အမေရိကန်မောင်းသူမဲ့ လေယာဉ်တိုက်ခိုက်မှုကြောင့် အာဖဂန်နစ္စတန်တွင် ပါကစ္စတန် တာလီဘန် ကိုးဦးသေဆုံး


ကဘူးလ် မတ် ၂၄

အင်္ဂါနေ့အစောပိုင်းက အာဖဂန် နစ္စတန် နန်ဂါဟာပြည်နယ်တွင် အမေရိကန် မောင်းသူမဲ့လေယာဉ် တစ်စင်းတိုက်ခိုက်မှုကြောင့် အနည်း ဆုံးပါကစ္စတန် စစ်သွေးကြွကိုးဦး သေဆုံးခဲ့ကြောင်း ထောက်လှမ်းရေး အရာရှိများက ပြောခဲ့သည်။ ယင်းတိုက်ခိုက်မှုသည် အမေရိကန် နှင့်အာဖဂန်နစ္စတန်ရှိ ပါကစ္စတန် စစ်သွေးကြွများကို မောင်းသူမဲ့ လေယာဉ်ဖြင့် ဆန့်ကျင်တိုက်ခိုက် သည့် မဟာဗျူဟာ၏ အစိတ်အပိုင်း တစ်ခုဖြစ်သည်။

အင်္ဂါနေ့က မောင်းသူမဲ့လေယာဉ် တိုက်ခိုက်ခြင်းသည် မကြာသေးမီ ရက်များအတွင်း ပြင်းထန်သော တိုက် ပွဲများဖြစ်ပွားရာ ပါကစ္စတန်နယ်စပ် အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တိုက်လေယာဉ်များသည် ကေဘာ ဒေသ၊ တီရာတောင်ကြားရှိ နေရာ အတော်များများကို တရစပ် တိုက်ခိုက်ခဲ့သောကြောင့် စစ်သွေးကြွ အတော်များများ သေဆုံးခဲ့ကြောင်း သိရပြီး အစိုးရဘက်ကလည်း ခုနစ်ဦး ကျဆုံးခဲ့သည်။

ပါကစ္စတန်စုံစမ်းထောက်လှမ်းရေး အရာရှိများက အင်္ဂါနေ့တိုက်ခိုက်မှု ကို အတည်ပြုခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် ယခုလအစော ပိုင်းတွင် တာလီဘန်တို့နှင့် မဟာ မိတ်အဖြစ် ကြေညာထားသော ပါကစ္စတန်တာလီဘန်နှင့် လက်ရှ် ကာ-အက်-အစ္စလာမ်အုပ်စုဝင် စစ် သွေးကြွကိုးဦး သေဆုံးခဲ့ကြောင်း ၎င်းအရာရှိများက ထပ်မံပြောခဲ့ သည်။

အာဖဂန်နစ္စတန်ရှိ မောင်းသူမဲ့ လေယာဉ်တိုက်ခိုက်ခြင်းကို မည်သူ တစ်ဦးတစ်ယောက်မျှ ခြေရာခံနိုင် ခြင်းမရှိပေ။ အဆိုပါဖြစ်ရပ်များသည် ဝေးလံခေါင်ဖျားသော ဒေသများတွင် ဖြစ်ပွားပြီး ¤င်းတို့ကို ဖော်ပြအစီရင်ခံ ခြင်းမရှိပေ။ သို့သော် တာလီဘန် တပ်မှူးများက လွန်ခဲ့သောနှစ် နှောင်းပိုင်းကတည်းက မောင်းသူမဲ့ လေယာဉ်တိုက်ခိုက်မှုများ များပြား လာကြောင်း ပြောခဲ့သည်။

ရှေးယခင်ကတည်းက အိမ်နီးချင်း ကောင်းများမဟုတ်ခဲ့သော ပါကစ္စ တန်နှင့် အာဖဂန်နစ္စတန်တို့ တစ်ဖက် နှင့်တစ်ဖက် နွေးထွေးသောဆက်ဆံ မှုများဖြစ်ပေါ်နေချိန်တွင် အဆိုပါ မောင်းသူမဲ့လေယာဉ် တိုက်ခိုက်မှု များ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အာဖဂန်သမ္မတ အာရှရက်ဖ်ဂါနီ ကို လွန်ခဲ့သောနှစ်က ရွေးချယ်တင် မြောက်ခဲ့ပြီးနောက် နှစ်နိုင်ငံဆက်ဆံ ရေးတိုးတက်ကောင်းမွန်လာခဲ့သည်။

အာဖဂန်အစိုးရနှင့် အာဖဂန် တာလီဘန်တို့ကြား ငြိမ်းချမ်းရေး စကားဆွေးနွေးပြောဆိုရန် အချိန် အခါကောင်းဖြစ်ကြောင်း ပါကစ္စတန် တို့က ပြောခဲ့သည်။

ပါကစ္စတန်သည် ၎င်းနိုင်ငံကို အခြေပြု နေထိုင်လှုပ်ရှားနေသော အာဖဂန်တာလီဘန်များကို ဆွေးနွေး ညှိနှိုင်းရန် ဖိအားပေးနိုင်လိမ့်မည်ဟု သံတမန်များက ယုံကြည်မျှော်လင့် ထားသည်။ သို့သော်လည်း ပါကစ္စ တန်တို့က ၎င်းနိုင်းနိုင်ငံတွင် အခြေပြု နေထိုင်သည့် ပါကစ္စတန်သောင်းကျန်း သူများကို ဆန့်ကျင်အရေးယူမှုများ ပြုလုပ်လိုကြောင်း ပြောခဲ့သည်။

(ရိုက်တာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS




  • လက်ရှိရည်းစားနဲ့ ရည်းစားဟောင်း နှစ်ဦးစလုံး မြစ်ထဲခုန်ချခဲ့တာကြောင့် ဘယ်သူ့ကယ်ရမှန်းမသိ အကျပ်ရိုက်ခဲ့တဲ့ အမျိုးသား
  • ဖက်ရှင်ကို အလွန်အမင်း အရေးပေးလာတဲ့ နယူးရော့ခ်ကို သရော်တဲ့အနေနဲ့ ကိုယ်တုံးလုံးပုံတွေချည်း ရိုက်ကူးထားတဲ့ ဓာတ်ပုံစာအုပ်တစ်အုပ် ထွက်ရှိ
  • ခေတ်စားနေတဲ့ စုံတွဲများ စုပေါင်း ကာမဆက်ဆံခြင်း
  • အတင်းဓမ္မပြုကျင့်ဖို့ ကြိုးစားသူရဲ့ တန်ဆာကို ပါးစပ်နဲ့ ကိုက်ဖြတ်
  • လက်တင်အမေရိကမှာ လူမြင်ကွင်း ကလေးနို့ရည်တိုက်ကျွေးခြင်း တားမြစ်ပါက ဒဏ်ငွေရိုက်မယ့်ဥပဒေပြဌာန်း
  • မကျွမ်းကျင်သေးတဲ့ လက်သည်းအလှပြုပြင်သူကြောင့် လက်သည်းခွံတွေ ဖယ်ရှားလိုက်ရတဲ့ မော်ဒယ်လ် အမျိုးသမီး
  • Share on Google Plus

    About Editor

    This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
      Blogger Comment
      Facebook Comment

    0 comments:

    Post a Comment