ပြည်ပသို့ တိမ်းရှောင်သွားသည်ဟုဆိုသော ဂရိတ်ဝေါ ဦးတင်မောင်၏ ရှပ်ပြေးယာဉ်အား ဂေါဝိန်ဆိပ်ကမ်းတွင် မြင်တွေ့နေရပြီး နိုင်ငံခြားသား အ၀င်အထွက်ရှိနေဟု မျက်မြင်များဆို


မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့မှ တရားစွဲဆိုထားသော တော်ဝင်နှင်းဆီ ဆေးရုံ ပိုင်ရှင် ဦးတင်မောင်နှင့် တရုတ် နိုင်ငံသား ၆ဦးတို့အား လက်ရှိ အချိန်ထိ ဖမ်းဆီး အရေးယူနိုင်ခြင်း မရှိသေးသော်လည်း ဂရိတ်ဝေါ ဦးတင်မောင်၏ ရှပ်ပြေး မော်တော်စက်လှေအား မန္တလေး ဂေါဝိန် ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားကာ တရုတ်လူမျိုးများလည်း အ၀င်ထွက် ရှိနေသည်ကို မြင်တွေ့နေရကြောင်း ဂေါဝိန် ဆိပ်ကမ်း ရေယာဉ်ပိုင်ရှင် တစ်ချို့က Tomorrowသို့ ပြောကြားခဲ့သည်။

“ကျွန်တော်တို့က ဂျာနယ်တွေမှာ ဖတ်ရတာက ဦးတင်မောင် ဆေးရုံက တရုတ်နိုင်ငံသား ၆ယောက်က တံတားဦး လေဆိပ်ကနေ ထွက်ပြေးသွားတယ်လို့ ဖတ်ရတယ်၊ ဒါပေမယ့် ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၇ ရက် ည၁၀နာရီလောက်က ကျွန်တော်တို့ ဆိပ်ကမ်းကို တရုတ် နိုင်ငံသား ၆ယောက်နဲ့ မြန်မာ စကားပြန် အမျိုးသမီး တစ်ဦး ဆိပ်ကမ်းကို ဆင်းလာပါတယ်၊ ပြီးတော့ ဦးတင်မောင်ပိုင်တဲ့ စက်လှေပေါ်ကို တက်သွားပါတယ်။ ဦးတင်မောင်က သူ့ရဲ့ရှပ်ပြေး မော်တော် စက်လှေကို ဆိပ်ကမ်းမှာ သီးသန့် တခမ်းတနားထားတာ၊ ကျွန်တော်တို့ စက်လှေတွေနား သိပ်ကပ်တာ မဟုတ်ဘူး၊ မန္တလေးကနေ မောင်းကုန်းကို အဲဒီစက်လှေနဲ့ သွားလာနေတာ၊ ကျွန်တော်တို့က တစ်လမ်းကြောင်းထဲမို့ သိနေတာ၊ စက်လှေမှာက အဲယားကွန်းတွေနဲ့ပေါ့၊ ဦးတင်မောင်ရဲ့ ဂရိတ်ဝေါ စက်လှေဆိုရင် အာဏာပိုင် အဖွဲ့အစည်းက စစ်ဆေးမေးမြန်းတာ မလုပ်ဘူး၊ အဲဒီနေ့က မှတ်မှတ်ရရ မန္တလေးတရုတ် ကောင်စစ်ရုံးရှေ့မှာ လက်ပံတောင်း ကိစ္စနဲ့ ဆန္ဒပြနေကြတဲ့ နေ့က ည ၁၀နာရီလောက်မှာ တရုတ် ၆ဦး စကားပြန်တစ်ဦး သူ့စက်လှေပေါ် တက်သွားတာ မြင်လိုက်ရပါတယ်၊ အဲဒီနောက်ပိုင်းမှာ သူ့စက်လှေကို လူမြင်တဲ့ နေရာမှာ သီးသန့်ရပ်တာ မလုပ်တော့ဘူး၊ သူများ စက်လှေကြားထဲမှာ ကွယ်ပြီးထိုးတယ်၊ သက်ဆိုင်ရာက လာရောက် စစ်ဆေး မေးမြန်းတာမျိုးလည်း ခုထိမတွေ့ရသေးဘူး။ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်း အနေနဲ့ အမှန်တကယ် သုံးသပ် စိစစ်နိုင်ဖို့ တာဝန်သိပြည်သူ အနေနဲ့ သိသမျှ မြင်တွေ့သမျှ ပြောပြတာပါ၊ ဦးတင်မောင် ဆေးရုံက တရုတ်နိုင်ငံသားတွေဟာ အပြည်ပြည်ဆိုင်ရာ မန္တလေးလေဆိပ် တံတားဦး ကနေ ထွက်သွားတာလား။ ရှပ်ပြေး မော်တော်ယာဉ်နဲ့ မောင်ကုန်းကနေတဆင့် ထွက်ပြေးသွား တာလားဆိုတာ စဉ်းစားစရာပါပဲ”ဟု ဒေးဝန်းရပ်၌နေထိုင်သူ ဦးထိန်လင်းက Tomorrow သို့ ပြောကြားခဲ့သည်။

