အနုပညာသက်တမ်း ရှစ်နှစ်ပြည့်သွားတဲ့ KARA အဖွဲ့kara

 တောင်ကိုရီးယား မိန်း ကလေးအဆိုရှင်များအဖွဲ့ KARA သည် မတ်လ ၂၉ ရက်တွင် အနုပညာသက်တမ်းရှစ်နှစ်ပြည့် အထိမ်းအမှတ်ပွဲ ကျင်းပလျက်ရှိ သည်။ KARA အဖွဲ့အေဂျင်စီ DSP Media သည် KARA အဖွဲ့ အနုပညာသက်တမ်းရှစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် လက်ရှိ အဖွဲ့ဝင်များဖြစ်သော ပတ်ဂူရီ၊ ဟန်ဆောင်ယွန်း၊ ဂူဟာရာနှင့် ဟိုယောင်းဂျီတို့၏ ရုပ်ပုံများဖော် ပြပေးခဲ့သည်။
KARA အဖွဲ့ဝင် ဆောင် ယွန်းက နှစ်ပေါင်းရှစ်နှစ်တိုင် ၎င်းတို့အဖွဲ့ကို ချစ်ခင်အားပေးခဲ့ ကြသည့် ပရိသတ်များအား အထူး ကျေးဇူးတင်ကြောင်း  တွစ်တာ စာမျက်နှာမှတစ်ဆင့်ပြောကြား သည်။
KARA အဖွဲ့သည် ၂၀၀၇ တွင် The First Blooming စတူ ဒီယိုအယ်လ်ဘမ်ဖြင့် ကေပေါ့ပ် လောကသို့ စတင်ခြေချခဲ့သူဖြစ် သည်။ ထိုအချိန်တွင် ပတ်ဂူရီ၊ ဟန်ဆောင်ယွန်း၊ ကင်ဆောင်ဟီး နှင့် နီကိုးတို့ဖြင့် KARA အဖွဲ့ စတင်ပွဲထွက်ခဲ့ခြင်းဖြစ်သည်။
KARA လက်ရှိအဖွဲ့ဝင်များ ဖြစ်သော ပတ်ဂူရီ၊ ဟန်ဆောင် ယွန်း၊ ဂူဟာရာနှင့် ဟိုယောင်းဂျီ တို့သည် လာမည့်မေလတွင် ဂျပန်တေးအယ်လ်ဘမ်သစ်ထွက် ရှိရန် ပြင်ဆင်နေသည်။
—Ref: Koreaboo
Source:7daydaily.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment