစာ မဖြစ်စလောက်နဲ့ ကုန်ဈေးနှုန်းတက် တဲ့ ဒဏ်ခံရမှာကို ကြောက်ကြတာပါပဲ။
ဒေါ်ရီရီပြုံး၊ ရန်ကုန်ဆေးတက္ကသိုလ်-(၂)
ရောဂါဗေဒဌာန၊ ဓာတ်ခွဲခန်းကျွမ်းကျင် (၄)
အောက်ခြေ၀န်ထမ်းတွေအတွက်ကတော့ အခုလိုလစာတိုးတာဟာ ဘာမှ ပြောင်းလဲသွားတာ မဟုတ်ပါဘူး။ ဘာမှလည်း ထူးခြားပြီး ပြောင်း လဲသွားတာလည်း မရှိပါဘူး။ ၀န်ထမ်းတွေ လစာတိုးတိုင်းလည်း ကောင်းတဲ့အဖြေလို့ မယူဆမိပါဘူး။ ရှားပါးစရိတ်ပေးထားတာ ပြန်နုတ်ပြီး လစာတိုးပေးတော့ သူတို့အတွက်တိုးတဲ့လစာက ဘာမှ မရှိတော့ဘူး။ လစာ တွေ မတိုးခင်ကတည်းက ကုန်ဈေးနှုန်းတွေ တက်ပြီးသားပါ။ လစာတိုး တော့လည်း ဘာမှ မထူးပါဘူး။ လစာတိုးလို့ပျော်နိုင်မယ်ဆိုရင်တော့ ရာထူးကြီးတဲ့ အထက်လူကြီးတွေပဲ ပိုပျော်မယ်ထင်ပါတယ်။ အလုပ်လုပ်တဲ့ အောက်ခြေ၀န်ထမ်းတွေက အလုပ်သာ နေပူမိုးရွာမရှောင်လုပ်နေရ ပေမယ့် ခံစားခွင့်တော့ ဘာမှ မရှိသေးဘူး။ သုံးကြိမ်တိတိလစာတိုးပေ မယ့် သိသိသာသာတိုးသွားတာမဟုတ်တော့ ဘာမှ မခံစားရဘူး။ အရင် ၀န်ထမ်းလက်ထက်က လစာနည်းပေမယ့် ဆန်၊ ဆီနဲ့ လိုင်းကားစီးဖို့ ကူပွန်တွေရလို့ ၀န်ထမ်းအများစုပြေလည်တယ်။ အခုလစာတိုးလိုက်ပေ မယ့် တက်လာတဲ့ ကုန်ဈေးနှုန်းနဲ့ သူတို့ထပ်ပြီး တိုးပေးတဲ့ ပိုက်ဆံက အောက်ခြေ၀န်ထမ်းတွေအတွက်တော့ လိုင်းကားခပဲရှိပါတယ်။
ဦးဖေသန်း
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (ရခိုင်အမျိုးသားပါတီ)
ဝန်ထမ်းတွေကို လစာတိုးပေးတယ်ဆိုတာကတော့ နိုင်ငံတကာမှာ လည်းရှိတာပါပဲ။ အဲဒီလိုတိုးပေးအောင်လည်း လွှတ်တော်က တိုက်တွန်း ခဲ့တယ်။ အဓိကကတော့ လစာတိုးတိုင်း ကုန်ဈေးနှုန်းက လိုက်တိုးတယ်။ အဲဒီတော့ ၀န်ထမ်းတွေက လစာတိုးပေမယ့် ကုန်ဈေးနှုန်းက တိုးတော့ဒုံရင်းက ဒုံရင်းပဲ၊ ဘာမှမထူးဘူး။ ကုန်ဈေးနှုန်းမတိုးအောင် လုပ်ပေးဖို့ လွှတ်တော်မှာ အစိုးရကို ပြောကြတာပဲ။ သူတို့ကတော့ မတိုးအောင် လုပ်ထားတယ်လို့ ပြောတာပဲ။ အပြင်မှာက တက်နေတာပဲ။ လစာတိုးတိုင်း ကုန်ဈေးနှုန်းမတက်အောင် မထိန်းနိုင်ဘူးဆိုရင်တော့ အစိုးရမှာ အားနည်းချက်ရှိသွားပြီ။ ပြီးတော့ ဒီတစ်ခေါက်လစာတိုးတာကတော့ အောက်ခြေ၀န် ထမ်းတွေ တိုးတဲ့ ပမာဏက နည်းတာပေါ့။ အောက်ခြေ၀န်ထမ်းတွေကို လည်း လုံလောက်တဲ့ ပမာဏတစ်ခုထိဖြစ်အောင် တိုးပေးဖို့ အစိုးရက ကြိုးစားသင့်တယ်။ ဒါပေမဲ့ အရေးကြီးတာက လစာတိုးပေးတာက စားဝတ်နေရေးပြေလည်အောင်လုပ်ပေးဖို့အတွက် အဖြေမဟုတ်ဘူး။ ၀န်ထမ်းတွေ ရဲ့ သားသမီးတွေကို ကျောင်းစရိတ် ထောက်ပံ့ပေးတာတွေ၊ နေထိုင်စရာနေရာတွေ ဖန်တီးပေးဖို့ လိုအပ်ပါ တယ်။ အဲဒီလိုထောက်ပံ့မှုတွေလည်း လုပ်မယ်၊ လစာလည်း တိုးပေးမယ် ဆိုရင်တော့ လာဘ်ပေးလာဘ်ယူပပျောက်အောင် လုပ်ဖို့အတွက် လွယ်သွားတာပေါ့။ နောက်ဆိုလစာတိုးပေးလည်း ကုန်ဈေးနှုန်းက တက်တော့ အောက်ခြေ၀န်ထမ်းတွေ အတွက်က အဆင်မပြေဘူး။ နောက်အရေးကြီးဆုံးကတော့ တည်ငြိမ် တဲ့ ငွေကြေးစနစ်တစ်ခုကို အစိုးရက ဖန်တီးပေးဖို့ လိုတယ်။
ဦးဇော်ထွန်း
ကမာရွတ်မြို့နယ်စည်ပင်သာယာကော်မတီဝင်
အစိုးရသက်တမ်းအတွင်းမှာ ၀န်ထမ်းတွေ လစာတိုးတဲ့အတွက် သဘောကျပါတယ်။ ကိုယ်တိုင်လည်း လစာတိုးခံစားခွင့်ရတဲ့အတွက် ပါ။ ၀န်ထမ်းတွေကို လစာတိုးပေးတာတော့ ကောင်းတယ်လို့ မြင်ပါ တယ်။ ၀န်ထမ်းတွေကို အစိုးရအနေနဲ့ အများကြီးလုပ်ပေးသင့်တယ်လို့ မြင်တယ်။ အောက်ခြေ၀န်ထမ်းတွေရဲ့ လက်ရှိအခြေအနေမှာ လိုအပ် ချက်တွေ အများကြီးပါ။ သူတို့မှာ လူမှုဖူလုံရေးတွေမရှိဘူး။ စားဝတ်နေ ရေးဆိုတဲ့ အချက်တွေမှာလည်း နေစရာအချက်တွေကို အဓိကထား ဖြည့်ဆည်းပေးသင့်တယ်။ ကုန်ဈေးနှုန်းကလည်း လစာမတိုးခင်ကတည်း က တရိပ်ရိပ်တက်နေတာ။ အောက်ခြေ၀န်ထမ်းတွေမှာတော့ လစာတိုး တာဟာ ဘာမှပြောပလောက်တဲ့ ငွေကြေးမဟုတ်ပါဘူး။ ၀န်ထမ်းတွေ အတွက်လည်း ဘာမှ ပြောင်းလဲသွားတာ မရှိပါဘူး။ အရင်တုန်းကဆို ၀န်ထမ်းတွေမှာ ဆန်၊ဆီရတယ်။ အခုလိုလစာတိုးပေးလိုက်ပေမယ့် ကုမ္ပဏီဝန်ထမ်းတွေနဲ့ နေ့စားဝန်ထမ်းတွေအတွက်တော့ ပိုပြီးခက်ခဲသွားမှာ ပါ။ လစာမလောက်တဲ့ ၀န်ထမ်းတွေကတော့ လာဘ်စားမှုတွေလုပ်ဆောင် နေဦးမှာပါ။ အခုတိုးလိုက်တဲ့ လစာဟာ အောက်ခြေအဆင့် ၀န်ထမ်းတွေ အတွက်တော့ ဘာမှ မပြောင်းလဲဘူးလို့မြင်ပါတယ်။
