ကျွန်တော်တို့က ရွေးချယ် ခံနေရတာပါ



ခိုင်ဇာသွင် 

            အကယ်ဒမီ သရုပ်ဆောင် တစ်ဦး ဖြစ်သည့် ၀ါရင့်သရုပ်ဆောင် မင်းဦးနှင့် တွေ့ဆုံ မေးမြန်း ထားသည်များကို ဖော်ပြလိုက်ပါသည်။
ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား ကားမှာ ကိုမင်းဦးက ဘယ်လို ဇာတ်ရုပ်မျိုးနဲ့ ပါဝင် သရုပ်ဆောင်မှာလည်း ဆိုတာ ပြောပြပေးပါဦး။
            ကျွန်တော်က ဒီရုပ်ရှင်ဇာတ်ကားမှာ ခပ်ကြမ်းကြမ်းပေါ့နော်။ ထောင်ထွက် တစ်ယောက်ပေါ့။ အဲဒီ ကာရိုက်တာကနေ လုပ်ရမှာပါ။ နာမည်ကတော့ သေတ္တာပါ။
ဒီရုပ်ရှင် ဇာတ်ကားကြီးမှာ ထူးထူးခြားခြား အနေနဲ့ ဦးကျော်သူ ပြန်ပါလာတယ်။ နောက်ပြီးတော့ ၀ါရင့် မင်းသားကြီးတွေ လေးယောက်ဆုံတဲ့ ကားလည်း ဖြစ်တော့ ကိုမင်းဦး ခံစားမိတဲ့ အကြောင်းလေးလည်း ပြောပေးပါဦး။
            ကျွန်တော် တကယ် ၀မ်းသာပါတယ်။ ကျွန်တော် ကိုရန်လေး (ရန်အောင်) နဲ့ ဆုံချင်ဆုံမယ်၊ ကိုရဲအောင်၊ ကိုကျော်သူနဲ့ ဆုံချင် ဆုံမယ်ပေါ့နော်။ ဒါပေမဲ့ ဒီလိုလေးယောက် အားလုံး ပြန်ဆုံရတာ ကတော့ တကယ့်ကိုလည်း ၀မ်းသာပါတယ်။
              ပျော်ပါတယ်။ အပြင်မှာလည်း ညီအစ်ကိုတွေလိုပါပဲ။ ကိုမောင် (ကျော်သူ) တို့ ဆိုတာလည်း ဟိုတုန်းကတည်းက အတူတူ ရိုက်လာတာ ကားတွေ အများကြီးပဲ ရိုက်ဖူးပါတယ်။ အခုလို ပြန်ဆုံရတယ်၊ ကိုမောင်လည်း ရုပ်ရှင် ပြန်ရိုက်လို့ ရတယ်ဆိုတော့ကို မောင့်အတွက်လည်း ၀မ်းသာပါတယ်။ ဒီလိုလူတွေ ပြန်ဆုံရတော့လည်း ၀မ်းသာပါတယ်။
အခုရိုက်တဲ့ ကားက ၀တ္ထုတုန်းက ပရိသတ်ကြိုက်ပြီး အရမ်းအောင်မြင်ခဲ့တဲ့ ဇာတ်လမ် ဆိုတော့ အခုရုပ်ရှင် အနေနဲ့ ဖန်တီးကြတဲ့ အခါ ကိုမင်းဦး ဒီကားအပေါ်မှာ ဘယ်လို မျှော်လင့်ထားလဲ။
            ဒီဇာတ်လမ်း ကလည်း ရေးခဲ့တာ ကြာပါပြီ၊ ဆရာကြီး မင်းသိင်္ခ ကလည်း မရှိတော့ဘူးပေါ့။ ဒါပေမဲ့လည်း သူရေးခဲ့တဲ့ ဇာတ်လမ်းက အခုခေတ် လက်ရှိဖြစ်နေတဲ့ ကာလရဲ့နိုင်ငံရေးနဲ့လည်း တော်တော်လေးကို ကိုက်ညီနေတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် လက်ရှိအခြေအနေကို ထင်ဟပ်နိုင်တုန်းပဲ ဆိုတော့ ဒီကားကိုလည်း စကားလုံးက အစ ကျေနပ်မှာပါ။ နဂိုကတည်း ကလည်း ဒီဇာတ်ကားကို ဦးကျော်ဟိန်းတို့ ရိုက်ခဲ့ဖူးတယ်။ အောင်လည်း အောင်မြင်တယ်။ ဒီကားကို ကျွန်တော်တို့ ပြန်ရိုက်ရတယ်။ အဲဒီတွက်ကို သူတို့ထက်ပိုပြီး ကျွန်တော်တို့ ကြိုးစားရမှာပါ။ ပရိသတ်လည်း သဘောကျမယ် ထင်ပါတယ်။