အဆိုပါ တော်ဝင်နှင်းဆီ ဆေးရုံမှာ Helath News ကျန်းမာရေး ဆေးကုဌာနဖွင့်ကာ တရုတ်နိုင်ငံသား ၆ဦးက တရားမ၀င် ဆေးကုသမှု ပြုလုပ်ပေးနေသည်ဟုဆိုကာ လိင်အင်္ဂါပြောင်းလဲ ကုသခြင်း အပါအ၀င် အလှအပဆိုင်ရာများနှင့် တရားမ၀င် ယောက်ျား လိင်အင်္ဂါပြုပြင် ပြောင်းလဲပေးခြင်း အမျိုးသမီးအား လိုသလို ပြုပြင်ပေးခြင်း ညစ်ညမ်းလက်ကမ်း ကြော်ငြာများ အသုံးပြု ဖြန့်ဝေခြင်းတို့ကြောင့် တော်ဝင်နှင်းဆီ ဆေးရုံပိုင်ရှင် ဦးတင်မောင်နှင့် တရုတ်နိုင်ငံသား၆ ဦးတို့ကို မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့မှ တရားစွဲဆိုထားသော်လည်း အရေးယူ ဆောင်ရွက်နိုင်ရန် ဖမ်းဆီး မမိသေးကြောင်း သိရသည်။

တော်ဝင်နှင်းဆီဆေးရုံ ပိုင်ရှင် ဦးတင်မောင်နှင့် ဇနီးသည် စင်ကာပူနိုင်ငံတွင် ဆေးဝါးကုသမှု ခံယူရန် ရောက်ရှိနေကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနသို့ တင်ပြထားကြောင်း သိရှိရ သော်လည်း ၄င်းနှင့်နီးစပ်ရာ အသိုင်းအ၀ိုင်းမှ ဦးတင်မောင်သည် မြန်မာပြည် အတွင်း၌သာ ရှိနေကြောင်း ပြောကြားလျက် ရှိနေသည်။

မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ် တံတားဦးမှတဆင့် ထွက်ပြေးလွတ်မြောက်သွား သည်ဆိုသော တရုတ်နိုင်ငံသား ၆ဦးနှင့် ပတ်သက်၍ တာဝန်ရှိသူများအား ဝေဖန်သုံးသပ်မှုများ ဖြစ်ပေါ်ခဲ့ကာ အမှန်တကယ်ပင် လေဆိပ်မှ ထွက်ခွာသွားခြင်း ဟုတ်မဟုတ် သုံးသပ်ရန် လိုအပ်ကြောင်း မန္တလေး ဂေါဝိန်ဆိပ်ကမ်းမှ ရေယာဉ်ပိုင်ရှင်များက ဝေဖန်ပြောကြားခဲ့ကြသည်။

