မြန်မာနိုင်ငံမှ လာရောက်သည့် မွတ်စလင်ဒုက္ခသည်များအား နှစ်ရှည်ဗီဇာပေးရန် ဆော်ဒီ ဆုံးဖြတ်



ဆော်ဒီအာရေဗီးယားနိုင်ငံသည် နိုင်ငံအတွင်းရှိ မြန်မာနိုင်ငံမှ လာရောက် ခိုလှုံသူ ၄ သန်းခန့်အား နေထိုင်ခွင့်အသိအမှတ်ပြု လက်မှတ် “အိုင်ကာမာ” ထုတ်ပေးလျက်ရှိပြီး နိုင်ငံအတွင်း ရေရှည်နေထိုင်ခွင့်ရရှိရေး ၄င်းတို့၏ အိပ်မက်များ အစစ်အမှန်ဖြစ်လာစေမည်ဟု ဆိုသည်။

မက္ကာရှိ မြန်မာ လူမှုအဖွဲ့အစည်းမှ ရှိတ် တစ်ဦး ဖြစ်သူ အဘူအယ်ရှမာ အဗ္ဗဒူမာဂျိဒ် က ဆော်ဒီရှိ မြန်မာအများစုမှာ ထိုနိုင်ငံတွင် နေထိုင်လာခဲ့ သည်မှာ နှစ် ၇၀ ကျော်ရှိပြီဟုဆိုသည်။

ဆော်ဒီဟာရေးဗီးယားသို့ ပြောင်းရွှေ့နေထိုင်ရာတွင် ကူညီထောက်ပံ့ မှုပေး ခဲ့သည့် ဆော်ဒီအစိုးရကို ရှိတ်အဗ္ဗဒူမာဂျိဒ်က ချီးကျူးခဲ့သည်။ နိုင်ငံတွင်းရှိ ခိုလှုံနေသူ များအား အိုင်ကာမာ အခမဲ့ခွင့်ပြုပေးရန် မင်းသား ခါလစ်အပ်လ် မိုင်ဆယ်က မကြာမီက ဆုံးဖြတ်ခဲ့ခြင်းကြောင့် ၄င်းတို့ကြုံတွေ့နေရ သည့် ပြဿ နာအများအပြား ဖြေရှင်းပေးနိုင်ခဲ့ပြီး နိုင်ငံအတွင်း လွတ်လပ်စွာ သွားလာခွင့်နှင့် အမြဲတမ်းနေထိုင်ခွင့်တို့ ရရှိမည်ဖြစ်သည်။

“အစိုးရရဲ့ အစီအစဉ်သစ်ကြောင့် ပရဟိတအဖွဲ့အစည်းတွေ ဖွင့်လှစ်ထား တဲ့ ကျောင်းတွေမှာ ပညာသင်နေတဲ့ ကျောင်းသားတွေဟာ အစိုးရကျောင်းတွေမှာ ပညာသင်ကြားခွင့် ရရှိတော့မှာပါ” ဟု ရှိတ် အဗ္ဗဒူမာဂျိဒ် က ဆိုသည်။

၎င်းတို့တွင် ပတ်စပို့မရှိသဖြင့် မြန်မာနိုင်ငံသို့ ပြန်ရန် အိပ်မက်မှာမူ မှေးမျိန် လျက်ရှိသည်ဟုဆိုသည်။ လက်ရှိတွင် ဆော်ဒီရှိ မြန်မာ ၁၇၀,၀၀၀ ခန့်ကို အိုင်ကာမာ ထုတ်ပေးပြီးဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် နှစ်က ဆော်ဒီအာရေဗီးယားတွင် နေထိုင်သည့် ဘင်္ဂါလီ အမျိုးသမီး တစ်ဦးကို ခင်ပွန်းဖြစ်သူ၏ သမီးအား သတ်ဖြတ်မှုဖြင့် သေဒဏ်ပေး ခေါင်းဖြတ်သတ်ခဲ့သည်။ မြန်မာသံရုံးကမူ အဆိုပါ ဘင်္ဂါလီအမျိုးသမီးမှာ မြန်မာနိုင်ငံမှ ဖြစ်သည်ဟု အတည်မပြုနိုင်ဟု ဆိုသည်။

အဆိုပါ အမျိုးသမီးကို ပါးကွက်သားက ဓါးဖြင့် ၃ ကြိမ်တိုင်တိုင် ခုတ်ဖြတ်သည့် ဗီဒီယိုမှာ ယူကျူ့ နှင့် ၀ဘ်ဆိုဒ်များမှ တဆင့် ပျံနှံခဲ့သည်ဟု သိရသည်။

Ref - Arab News
The Ladies News Journal
https://www.facebook.com/News.TheLadies




  • လက်ရှိရည်းစားနဲ့ ရည်းစားဟောင်း နှစ်ဦးစလုံး မြစ်ထဲခုန်ချခဲ့တာကြောင့် ဘယ်သူ့ကယ်ရမှန်းမသိ အကျပ်ရိုက်ခဲ့တဲ့ အမျိုးသား
  • ဖက်ရှင်ကို အလွန်အမင်း အရေးပေးလာတဲ့ နယူးရော့ခ်ကို သရော်တဲ့အနေနဲ့ ကိုယ်တုံးလုံးပုံတွေချည်း ရိုက်ကူးထားတဲ့ ဓာတ်ပုံစာအုပ်တစ်အုပ် ထွက်ရှိ
  • ခေတ်စားနေတဲ့ စုံတွဲများ စုပေါင်း ကာမဆက်ဆံခြင်း
  • အတင်းဓမ္မပြုကျင့်ဖို့ ကြိုးစားသူရဲ့ တန်ဆာကို ပါးစပ်နဲ့ ကိုက်ဖြတ်
  • လက်တင်အမေရိကမှာ လူမြင်ကွင်း ကလေးနို့ရည်တိုက်ကျွေးခြင်း တားမြစ်ပါက ဒဏ်ငွေရိုက်မယ့်ဥပဒေပြဌာန်း
  • မကျွမ်းကျင်သေးတဲ့ လက်သည်းအလှပြုပြင်သူကြောင့် လက်သည်းခွံတွေ ဖယ်ရှားလိုက်ရတဲ့ မော်ဒယ်လ် အမျိုးသမီး
  • Share on Google Plus

    About Editor

    This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
      Blogger Comment
      Facebook Comment

    0 comments:

    Post a Comment