ဝတ္ထုထဲမှာ ရေးထားတဲ့ စာသားတွေက ဒဿနတွေ ပါတယ်။ ဒီလိုဒဿနတွေကို ရုပ်ရှင်အဖြစ် ဖန်တီးပြီး ပရိသတ်ကို ချပြရမှာဆိုတော့ နောက်ခံ ခေတ်ချင်း မတူတဲ့ အပေါ်မှာ ဘာတွေ ကွာခြား သွားနိုင်တယ်လို့ ထင်ပါသလဲ။
            ဒါကတော့ စာရေးဆရာရဲ့ အာဘော်ပေါ့နော်။ ၀တ္ထုထဲမှာလည်း ဒီလိုဒဿနတွေ ပါပါတယ်။ ဒါပေမဲ့လည်း ဒီဒဿနတွေ ကလည်း လက်ရှိ ကာလနဲ့ရော၊ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးနဲ့ရော တကယ့်ကို လက်ရှိ ဖြစ်နေလားလို့ အောက်မေ့ရတယ်။ ရေးထားတဲ့ ခေတ်အခြေအနေသာ ပြောင်းသွားတယ်။ ဒီထဲက ဒဿနတွေ အားလုံးဟာ ခေတ်အခြေအနေနဲ့ တကယ့်ကို ကိုက်ညီပါတယ်။
ကိုမင်းဦး အကယ်ဒမီရပြီး နောက်ပိုင်းမှာ မပြောင်းလဲဘူးလို့ ပြောထားတယ်ပေါ့နော်။ ဒါပေမဲ့လည်း အကယ်ဒမီ ရတယ် ဆိုတော့ တစ်ခုခုတော့ အပြောင်းအလဲ  ရှိနေမလား။
              ကျွန်တော့် ဘက်ကတော့ မပြောင်းလဲပါဘူး။ ဒါပေမဲ့ ကျွန်တော် အကယ်ဒမီ ရခဲ့တယ်ပေါ့နော်။ အကယ်ဒမီ အတွက်လည်း အခုချိန်ထိ အိပ်မက် တစ်ခုလိုပါပဲ။ ဘာလို့လဲ ဆိုတော့ ကိုယ်တကယ်ကို မျှော်မှန်းခဲ့တာ မဟုတ်ဘူးပေါ့။ ကျွန်တော့် အတွက်လည်း ပြောရရင် အကယ်ဒမီ ဆိုတာ မျှော်မှန်းရတာ နည်းနည်း ခက်ခဲပါတယ်။
             အခက်အခဲ ကြားထဲကနေ ကျွန်တော် အကယ်ဒမီ ရခဲ့တယ်။အခုချိန်ထိကို ကျွန်တော့် အတွက် အိပ်မက် တစ်ခုလိုပါပဲ။ အဲဒါကြောင့် ကျွန်တော် ရိုက်ရတာတွေ၊ လုပ်ရတာတွေ ပရိသတ် အပေါ်မှာထားတဲ့ ကျွန်တော့် အနုပညာ စေတနာပေါ့လေ၊ ဘာတစ်ခုမှ မပြောင်းလဲပါဘူး။ အရင်ကထက် စာရင်ကျွန်တော့်ကို ပရိသတ်က အသိမှတ်ပြုလာတယ်။
             အကယ်ဒမီ မင်းဦး အနေနဲ့ အသိမှတ် ပြုလာတယ်။ အဲဒီအတွက်လည်း သူတို့စေတနာတွေ၊ သူတို့ ကျွန်တော့် အပေါ်မှာ မျှော်လင့်ထားတာတွေ ရှိတော့ ပရိသတ် အတွက်ကို အခုထက်ပိုပြီးတော့ ကြိုးစားတယ်။ ဒီထက်လည်း ပိုပြီးတော့ ကြိုးစားဖို့ကျွန်တော့်မှာ ပိုပြီး တာဝန်ရှိတယ်လို့ ခံယူတယ်လေ။
ကိုမင်းဦး လက်ရှိ ရိုက်ဖြစ်နေတဲ့ ကာရိုက်တာ တွေထဲကနေ ဘယ်လို ကွဲထွက်အောင် ရိုက်ဖို့ ရှိဦးမလဲ။
            အဲဒါကတော့ ကျွန်တော်ကလည်း လုပ်ချင်ပါတယ်။ တကယ်ကိုပဲ ထူးခြားတဲ့ ကာရိုက်တာကို လုပ်ချင်တယ်။ ဒါပေမဲ့လည်း တစ်ခုပေါ့။ ကျွန်တော်တို့ ဘက်ကနေ ရွေးချယ် ပိုင်ခွင့်ထက် ကျွန်တော်တို့ကို ရွေးချယ်လာတာ ပိုများပါတယ်။ အဲအပေါ်မှာ အကောင်းဆုံး လုပ်ရတာ။ ကျွန်တော်တို့ ရွေးချယ်ပိုင်ခွင့် ရလာခဲ့ရင်တော့ ပုံစံတစ်မျိုးပေါ့။
           ဒါပေမဲ့ က၊ွန်တော်တို့က ရွေးချယ်ပိုင်ခွင့် မရှိဘူး။ ရွေးချယ် ခံနေရတာပါ။ ဥပမာ-မင်းကတော့ ဒီကာရိုက်တာနဲ့ လိုက်တယ်ကွာ။ လုပ်လိုက်ပါလို့ ရွေးချယ်ခံရတယ်။ အဲပေါ်မှာ ကျွန်တော်တို့က အတတ်နိုင်ဆုံးနဲ့ အကောင်းဆုံး ဖြစ်အောင် ကြိုးစားရတယ်။ ဒီထက်ဒီထက် ပိုပြီးတော့ ထူးခြားတဲ့ ကာရိုက်တာမျိုးတွေ သရုပ်ဆောင်ရအောင် ကျွန်တော်လည်း အမြဲကြိုးစားနေရမှာ။ ဒီထဲမှာ ကျွန်တော် လုပ်နေရတဲ့ ကာရိုက်တာတွေ အပေါ်မှာ အ၀တ်အစား၊ သရုပ်ဆောင် ပုံစံတွေ အစ မတူအောင် ကွဲပြားအောင် ကျွန်တော်လည်း လုပ်ဆောင် နေရဦးမှာပါ။
တချို့ မင်းသားတွေ ကျတော့ ကိုယ်တိုင် ကာရိုက်တာကို ရွေးချယ်နိုင်ဖို့ ကြိုးစားနေကြပြီ ဆိုတော့ ကိုမင်းဦးကရော ဘယ်လောက် ရွေးချယ်နိုင်မလဲ။
            အမြန်ဆုံး ရောက်ချင်ပါတယ်။ ဖြစ်နိုင်ရင်တောင် မနက်ဖြန်တောင် ရောက်ချင်ပါတယ်။ အဲဒီအတွက် ကိုလည်း ကျွန်တော် အမြဲ ကြိုးစားတယ်။ အဲလို ရွေးချယ်ခွင့်ရအောင် ကိုယ့်ရင်ထဲမှာ အမြဲရှိပါတယ်။ တစ်ချိန်တော့ ကိုယ့်ရဲ့ ကြိုးစားမှုတွေကို အသိမှတ် ပြုလာမှာပဲ။ အသိမှတ်ပြုလာရင် ကျွန်တော့်မှာ ရွေးချယ် ခွင့်ရမယ်လို့ကျွန်တော် ယုံကြည်ပါတယ်။
ဖြတ်သန်းလာတဲ့ အနုပညာ သက်တမ်း တစ်လျှောက်မှာ ဘယ်အနုပညာ ဖန်တီးမှုက အမြဲ အမှတ်တရ ဖြစ်နေမလဲ။
            ကျွန်တော် အကယ်ဒမီရခဲ့တဲ့ “နင်စေရင်” ရုပ်ရှင် ဇာတ်ကားပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော် ဘယ်လိုပဲ သရုပ်ဆောင်ခဲ့ရ သရုပ်ဆောင်ခဲ့ ရပေါ့နော်။ ဒီဟာကို အားလုံးက အကယ်ဒမီကို ပေးတဲ့သူ ရွေးတဲ့သူရော၊ အကယ်ဒမီ ရသင့်တယ်လို့ ဆုံးဖြတ်ပေးခဲ့တဲ့ ပရိသတ်ကြီးရော ကျေနပ်လို့ ကျွန်တော်ရခဲ့တဲ့ အတွက် ကျွန်တော့် အတွက်တော့ “နင်စေရင်” ဇာတ်ကား ကတော့ ကျွန်တော့် အနုပညာ သက်တမ်း တစ်လျှောက်မှာ တကယ့်ကို အမှတ်တရပါပဲ။
            ကျွန်တော့် အနုပညာ အတွက် အပျော်ဆုံးပါပဲ။ ကျွန်တော့် အနုပညာ ဖြတ်သန်းမှု ဘ၀မှာ အမှတ်တရပါပဲ။ ကျွန်တော့် အတွက်လည်း အိပ်မက် တစ်ခုလို အခုချိန်ထိ ခံစားနေရတုန်းပါပဲ။
ဒီနှစ်ထဲမှာရော ကိုမင်းဦး ဘယ်လို ဇာတ်လမ်းတွေ ရိုက်ဖို့ရှိသေးလဲ။
            က၊ွန်တော် ဇာတ်ကားတွေ ရိုက်ဖို့ ရှိပါတယ်။ ကာရိုက်တာ ကတော့ အစုံပါပဲ။ ဟာသလည်း ပါတယ်။ ခပ်ကြမ်းကြမ်းတွေလည်း ပါတယ်။ပျော်စရာ ကောင်းတာတွေလည်း ပါတယ်။ ကျွန်တော့် တို့ကတော့ စောစောက ပြောသလို ရွေးချယ်ခံရတဲ့ ဘ၀ပေါ့နော်။ အဲဒီတွက်ကို ကျွန်တော့် တို့ဘက်က ရွေးချယ် ခံရပေမယ့်လည်း အကောင်းဆုံး ဖြစ်အောင်လို့ လုပ်သွားမှာပါ။ ကျွန်တော်တို့က ဘယ်နေရာက သရုပ်ဆောင်ရ သရုပ်ဆောင်ရပါ၊ အကောင်းဆုံး ဖြစ်အောင်တော့ ပရိသတ် အတွက် လုပ်ဆောင် နေပါတယ်။