ဆွေနိုင်စစ်
Source:tomorrow.com.mm




  • သုဘရာဇာကို တုန်လှုပ်သွားစေခဲ့တဲ့ သေရွာပြန် အမျိုးသမီး
  • လက်ရှိရည်းစားနဲ့ ရည်းစားဟောင်း နှစ်ဦးစလုံး မြစ်ထဲခုန်ချခဲ့တာကြောင့် ဘယ်သူ့ကယ်ရမှန်းမသိ အကျပ်ရိုက်ခဲ့တဲ့ အမျိုးသား
  • ဖက်ရှင်ကို အလွန်အမင်း အရေးပေးလာတဲ့ နယူးရော့ခ်ကို သရော်တဲ့အနေနဲ့ ကိုယ်တုံးလုံးပုံတွေချည်း ရိုက်ကူးထားတဲ့ ဓာတ်ပုံစာအုပ်တစ်အုပ် ထွက်ရှိ
  • ခေတ်စားနေတဲ့ စုံတွဲများ စုပေါင်း ကာမဆက်ဆံခြင်း
  • လက်တင်အမေရိကမှာ လူမြင်ကွင်း ကလေးနို့ရည်တိုက်ကျွေးခြင်း တားမြစ်ပါက ဒဏ်ငွေရိုက်မယ့်ဥပဒေပြဌာန်း
  • မကျွမ်းကျင်သေးတဲ့ လက်သည်းအလှပြုပြင်သူကြောင့် လက်သည်းခွံတွေ ဖယ်ရှားလိုက်ရတဲ့ မော်ဒယ်လ် အမျိုးသမီး
  • အတင်းဓမ္မပြုကျင့်ဖို့ ကြိုးစားသူရဲ့ တန်ဆာကို ပါးစပ်နဲ့ ကိုက်ဖြတ်
  • ထိုင်းနိုင်ငံမှာ “ရင်သားအောက်ပိုင်းတစ်ဝက်ပေါ် Selfie” ရိုက်တဲ့ အမျိုးသမီးတွေ ထောင်ဒဏ် (၅) နှစ်ကျခံရမယ်လို့ သိရ
  • ဈာပန အခမ်းအနားရောက်မှ အမေ မသေသေးတာ သိလိုက်ရတဲ့ သားသမီးများ
  • အိန္ဒိယနိုင်ငံမှာ နှလုံးက ခန္ဓာကိုယ်အပြင်ဘက် ငေါထွက်နေတဲ့ ကလေးမွေးဖွား
  • အမျိုးသားတွေကို စတာလင်ပေါင် ၃၅၀ ပေးပြီး သူမကို ကိုယ်ဝန်ရရှိအောင် ပြုလုပ်ပေးဖို့ ကမ်းလှမ်းခဲ့တဲ့ အမျိုးသမီး
  • အိမ်ဝယ်မယ်ဆိုရင်အိမ်ရှင်အမျို သမီးကသူ့ကိုအလကားရမယ်တဲ့
  • ချစ်တင်းနှီးနှောနေစဉ်လိင်အင်္ဂါကျိုးပျက်သွားတဲ့အမျိုးသား
  • ၁၁နှစ်သားနဲ့ ၁၅နှစ်သမီးကိုသတ်ပြီးရေခဲသေတ္တာထဲထည့်သိမ်းထားတဲ့မိခင်ဖမ်းခံရ
  • မိဘနှစ်ပါးကိုချက်ပြုတ်စားသောက်တဲ့သားမိုက်
  • ဈေးဝယ်ဖောက်သည်လုရာမှ သုံးလောင်းပြိုင်လူသတ်မှုဖြစ်ပွါး
  • မလေးရှားသွားမည့် ရထားပေါ်တွင် တရားမ၀င်မြန်မာ ၇၆ ဦးကို ထိုင်းရဲ ဖမ်းဆီး




  • Share on Google Plus

    About Editor

    This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
      Blogger Comment
      Facebook Comment

    0 comments:

    Post a Comment