ဟောလိဝုဒ် ကြယ်ပွင့် အန်ဂျလီနာဂျိုလီသည် (၂၈)ကြိမ်မြောက် Kids’ ChoiceAwards ဆုပေးပွဲ၌ Maleficent ရုပ်ရှင်ဇာတ်ကားဖြင့် လူကြိုက်အများဆုံးဗီလိန်သရုပ်ဆောင်ဆု လက်ခံရယူခဲ့ပြီးနောက် ပရိသတ်များအား မတူကွဲပြားမှုကို လက်ခံကြရန် လှုံ့ဆော်အားပေးခဲ့သည်။
Kids’ Choice Awards ဆုပေးပွဲက လူကြိုက်အများဆုံး ဗီလိန်သရုပ်ဆောင်ဆု အန်ဂျလီနာဂျိုလီရရှိကြောင်း ကြေညာလိုက်စဉ်ဂျိုလီ၏သမီးနှစ်ဦးဖြစ်သော ရှီလိုနှင့် ဇာဟာရာတို့က မိခင်ဖြစ်သူကို စိတ်လှုပ်ရှားစွာ ပွေ့ဖက်အားပေးခဲ့ကြသည်။ လက်ခံရယူခဲ့ပြီးနောက် ဂျိုလီကပရိသတ်များအား မတူကွဲပြားမှုကို စိုးရိမ်ကြောက်ရွံ့ခြင်းမရှိကြရန် တိုက်တွန်းခဲ့သည်။
‘‘ကျွန်မငယ်ငယ်တုန်းက ကျွန်မဟာ သူများတွေ နဲ့ မတူဘူးလို့ အပြောခံရတယ်။ ကျွန်မသူများတွေနဲ့ အဆင်မပြေဖြစ်ခဲ့တယ်။ ဒါပေမဲ့နောက်ပိုင်းမှာ မတူကွဲပြားတာဟာ ကောင်းတယ် ဆိုတာ သဘောပေါက်လာခဲ့တယ်။ တစ်ယောက်ယောက်က မတူဘူးနော်လို့ ပြောလာရင် ပြုံးပြုံးလေးနဲ့ ခေါင်းမော့ထားပြီး ဂုဏ်ယူနေလိုက်ပါ’’ဟု ဂျိုလီက ပြောသည်။
ဂျိုလီသည် ကင်ဆာရောဂါ အန္တရာယ်လျှော့ချရန် မျှော်လင့်သည့်အနေဖြင့် ၎င်း၏ သားအိမ်နှင့် သားအိမ်ပြွန်များကို ဖယ်ရှားမှုခံယူခဲ့ကြောင်း ပြီးခဲ့သည့်ရက် အနည်းငယ်က ထုတ်ဖော်ပြော ကြားခဲ့သည်။
ယင်းဆုပေးပွဲတွင် The Hunger Games: Mockingjay-Part 1 ဇာတ်ကားသည် လူကြိုက်အများဆုံးရုပ်ရှင်ဇာတ်ကားဆုရရှိခဲ့ပြီး ယင်းဇာတ်ကားဖြင့် လီယန်ဟမ်းစ်ဝေါ့သ်က လူကြိုက်အများဆုံးအက်ရှင်သရုပ်ဆောင် မင်းသားဆုနှင့် ဂျနီဖာလောရင့်စ်က လူကြိုက်အများဆုံးအက်ရှင်သရုပ်ဆောင်မင်းသမီးဆုတို့ကို ဆွတ်ခူးရရှိခဲ့ သည်။ အမ်မာစတုန်းက The Amazing Spider-Man2 ဇာတ်ကားဖြင့် လူကြိုက် အများဆုံးရုပ်ရှင် သရုပ်ဆောင် မင်းသမီးဆု ဆွတ်ခူးရရှိခဲ့သည်။
—Ref: AP
Source:7daydaily.com
သုဘရာဇာကို တုန်လှုပ်သွားစေခဲ့တဲ့ သေရွာပြန် အမျိုးသမီး
လက်ရှိရည်းစားနဲ့ ရည်းစားဟောင်း နှစ်ဦးစလုံး မြစ်ထဲခုန်ချခဲ့တာကြောင့် ဘယ်သူ့ကယ်ရမှန်းမသိ အကျပ်ရိုက်ခဲ့တဲ့ အမျိုးသား
ဖက်ရှင်ကို အလွန်အမင်း အရေးပေးလာတဲ့ နယူးရော့ခ်ကို သရော်တဲ့အနေနဲ့ ကိုယ်တုံးလုံးပုံတွေချည်း ရိုက်ကူးထားတဲ့ ဓာတ်ပုံစာအုပ်တစ်အုပ် ထွက်ရှိ
ခေတ်စားနေတဲ့ စုံတွဲများ စုပေါင်း ကာမဆက်ဆံခြင်း
လက်တင်အမေရိကမှာ လူမြင်ကွင်း ကလေးနို့ရည်တိုက်ကျွေးခြင်း တားမြစ်ပါက ဒဏ်ငွေရိုက်မယ့်ဥပဒေပြဌာန်း
မကျွမ်းကျင်သေးတဲ့ လက်သည်းအလှပြုပြင်သူကြောင့် လက်သည်းခွံတွေ ဖယ်ရှားလိုက်ရတဲ့ မော်ဒယ်လ် အမျိုးသမီး
အတင်းဓမ္မပြုကျင့်ဖို့ ကြိုးစားသူရဲ့ တန်ဆာကို ပါးစပ်နဲ့ ကိုက်ဖြတ်
ထိုင်းနိုင်ငံမှာ “ရင်သားအောက်ပိုင်းတစ်ဝက်ပေါ် Selfie” ရိုက်တဲ့ အမျိုးသမီးတွေ ထောင်ဒဏ် (၅) နှစ်ကျခံရမယ်လို့ သိရ
ဈာပန အခမ်းအနားရောက်မှ အမေ မသေသေးတာ သိလိုက်ရတဲ့ သားသမီးများ
အိန္ဒိယနိုင်ငံမှာ နှလုံးက ခန္ဓာကိုယ်အပြင်ဘက် ငေါထွက်နေတဲ့ ကလေးမွေးဖွား
အမျိုးသားတွေကို စတာလင်ပေါင် ၃၅၀ ပေးပြီး သူမကို ကိုယ်ဝန်ရရှိအောင် ပြုလုပ်ပေးဖို့ ကမ်းလှမ်းခဲ့တဲ့ အမျိုးသမီး
အိမ်ဝယ်မယ်ဆိုရင်အိမ်ရှင်အမျို သမီးကသူ့ကိုအလကားရမယ်တဲ့
ချစ်တင်းနှီးနှောနေစဉ်လိင်အင်္ဂါကျိုးပျက်သွားတဲ့အမျိုးသား
၁၁နှစ်သားနဲ့ ၁၅နှစ်သမီးကိုသတ်ပြီးရေခဲသေတ္တာထဲထည့်သိမ်းထားတဲ့မိခင်ဖမ်းခံရ
မိဘနှစ်ပါးကိုချက်ပြုတ်စားသောက်တဲ့သားမိုက်
0 comments:
Post a Comment