မမင်းမင်းခိုင်
ရန်ကင်းမြို့နယ်
ဝန်ထမ်းတွေကို လစာတိုးပေးလိုက်တာတော့ ကောင်းပါတယ်။ ဒါပေမဲ့ အခုတစ်ခေါက်လစာက တိုးတယ်ဆိုပေမယ့် အောက်ခြေ၀န်ထမ်း တွေ အပေါ်မှာ အရမ်းကြီးသက်ရောက်မှုမရှိပါဘူး။ အထက်ပိုင်းက ရာထူး ကြီးတဲ့ သူတွေအတွက်တော့ ကောင်းတာပေါ့။ ဒါပေမဲ့ အစိုးရအနေနဲ့ ၀န်ထမ်းတိုင်းအတွက် အဆင်ပြေနိုင်တဲ့ ပမာဏတစ်ခုသတ်မှတ်ပြီး တိုး စေချင်ပါတယ်။ လစာကို တိုးပေးပြီးတော့ ရှားပါးစရိတ်တွေကို ပြန်ဖျက် လိုက်တယ်ဆိုတော့ တွက်ကြည့်ရင် ရလာတဲ့ ပမာဏက များတယ်လို့ မပြောနိုင်ပါဘူး။ လစာတိုးတိုင်း ကုန်ဈေးနှုန်းက အနည်းနဲ့ အများတော့ တက်တာပဲလေ။ အခုတစ်ခေါက်လစာတိုးတော့ အောက်ခြေ၀န် ထမ်းတွေက တိုးတာနည်းနည်းပဲဆိုတော့ တက်လာတဲ့ ကုန်ဈေးနှုန်းနဲ့ အဆင်မ ပြေမှာ စိုးရိမ်တယ်။ ပြီးတော့ အစိုးရ၀န်ထမ်းမဟုတ်တဲ့သူတွေ အနေနဲ့ လည်း ကုန်ဈေးနှုန်းတက်တော့ အဆင်မပြေနိုင်ဘူး။ လစာတိုးတိုင်း ကုန်ဈေးနှုန်းမတက်အောင် အစိုးရအနေနဲ့ သေချာထိန်း ချုပ်သင့်ပါတယ်။
ဦးသက်ထွန်း (ဒုဥက္ကဋ္ဌ)
THURA SWISS Myanmar Research,Consulting,Capital Markets
လစာတိုးတာ ကောင်းပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းတွေက အေးနေတော့ စီးပွားရေးက ပြောင်းလဲသွားနိုင်တယ်။ ကုန်ဈေးနှုန်းက အရမ်းတက်မယ်လို့လည်း မထင်ပါဘူး။ ဘာလို့လဲဆိုတော့ စီးပွား ရေးက အေးနေတော့ ဘယ်သူမှ ပစ္စည်းတွေကို ကြာကြာလှောင်ထား ချင်မှာ မဟုတ်ဘူး။ အစိုးရအခြေအနေနဲ့ အခုလိုလစာတိုးပေးတာ ကောင်းပါတယ်။ ၀မ်းသာတယ်။ ဒါပေမဲ့အမြင့်ဆုံးနဲ့ အနိမ့်ဆုံးလစာ ကွာခြားနေတာ မဖြစ်သင့်ဘူး။ အခုအစိုးရပဲဖြစ်ဖြစ်၊ နောက်အစိုးရပဲဖြစ် ဖြစ် ဒါကို ချိန်ညှိစေချင်တယ်။ ဆိုရှယ်လစ်ခေတ်တုန်းက လစာအဆ ကွာခြားချက်တွေရှိတယ်။ ဥပမာ ၀န်ထမ်းအမြင့်ဆုံးက အနိမ့်ဆုံးဝန် ထမ်းနဲ့ အဆဘယ်လောက်ကွာရမလဲဆိုတာရှိရမယ်။ ဒီလိုသတ်မှတ်ဖို့ လုပ်ပေးသင့်တယ်။ ဒီအစိုးရမမီလည်း နောက်အစိုးရကျရင် ဒါကို သတိ ထားစေချင်တယ်။ ပင်စင်တွေပါ အချိုးကျတိုးမြှင့်ပေးရင် ပိုကောင်းပါ တယ်။