Source:http://www.messengernewsjournal.com/entertainment/detail.php?id=34352



  • သုဘရာဇာကို တုန်လှုပ်သွားစေခဲ့တဲ့ သေရွာပြန် အမျိုးသမီး
  • လက်ရှိရည်းစားနဲ့ ရည်းစားဟောင်း နှစ်ဦးစလုံး မြစ်ထဲခုန်ချခဲ့တာကြောင့် ဘယ်သူ့ကယ်ရမှန်းမသိ အကျပ်ရိုက်ခဲ့တဲ့ အမျိုးသား
  • ဖက်ရှင်ကို အလွန်အမင်း အရေးပေးလာတဲ့ နယူးရော့ခ်ကို သရော်တဲ့အနေနဲ့ ကိုယ်တုံးလုံးပုံတွေချည်း ရိုက်ကူးထားတဲ့ ဓာတ်ပုံစာအုပ်တစ်အုပ် ထွက်ရှိ
  • ခေတ်စားနေတဲ့ စုံတွဲများ စုပေါင်း ကာမဆက်ဆံခြင်း
  • လက်တင်အမေရိကမှာ လူမြင်ကွင်း ကလေးနို့ရည်တိုက်ကျွေးခြင်း တားမြစ်ပါက ဒဏ်ငွေရိုက်မယ့်ဥပဒေပြဌာန်း
  • မကျွမ်းကျင်သေးတဲ့ လက်သည်းအလှပြုပြင်သူကြောင့် လက်သည်းခွံတွေ ဖယ်ရှားလိုက်ရတဲ့ မော်ဒယ်လ် အမျိုးသမီး
  • အတင်းဓမ္မပြုကျင့်ဖို့ ကြိုးစားသူရဲ့ တန်ဆာကို ပါးစပ်နဲ့ ကိုက်ဖြတ်
  • ထိုင်းနိုင်ငံမှာ “ရင်သားအောက်ပိုင်းတစ်ဝက်ပေါ် Selfie” ရိုက်တဲ့ အမျိုးသမီးတွေ ထောင်ဒဏ် (၅) နှစ်ကျခံရမယ်လို့ သိရ
  • ဈာပန အခမ်းအနားရောက်မှ အမေ မသေသေးတာ သိလိုက်ရတဲ့ သားသမီးများ
  • အိန္ဒိယနိုင်ငံမှာ နှလုံးက ခန္ဓာကိုယ်အပြင်ဘက် ငေါထွက်နေတဲ့ ကလေးမွေးဖွား
  • အမျိုးသားတွေကို စတာလင်ပေါင် ၃၅၀ ပေးပြီး သူမကို ကိုယ်ဝန်ရရှိအောင် ပြုလုပ်ပေးဖို့ ကမ်းလှမ်းခဲ့တဲ့ အမျိုးသမီး
  • အိမ်ဝယ်မယ်ဆိုရင်အိမ်ရှင်အမျို သမီးကသူ့ကိုအလကားရမယ်တဲ့
  • ချစ်တင်းနှီးနှောနေစဉ်လိင်အင်္ဂါကျိုးပျက်သွားတဲ့အမျိုးသား
  • ၁၁နှစ်သားနဲ့ ၁၅နှစ်သမီးကိုသတ်ပြီးရေခဲသေတ္တာထဲထည့်သိမ်းထားတဲ့မိခင်ဖမ်းခံရ
  • မိဘနှစ်ပါးကိုချက်ပြုတ်စားသောက်တဲ့သားမိုက်

  • Share on Google Plus

    About Editor

    This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
      Blogger Comment
      Facebook Comment

    0 comments:

    Post a Comment