ဦးခင်မောင်မြင့်
(ဥက္ကဋ္ဌ)မြောက်ဥက္ကလာပ၊ စက်မှုဇုန်။
လစာတိုးတယ်ဆိုတာ ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ပါဘူး။ တိုးတက်လာတဲ့ ဈေးကွက်အရ မဖြစ်မနေတိုးပေးရမယ့် ကိစ္စပါ။ အခုတိုးပေးတာတောင် သူများနိုင်ငံနဲ့ နှိုင်းယှဉ်ရင် အများကြီးကွာနေသေးတယ်။ သူများတန်းတူပေးနိုင်မှ ပြည်တွင်းက လူတွေ တခြားနိုင်ငံမှာ အလုပ် သွားမလုပ်မှာ။ လစာတိုးမြှင့်ပေးပြီး ထိုက်သင့်သလောက်ရရင် ထိုင်းတို့၊ မလေးရှားတို့မှာ လုပ်နေရတဲ့ အလုပ်သမားတွေ ပြန်လာမှာပါ။ ၀န်ထမ်း လစာတိုးပေးလို့ ကုန်ဈေးနှုန်းကို ကစားကြမှာပဲ။ ဒါပေမဲ့ဒါက၀ယ် လိုအားနဲ့ ရောင်းလိုအားပေါ်မှာ မူတည်တယ်။ ဈေးကြီးနေရင် ဈေး သက်သာအောင် ရောင်းနိုင်တဲ့ သူတွေ ရောက်လာရင် ဈေးက ကျမှာပဲ။ လစာတိုးတယ်၊ ကုန်ဈေးနှုန်းတက်တယ်ဆိုတာရှိနေဦးမယ်။ ဒါက ခဏ လောက်နေရင် ပုံမှန်ပြန်ဖြစ်သွားမှာပဲ။
ဦးသီဟအောင်
(အတွင်းရေးမှူး)မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း (ဗဟို)၀န်ထမ်းတွေအတွက် ကောင်းပါတယ်။ နိုင်ငံ့ဝန်ထမ်းတွေက လစာမလုံလောက်တာတွေရှိနေတယ်။ ၀န်ထမ်းလစာတိုးတာ အဆင်ပြေပေ မယ့် ပုဂ္ဂလိကလုပ်ငန်းရှင်တွေကတော့ ဒီပြဿနာကို အနည်းနဲ့ အများ ရင်ဆိုင်ရဦးမယ်။ အခုကလုပ်ငန်းရှင်တွေက အဆင်ပြေနေတာရှိတယ်၊ အဆင်မပြေတာရှိတယ်။ အစိုးရ၀န်ထမ်းတွေက တစ်သိန်းကျော် လောက်ရပြီဆိုတော့ သူတို့လည်း လိုချင်မှာပဲ။ မပေးနိုင်ရင် ပေးနိုင်တဲ့ သူဆီသွားမယ်။ ၀န်ထမ်းအပြောင်းအရွှေ့တွေဖြစ်လာနိုင်တယ်။ ဒီ ဂယက်က လုပ်ငန်းရှင်တွေအတွက် အနည်းနဲ့ အများခံရမှာပဲ။ လစာ တိုးလို့ ကုန်ဈေးနှုန်းတက်တာ မြန်မာပြည်မှာ ထုံးစံဖြစ်နေပြီ။ ဘာမှ ထွေထွေထူးထူးမပြောလိုပါဘူး။
Source:7daydaily.com
0 comments:
Post a Comment